By Messenger, Shweproperty.com
Updated at 30 June 2015
ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ကုန်ဆုံး ပါက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံ လေးမြို့နယ်၌ အခန်းပေါင်း (၄၄၀၀၀) ကျော် ပြီးစီးမည် ဖြစ်၍ ပြည်သူများကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ““အိမ်ရာ မရှိသေးတဲ့ သူနဲ့ အစိုးရ ဝန်ထမ်းတွေကို ဦးစားပေး ရောင်းချမယ်။ ဒီလို ရောင်းချတဲ့ အခါမှာလည်း မဲစနစ်နဲ့ပဲ ရောင်းချမယ်”” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ (စီမံ) မှ ညွန်ကြားရေးမှူး တစ်ဦးက ပြောသည်။ ဒဂုံလေးမြို့နယ်တွင် ဆောက်လုပ်နေသည့် အိမ်ရာ စီမံကိန်းများ ပြီးစီးပါက အခန်းပေါင်း (၄၄၀၀၀) ကျော် ထွက်ရှိလာမည် ဖြစ်ပြီး၊ ပြည်သူ နှစ်သိန်းနီးပါး အိမ်ရာ ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဆောက်လုပ်နေသည့် အိမ်ရာ စီမံကိန်းများမှာ ရတနာနှင့် ဧရာဝဏ် အိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာ၊ ဗိုလ်ဗထူး အိမ်ရာ၊ ပုလဲမွန် အိမ်ရာ၊ အောင်မြင့်မိုရ် အိမ်ရာ၊ ကနောင် အိမ်ရာနှင့် ယုဇန (၁၊ ၂၊ ၃) အိမ်ရာ စသည်တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်ရာများတွင် တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာနှင့် တန်ဖိုးနည်း အိမ်ရာတို့ ဖြစ်ပြီး ယင်းအိမ်ရာများကို ရန်ကုန် မြို့တော် စည်ပင်နှင့် အိုးအိမ် ဦးစီးဌာနတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ““အိမ်ရာတွေ ဖန်တီးပေးတာကို အိမ်ရှိပြီးသား သူတွေကလည်း ဝင်လျှောက်နေတယ်။ အဲဒီတော့ လျှောက်တဲ့သူက များတော့ အခန်းမဲပေါက်ဖို့ သိပ်မလွယ်ဘူး။ ကံတော်တော် ကောင်းမှ ရနိုင်မယ်”” ဟု တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူ ဒေါ်သူဇာနွယ်က ဆိုသည်။ ယခု ရန်ကုန်တိုင်း ဒေသကြီးရှိ အစိုးရ ဝန်ထမ်းနှင့် ကုမ္ပဏီ ဝန်ထမ်းတို့ကို အိမ်ရာများ ရောင်းချ ပေးနေသကဲ့သို့ ကျူးကျော် နေထိုင်သူများကိုလည်း အိမ်ရာများ ချထားပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်း တစ်နှစ်လျှင် အိမ်ထောင်စုပေါင်း (၂၆၀၀၀)ကျော် တိုးတက် နေသော်လည်း အိမ်ရာ ဖန်တီးပေးမှုမှာ (၇၂၀၀) ကျော်သာ ရှိနေသေး၍ အိမ်ရာ လိုအပ်ချက်များ မြင့်မားနေခြင်း ဖြစ်ကြောင်း သိရသည်။ Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties