By The Kumudra, Shweproperty.com
Updated at 12 December 2014
အိမ်ခြံမြေဈေးကွက် ငြိမ်နေတဲ့အချိန် ဒဂုံမြို့သစ် မြို့နယ်တွေမှာ ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင်လမ်းမတန်း၊ ကျောကပ်လမ်းနဲ့ နောင်ကြာတဲ့အထိ တွက်ခြေကိုက်မယ့်နေရာတွေကို ရွေးချယ်ဝယ်ယူသင့်တယ်လို့ အကျိုးဆောင်အချို့ကဆိုပါတယ်။
ဈေးကွက်ကငြိမ်နေတဲ့အတွက် တချို့နေရာတွေမှာ ဈေးလျော့နေပြီး ညှိနှိုင်းဈေးနဲ့ထုတ်ရောင်းနေကြတာကြောင့် ဝယ်ယူသင့်တဲ့အချိန်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
"တချို့နေရာတွေမှာ သိန်း ၁၀၀ ကျော်လေးနဲ့ရနေတယ်၊ အခုဈေးဆစ်လို့ရနေတဲ့အချိန်မှာ နေရာကောင်းတွေ၊ စည်ကားလာမယ့်နေရာတွေကို ဝယ်ယူထားသင့်တယ်"လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ပြောပါတယ်။
ဒဂုံအရှေ့
စီမံကိန်းနီးတဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်အမှတ်(၁၀၀)ကျော်တွေက အချက်အခြာကျတဲ့နေရာတွေ၊ စီးပွားရေးအတွက် တွက်ခြေကိုက်မယ့်နေရာတွေ၊ နောင်နှစ်အတွင်းမှာ အလားအလာရှိမယ့် နေရာတွေရဲ့ လမ်းမတန်း ကျောကပ်လမ်းတွေ၊ ရပ်ကွက်ချင်းဆက် လမ်းမကျယ်တွေမှာ ဝယ်ယူထားသင့်တယ်။
မြောက်ဒဂုံ
ရပ်ကွက်အများစုက ကျပ်သိန်းထောင်ဂဏန်းဖြစ်နေပါပြီ။ (၂၈) ရပ်ကွက်ကနေ (၄၆)ရပ်ကွက်အထိ ဈေးအမြင့်တွေ ဖြစ်နေပါပြီ။ မြောက်ဒဂုံရဲ့ ရပ်ကွက်တိုင်းဟာ လူနေမှုစည်ကားနေပြီး နေရာတချို့သာ လူနေမှုနည်းနေတာပါ။
တံတားစီမံကိန်းက ကျန်စစ်သားလမ်းမနဲ့ ရွှေပေါက္ကံကို ဆက်သွယ်မယ့် တံတားစီမံကိန်းကော၊ ကြိုးတံတားအနီး တံတားစီမံကိန်းလည်း ရှိနေတာကြောင့် နောင်ဆိုရင်ဈေးကောင်းမယ့် နေရာတွေပါ။
"ဒဂုံနေရာတွေကတော့ ဈေးတက်လာဦးမှာ ဆိုပေမယ့် ၂၀၁၅ အထိတော့စောင့်ရဦးမယ်၊ ဝယ်ရင်းနှီးထားမယ်ဆိုရင် နောင်အတွက်အလားအလာ ကောင်းမယ့် နေရာတွေကို ချင့်ချိန်စဉ်းစားပြီး ဝယ်မှား ရောင်းမှား မဖြစ်အောင် သတိပြုသင့်တယ်"လို့ ဒဂုံသီးသန့်အကျိုးဆောင် မကေသီက ပြောပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties