By Sint Sint, Shweproperty.com
Updated at 24 September 2020
Unicode Version
ကိုဗစ်၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အဆောင်၊အိမ်တွေကိုပြန်ဖို့ခက်ခဲနေသူတွေအတွက် နေစရာပြင့ဆင်ပေးထားတယ်လို့ ဆေးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ကပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက Postive လူနာတွေနဲ့ အနီးကပ်ထိတွေ့ကုသခဲ့ရပြီး တာဝန်ပြီးချိန်မှာ အိမ်ပြန်ဖို့ခက်ခဲတာကြောင့် ဆေးတက္ကသိုလ်ထဲက အဆောင်သစ်မှာ အခန်းတွေပြင်ဆင်ပေးထားတယ်လို့ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကပြောပါတယ်။ သူက"ပထမတစ်ကြိမ်မှာတည်းက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆေးရုံတွေကနေအဆောင်ပြန်လာဖို့ လက်မခံတာတွေကြုံခဲ့ရတယ်။ အဲဒါကြောင့် သူတို့ကို ပခမတစ်ကြိမ်ကလည်းဒီမှာထားတယ်။ ခုတစ်ကြိမ်လည်း သူတို့အတွက် နေရာထပ်ပြင်ပေးထားပါတယ်"လို့ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံကနေ ဂျူတီပြီးချိန်မှာ နေစရာအခက်အခဲရှိတဲ့အတွက်တိုင်းဒေသကြီးအစိုးရက နေရာစီစဉ်ပေးဖို့ ဆေးတက္ကသိုလ်(မန္တလေး)နဲ့ သူနာပြုတက္ကသိုလ်တို့ကိုအကူအညီတောင်းခဲ့တယ်လို့လည်းပြောပါတယ်။ တာဝန်ပြီးတဲ့ဝန်ထမ်းတွေအနေနဲ့ စိတ်ချရတဲ့အထိ နေပြီးမှ အိမ်ပြန်နိုင်တယ်လို့ သိရပါတယ်။
" ဆေးရုံမှာသူတို့၇ ရက် ဂျူတီကျတယ်။ အဲဒီရက်မှာလည်းဒီမှာလာနေ။ ဂျူတီပြီးရင်လည်း ဒီမှာ၇ ရက်နေပေါ့။ အဲလိုနေလို့ စိတ်ချရပြီဆိုမှ သူတို့နေရာတွေကိုပြန်လို့ရတယ်"လို့ ဒေါက်တာခင်မောင်လွင်ကပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်၁၉ ကူးစက်မှုတွေ များပြားလာပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ ပိုးတွေ့လူနာအရေအတွက် ၁၇၆ဦးထိရှိလာပါတယ်။
Credit : Kumudra
Photo Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Zawgyi Version
ကိုဗစ္၁၉ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ အေဆာင္၊အိမ္ေတြကိုျပန္ဖို႔ခက္ခဲေနသူေတြအတြက္ ေနစရာျပင့ဆင္ေပးထားတယ္လို႔ ေဆးတကၠသိုလ္(မႏၲေလး)ပါေမာကၡခ်ဳပ္ကေျပာပါတယ္။
က်န္းမာေရးဝန္ထမ္းေတြက Postive လူနာေတြနဲ႔ အနီးကပ္ထိေတြ႕ကုသခဲ့ရၿပီး တာဝန္ၿပီးခ်ိန္မွာ အိမ္ျပန္ဖို႔ခက္ခဲတာေၾကာင့္ ေဆးတကၠသိုလ္ထဲက အေဆာင္သစ္မွာ အခန္းေတြျပင္ဆင္ေပးထားတယ္လို႔ ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေမာင္လြင္ကေျပာပါတယ္။ သူက"ပထမတစ္ႀကိမ္မွာတည္းက က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ေဆး႐ုံေတြကေနအေဆာင္ျပန္လာဖို႔ လက္မခံတာေတြႀကဳံခဲ့ရတယ္။ အဲဒါေၾကာင့္ သူတို႔ကို ပခမတစ္ႀကိမ္ကလည္းဒီမွာထားတယ္။ ခုတစ္ႀကိမ္လည္း သူတို႔အတြက္ ေနရာထပ္ျပင္ေပးထားပါတယ္"လို႔ေျပာပါတယ္။
က်န္းမာေရးဝန္ထမ္းေတြက ေဆး႐ုံကေန ဂ်ဴတီၿပီးခ်ိန္မွာ ေနစရာအခက္အခဲရွိတဲ့အတြက္တိုင္းေဒသႀကီးအစိုးရက ေနရာစီစဥ္ေပးဖို႔ ေဆးတကၠသိုလ္(မႏၲေလး)နဲ႔ သူနာျပဳတကၠသိုလ္တို႔ကိုအကူအညီေတာင္းခဲ့တယ္လို႔လည္းေျပာပါတယ္။ တာဝန္ၿပီးတဲ့ဝန္ထမ္းေတြအေနနဲ႔ စိတ္ခ်ရတဲ့အထိ ေနၿပီးမွ အိမ္ျပန္ႏိုင္တယ္လို႔ သိရပါတယ္။
" ေဆး႐ုံမွာသူတို႔၇ ရက္ ဂ်ဴတီက်တယ္။ အဲဒီရက္မွာလည္းဒီမွာလာေန။ ဂ်ဴတီၿပီးရင္လည္း ဒီမွာ၇ ရက္ေနေပါ့။ အဲလိုေနလို႔ စိတ္ခ်ရၿပီဆိုမွ သူတို႔ေနရာေတြကိုျပန္လို႔ရတယ္"လို႔ ေဒါက္တာခင္ေမာင္လြင္ကေျပာပါတယ္။ မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ ကိုဗစ္၁၉ ကူးစက္မႈေတြ မ်ားျပားလာၿပီး စက္တင္ဘာလ ၂၂ ရက္ေန႔အထိ ပိုးေတြ႕လူနာအေရအတြက္ ၁၇၆ဦးထိရွိလာပါတယ္။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties