By Sint Sint, Shweproperty.com
Updated at 20 December 2020
လှည်းကူးမြို့နယ် ညောင်နှစ်ပင်စခန်းဧရိယာ ၅၅၅ ဧကတွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်မှ အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံ၌ ကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော် (Korea Myanmar Industrial Complex - KMIC) အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများ၊ COVID-19 ဆိုင်ရာ ကန့်သန့်ချက်နှင့် စိန်ခေါ်မှုများကြားမှ မြန်မာနိုင်ငံ၌ KMIC ကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ကိုဆောက်လုပ်ရေးဝန်ကြီးဌာန (မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန) နှင့် Korea Land & Housing Corporation တို့မှ ပူးပေါင်းဆောင်ရွက်လျက်သည်။ ထိုစီမံကိန်းကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀၀၀၀ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်၍ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစီမံကိန်းအား အပိုင်းနှစ်ပိုင်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၁) အား မြေအကျယ်ဝန်း ဧက ၃၁၄ ဒသမ ၆၉ ဧကပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၂) အား မြေဧက ၂၄၁ ဒသမ ၁၂ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။ စီမံကိန်းမှာ မြန်မာအစိုးရနှင့် တောင်ကိုရီးယား အစိုးရတို့အကြား သဘောတူညီမှုနဲ့ မြန်မာနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံ၏ပထမဆုံး စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။ညောင်နှစ်ပင် စီမံကိန်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တောင်ကိုရီးယားအစိုးရပိုင် LH (Land and Housing) တို့က ၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံပိုင်ဂျယ်ဂျူးကျွန်းမှာ လက်မှတ်ရေးထိုး ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကိုရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို ငါးနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ခန့်ကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် တောင်ကိုရီးယားနိုင်ငံက ရာခိုင်နှုန်း ၆၀ နှင့် မြန်မာနိုင်ငံဘက်က ရာခိုင်နှုန်း ၄၀ ပါဝင်မည်ဖြစ်သည်။အမှန်တော့ ညောင်နှစ်ပင် ကိုရီးယား-မြန်မာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းသည် ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်မည့် မြို့ပြဆိုင်ရာ မီဂါပရောဂျက်ဟု ခေါ်သော မီဂါပရောဂျက် (MEGA Project) သုံးခုထဲတွင် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် မြို့ပြဆိုင်ရာ မီဂါပရောဂျက်လေးခု အကောင်အထည်ဖော်မည်စီစဉ်ထားကြသည်။
ရန်ကုန်တိုင်းတွင် သုံးခု၊ မန္တလေးတိုင်းတွင် တစ်ခုတို့ဖြစ်ပါတယ်။ မီဂါပရောဂျက်ဆိုသည်မှာ စက်မှုဇုန်နှင့်မြို့ပြအိမ်ရာများ၊ စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းထားသော စက်မှုဥယျာဉ်မြို့တော်စီမံကိန်းမျိုးပင် ဖြစ်ပါတယ်။ မြို့ပြတစ်ခုတည်ဆောက်ခြင်း၊ စက်မှုကုန်ထုတ်လုပ်မှု စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရပ်ဝန်းတစ်ခုဖော်ဆောင်ခြင်း၊ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုဇုန်တစ်ခုအကောင်အထည်ဖော်ခြင်း စသည်တို့ အကျုံးဝင်မှာလည်း ဖြစ်ပါတယ်။ကိုရီးယားနှင့် မြန်မာကုန်သွယ်မှုသည် ယခုဘဏ္ဍာနှစ်များအတွင်း တိုးတက်မြင့်မားလာလျက်ရှိသည် သိရ၏။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ အောက် တိုဘာမှ ၂၀၁၉ ဇန်နဝါရီအထိ ကိုရီးယားသို့ မြန်မာ့ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၆၄ ဒသမ ၅၄ သန်းရှိပြီး ကိုရီးယားမှ မြန်မာသို့ ဒေါ်လာ ၁၅၂ ဒသမ ၂၂ သန်းဖိုး တင်သွင်းခဲ့သည်။
စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁၆ ဒသမ ၇၆ သန်းဖိုးရှိသည်။ ယခင်ဘဏ္ဍာနှစ် ထက် ၃၅ ဒသမ ၉၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည် ။ မြန်မာနိုင်ငံကကိုရီးယားသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ရော်ဘာစိမ်း၊ ပဲ၊ နှမ်း စသည်တို့ အများဆုံး တင်ပို့သည်။ ကိုရီးယားမှ စက်နှင့် စက်ပစ္စည်း၊ သတ္တုနှင့် လျှပ်စစ်ပစ်္စည်း၊ သယ်ယူပို့ဆောင်ရေး ပစ္စည်းများ တင်သွင်းသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC စာရင်းဇယားများအရ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံသောနိုင်ငံပေါင်း ၄၉ နိုင်ငံတွင် ကိုရီးယားရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၆)တွင် ရပ်တည်နေသည်။ ၂၀၁၉ ဧပြီအထိကိုရီးယားနိုင်ငံမှ လုပ်ငန်းပေါင်း ၁၇၀ ကျော်လာရောက်ရင်းနှီးမြှုပ်နှံနေကြပြီး ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးအထိ ရှိနေသည်။ အများဆုံး ရင်းနှီးမြှုပ်နှံမှုက ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ဖြစ်သည်ဟု သိရသည်။
လှည်းကူးမြို့ ညောင်နှစ်ပင် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက် မည့် ကုမ္ပဏီကိုလည်းဖွဲ့စည်းထားပြီးပြီဖြစ်သည်။ KMIC Development Co.,Ltd ဟု အမည်ရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ KLHC (Korean Land and Housing Corporation) တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယားမြေယာနှင့် အိမ်ရာကော်ပိုရေးရှင်း KLHC တို့ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်ကို ၂၀၁၉ သြဂုတ် ၇ ရက်တွင် လက်မှတ်ရေးထိုးကြသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ယခုလှည်းကူးညောင်နှစ်ပင် ကိုရီးယား-မြန်မာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းသည် ကိုရီးယား SME များ လာ ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုတင်ပြင်ဆင်ခြင်းလိုက ယူဆလို့ရပါတယ်။ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ စက်မှုဇုန်များတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် အတွက်လည်း နေရာမရှိတော့ပြီ။ ဒါကြောင့် ကိုရီးယားတို့ သီးသန့်စက်မှုဇုန်၊ သီးသန့်မြေနေရာ၊ သီးသန့်ဥယျာဉ်မြို့ပြ တစ်ခုအတွက်လုပ်ကိုင်ခြင်းလို ့ထင်ပါတယ်။ကိုရီးယား KLHC ကော်ပိုရေးရှင်းက မြန်မာနှင့် ဖက်စပ်လုပ်ကိုင်မည်ဆိုကတည်းက ပေါ်ပေါက်လာမည့် စက်မှုဇုန်ရပ်ဝန်းသည် ကိုရီးယားအသေး စား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက်ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းများ
ဂျပန်ကဘူတာရုံလို့ထင်မှတ်မှားလောက်တဲ့ ဖြူးဘူတာရုံ အသစ်တည်ဆောက်ပြီးတော့မယ်
ဒလတံတားစီမံကိန်းကြောင့် အိမ်ခြံမြေဈေး မြို့တွင်းတွင်သိန်းငါးထောင်ထိမြင့်တက်
အငြိမ်းစား ဝန်ထမ်းအိမ်ရာတိုက်ခန်းများ အများပြည်သူကိုပါ ရောင်းပေးမည်
ဒဂုံအရှေ့မြို့နယ်ရှိ လယ်မြေတွင် ဆေးရုံတစ်ရုံ ဆောက်လုပ်မည်
Written By : Khine Zar (ShweProperty.com)
Photo Credit : Botauk
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties