By Sint Sint, Shweproperty.com
Updated at 19 September 2020
ကိုဗစ် ဒုတိယလှိုင်းတွင် သိန်းရာချီတန်သည့် ပါမစ်မြေများ သိန်းလေး၊ငါးဆယ်ဖြင့် အရောင်းဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အရောင်းအဝယ် ဝန်ဆောင်မှုအသင်းဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။
အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၈ရက်ဆက်သွယ်မေးမြန်းရာတွင် မြန်မာနိုင်ငံ အိမ်ခြံမြေအရောင်းအဝယ် ဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောကြားခဲ့ခြင်းဖြစ်သည်။
"ကိုဗစ်ဒုတိယလှိုင်းမှာလည်း အိမ်ခြံမြေဈေးကွက်က ၉၀ရာခိုင်နှုန်းလောက် ထိခိုက်မှုရှိတာပေါ့။ပြီးခဲ့တဲ့ အောက်တိုဘာက ဖြေလျှော့တဲ့အခွန်နှုန်းထားတွေကြောင့် အရောင်းအဝယ်ဖြစ်မယ်ကြံတုန်းကိုဗစ်ကဝင်လာတော့ အရောင်းအဝယ်တွေကမကောင်းပြန်ဘူး။နောက်တစ်ခါ ဇွန်၊ဇူလိုင်လောက်မှာ အရောင်းအဝယ်ပြန်ဖြစ်မယ်လုပ်တော့ တစ်ခါပြန်ဖြစ်တော့အရောင်းအဝယ်ကမကောင်းပြန်ဘူး။အဲဒီတော့ ပြောချင်တာကတော့ အရောင်းအဝယ်မဖြစ်တာလေးငါးနှစ်လောက်အေးနေရာကနေအရောင်းအဝယ်ဖြစ်လာတဲ့အခါ အခုအခါ ဒီကာလမှာ အောက်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ကြတယ်။ပါမစ်မြေများတယ်။ ဟိုးအရင် ငါးနှစ် ခြောက်နှစ်လောက်က တစ်ရာလောက်ရှိတဲ့ မြေကွက်တွေဟာ အခုချိန်မှာ လေးဆယ်၊ငါးဆယ်၊ခြောက်ဆယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်ကြတယ်။နေရာကောင်းတဲ့ နေရာလောက်မှ ခုနစ်ဆယ်၊ရှစ်ဆယ်ရတယ်''ဟု ၎င်းကပြောသည်။
အဆိုပါ အရောင်းအဝယ် ဖြစ်သည့် ပါမစ်မြေနေရာများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊မြောက်ပိုင်း မြို့နယ်များဖြစ်ကြောင်းသိရသည်။
"သြဂုတ်လ ၁၆ရက် လောက်က ကိုဗစ် ဒုတိယလှိုင်းဝင်တဲ့ စက်တင်ဘာလဆန်းလောက်မှာ အရောင်းအဝယ်တွေကျဆင်းတယ်။လမ်းတွေပိတ်တာဆို့တာ တွေ ပြန်ဖွင့်မှ နည်းနည်းအရောင်းအဝယ်ပြန်ဖြစ်တာပေါ့။ဈေးတွေကတော့ ကိုဗစ်ကာလဆိုတော့ ဝယ်တဲ့သူကလည်းအောက်ဈေးနဲ့ပဲရတော့ဝယ်ချင်တယ်။ ရောင်းတဲ့သူကလည်း စားဝတ်နေရေး ကိစ္စတွေရှိတော့ ရောင်းချင်ကြတယ်။ ပါမစ်မြေကလည်းအလုပ်သိပ်မရှုပ်တော့လေ။ ဝယ်ကြတယ်''ဟု ၎င်းကပြောသည်။
ပါမစ်မြေများကိုဝယ်ယူရာတွင် အရပ်စာချုပ်နှင့်သာဝယ်ယူမှုတို့ရှိပြီး နေရာကောင်းသည့်နေရာများတွင် ပေ၄၀ပေ၆၀တစ်ကွက်လျှင် သိန်းထောင်ချီပေါက်ဈေးထိရှိကြောင်းသိရသည်။
Credit : Nay Kyaw (Myanmar Harp)
Photo Credit : immobilien
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties