By 7daydaily, Shweproperty.com
Updated at 22 September 2015
နိုင်ငံခြားငွေလဲနှုန်းသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ထက် ပြင်ပဈေးကွက်တွင် ပြန် လည်ကျဆင်းလာကြောင်း သ တင်းရရှိသည်။
စက်တင်ဘာ ၂၁ ရက်နံနက် တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ် လာလျှင် ၁,၂၉၁ ကျပ်ခန့်မှညနေ ဈေးပိတ်ချိန်၌ ၁,၂၈၇ ကျပ်သို့ ကျဆင်းလာသည်။
‘‘အရောင်းအဝယ်က အေး တယ်။ ဝယ်သူမရှိတော့ ဈေးခေါ် ကြည့်ပြီး ပြန်ချရတာပဲ’’ဟု ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ပြင်ပငွေလဲသူ တစ်ဦးက ပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းတွင် ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို ဆက်တိုက်မြှင့်တင်မှုကြောင့် ပြင် ပဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဗဟို ဘဏ်က ပိတ်ရက်နောက်ဆုံးနေ့ စက်တင်ဘာ ၁၈ ရက်တွင် ပြင်ပ ဈေးကွက်၌ ၁,၃၀၂ ကျပ်အထိ ဈေးမြင့်ခဲ့သည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပုဂ္ဂလိက ဘဏ်များအား ရောင်းချသည့် ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ် လာလျှင် ရှစ်ကျပ် ဈေးမြှင့်တင်ခဲ့ သည်။ စက်တင်ဘာ ၁၄ ရက်တွင် ဗဟိုဘဏ်က ရည်ညွှန်း ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၄ ကျပ် သတ်မှတ်ရာမှ စက်တင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၉၂ ကျပ်သို့မြှင့်တင်လာသည်။ ဗဟိုဘဏ်က ငွေလဲနှုန်းမြှင့်တင်မှု ကြောင့် စက်တင်ဘာ ၁၈ ရက် တွင် ပုဂ္ဂလိကဘဏ်များက အမေ ရိကန်တစ်ဒေါ်လာလျှင် ၁,၃၀၂ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့သည်။
ငွေလဲနှုန်း မတည်ငြိမ်မှု သည် ပြည်တွင်း စီးပွားရေးလုပ် ငန်းများအတွက် အခက်အခဲဖြစ် စေပြီး ငွေလဲနှုန်းတည်ငြိမ်ရန် အ စိုးရအနေဖြင့် ထိန်းပေးရေးလိုအပ် ကြောင်း ကုန်သည်စက်မှုအသင်း ချုပ် ဒုဥက္ကဋ္ဌ တစ်ဦးက ပြော သည်။ နိုင်ငံခြားလုပ်ငန်းရှင်များ သည် ပြည်တွင်း၌ ငွေလဲနှုန်း မြင့် တက်နေသဖြင့် ရင်းနှီးမြှုပ်နှံလုပ် ကိုင်ရန် အခက်အခဲ ဖြစ်နေပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့် တက်မှုနှင့်အတူ နိုင်ငံတကာတွင် ငွေတန်ဖိုးများ ကျဆင်းနေသည်။ မြန်မာနိုင်ငံ၌ ငွေတန်ဖိုးကျဆင်း မှုသည် အခြားသော နိုင်ငံများ ထက် ပိုမိုများပြားနေ၍နိုင်ငံခြား သားလုပ်ငန်းရှင်များက စိုးရိမ်နေ ကြသည်ဟု ၎င်းက ပြောသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties