By Shwe Kyaw, Shweproperty.com
Updated at 12 May 2020
COVID-19 နှင့် အနာဂတ် အိမ်ခြံမြေဈေးကွက်အလားအလာ အွန်လိုင်းတိုက်ရိုက်ဆွေးနွေးပွဲကို မေလ (၂၁) ရက်နေ့တွင် Shweproperty.com ကကြီးမှူးကျင်းပမည်ဖြစ်သည်။
မြန်မာ့အိမ်ခြံမြေဈေးကွက် အပေါ် သက်ရောက်လာမည့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် ဘာတွေပြင်ဆင်ထား သင့်သည့်အချက်များ ၊ ဘယ်လိုမဟာဗျူဟာအသစ်တွေ ချမှတ်သင့်လဲဆိုသည့် အကြောင်းအရာများကို
Shweproperty.com မှ ဦးကောင်းသူဝင်း (Founder & Director) ၊ Loi Kham Residential Complex မှ ဦးလင်းထွန် (Sales & Marketing Director) ၊ Dagon Thiri Co., Ltd မှ ဦးသက်ကိုကို (Managing Director) နှင့် Loi Seng Kham Co., Ltd မှ ဦးစိုင်းခွန်နော် (Business Development Director) တို့က ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင်
● COVID-19 နှင့် လက်ရှိအိမ်ခြံမြေဈေးကွက်အခြေအနေ
● COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် အိမ်ခြံမြေလုပ်ငန်းများအတွက် စိန်ခေါ်မှုများ
● COVID-19 ကာလအတွင်းနှင့် COVID-19 အလွန်ကာလတွင် မဖြစ်မနေ ပြောင်းလဲသွားမည့် လုပ်ငန်းစီမံခန့်ခွဲမှု ပုံသဏ္ဍာန်များ
● ဝယ်ယူသူများ၏ အမြင် သဘောထားပြောင်းလဲသွားမှုများ (Consumer Changes) အပေါ်တုန့်ပြန် ဆောင်ရွက်ခြင်း
● လုပ်ငန်းကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် အသုံးပြုနိုင်သည့် IT အခြေခံနည်းပညာများ
● COVID-19 အလွန်ဖြစ်ပေါ်လာမည့် အိမ်ခြံမြေဈေးကွက်ပုံစံသစ်စသည့်အကြောင်းအရာများကို လည်း မနက် (၁၀) မှာ နေ့လည် (၁၂) နာရီ အထိ ဆွေးနွေးပွဲတွင်ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။
စိတ်၀င်စားသူများ ဒီလင့်မှာ https://www.shweproperty.com/webinar ၀င်ရောက်စာရင်းပေးသွင်းနိုင်ပါတယ်
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties