By ဝိုင်းနန္ဒီ (ShweProperty.com), Shweproperty.com
Updated at 8 August 2019
ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်မှ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မသန်စွမ်းသူများလွယ်ကူစွာ သွားလာနေထိုင် အသုံးပြုနိုင်ရေး နဲ့ သဘာဝဘေးကြောင့် ဖြစ်ပေါ်လာတဲ့ နေရာတွေမှာ မသန်စွမ်းသူကို ဦးစားပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးတွေနဲ့ ဘေးအန္တရာယ်ကင်း လုံခြုံရေးအတွက် မူဝါဒများ ချမှတ်လုပ်ဆောင်သွားဖို့ရှိမရှိ စပ်လျဉ်းတဲ့ မေးခွန်းများကို ဒီကနေ့ ဧပြီလ(၈)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
“နိုင်ငံရဲ့ လူသွားလမ်းပလက်ဖောင်းတွေ ရထားတွေ၊ ဘတ်စ်ကားတွေ၊ အများသုံးအဆောက်အဦးတွေနဲ့ လူကူး ကုန်းကျော်တံတားတွေထားရှိတဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ထားရှိတဲ့ ပုံစံဒီဇိုင်းတွေကို လေ့လာကြည့်တဲ့အခါမှာ နေရာတော်တော်များများမှာ မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုအခြေအနေတွေဟာ မသန်းစွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို အတားအဆီးတွေ ဖြစ်နေတာကြောင့် မသန်စွမ်းသူတွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အခွင့်အရေးနည်းပါးကြောင်း၊ မသန်စွမ်းသူများအတွက် ရေးဆွဲထားတဲ့ ဥပဒေ အခန်း(၂) ရည်ရွယ်ချက်မှာပါဝင်တဲ့ အပိုင်း ၃(ဃ)အရ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ပြည်သူ့ရေးရာ စတဲ့နယ်ပယ်အသီးသီးမှာ အခြားသူတွေနဲ့ တန်းတူလူမှုအဖွဲ့အစည်းတွင် ပူးပေါင်းပါဝင်ဆိုတဲ့ ဥပဒေကို ဥပေက္ခာပြုရာရောက်တဲ့အတွက် မသန်စွမ်းသူတွေအတွက် မူဝါဒချမှတ်လုပ်ဆောင်သွားဖို့ ရှိမရှိဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ”
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားအဆင့် ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ၊ အဆိုပါကော်မတီတွင် ပါဝင်ကြသည့် မသန်စွမ်းသူများကိုယ်တိုင်၊ မသန်စွမ်းအသင်းချုပ်က ပုဂ္ဂိုလ်တွေကိုယ်တိုင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သွားရောက်ပြီး အသိပညာပေးကြောင်း၊ ဥပမာအားဖြင့်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုင်းကားစီးတဲ့နေရာမှာ အခက်အခဲရှိတာတွေ၊ လေယာဉ်စီးတဲ့နေရာမှာ အခက်အခဲရှိတာတွေ၊ မသန်စွမ်းသူများအတွက် လိုက်လံအသိပညာပေးတာတွေမျိုး လိုက်လံဆောင်ရွက်လျက်ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံလူဦးရေရဲ့ (၄.၆)ရာခိုင်နှုန်း (သို့မဟုတ်) (၂.၃)ရာခိုင်နှုန်းခန့်ဟာ မသန်စွမ်းသူတွေဖြစ်ပြီး၊ ၂၀၁၀ ကိန်းဂဏန်းများအရ မသန်စွမ်းသူများရဲ့ (၈၅)ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့များဖြစ်နေတယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Migrationology
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties