“Yangon Amata Smart and Eco City စီမံကိန်းပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။


Amata Smart and Eco Cityသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀ ရာခိုင်နှုန်းနှင့် Amata Asia (Myanmar) Limited က ၈၀ ရာခိုင်နှုန်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။





စီမံကိန်းဧရိယာဖြစ်သည့် ဧက ၂၀၀၀ တွင်လူနေအိမ်ရာများ၊ရုံးခန်းများနှင့် စက်မှုဇုန်များတည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ကာ စီမံကိန်းပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 
Amata Smart and Eco City သည်စီမံကိန်းရေရှည်တည်တံ့မှု ရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန် အခြေခံပြီးသင့်လျော်သည့် မြို့ပြ ဒီဇိုင်းတို့ကိုထည့်သွင်းရေးဆွဲထားသည့် စက်မှုဇုန် စီမံကိန်းတစ်ခုလည်းဖြစ်သည်။





Yangon Amata Smart and Eco City စီမံကိန်းပန္နက်တင် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ဒီဇင်ဘာ၂၇ရက်ကျင်းပခဲ့သည်။


နောက်ဆုံးရ သတင်းများ


ကျုံစုတ်ကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း ပြီးစီး


လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခြင်း ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခြင်းခံရမည်


ကိုရီးယား မြန်မာ စက်မှုဇုန်ရဲ့ စီးပွားရေးကဘယ်လောက်ထိသွားမလဲ


ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း


Credit : Tharaye
Posted By : Sint Sint (ShweProperty.com)