By 7daydaily, Shweproperty.com
Updated at 25 August 2015
ရပ်ဆိုင်းခံထားရသည့် ဒဂုံစီးတီးစီမံကိန်းကို မြေနေရာအ စားပြန်ပေးခြင်းနှင့် ပတ်သက်၍ လတ်တလောတွင် အစိုးရနှင့် ဆွေးနွေးနေဆဲ အဆင့်သာရှိသေး သည်ဟု အဆိုပါကုမ္ပဏီမှသတင်း ရရှိသည်။
ရွှေတိဂုံစေတီတော် အနီး တွင် တည်ဆောက်မည်ဆိုခြင်း ကြောင့် ပညာရှင်များ၊ သံဃာ တော်များ၊ အရပ်ဘက်အဖွဲ့အ စည်းများက ဝိုင်းဝန်းကန့်ကွက်သ ဖြင့် အစိုးရက ဇူလိုင် ၇ ရက်၌ စီမံကိန်းကို အပြီးသတ်ရပ်ဆိုင်း ခဲ့သည်မှာ တစ်လနှင့် နှစ်ပတ်ကြာမြင့်နေပြီဖြစ်သည်။
ကနဦးသတင်းများအရ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ကပစ စစ်တပ်ပိုင် မြေနေရာကို အစား ထိုး ပြန်လည်ပေးအပ်မည် ဆို သည့် သတင်းများထွက်ပေါ်နေ သော်လည်း ကုမ္ပဏီက အတည်ပြုချက်မပေးခဲ့ပေ။
ဒဂုံစီးတီးစီမံကိန်းနှင့် ပတ် သက်၍ လတ်တလောတွင် အစိုး ရနှင့်ဆွေးနွေးဆဲ အဆင့်သာဖြစ် ပြီး လတ်တလောသတင်းထုတ် ပြန်ပေးရန် မရှိသေးကြောင်း ကုမ္ပ ဏီ တာဝန်ရှိသူတစ်ဦးကပြော သည်။‘‘သူတို့ကို အစိုးရဘက်ကမ နစ်နာအောင် လုပ်ပေးမှာပါ။ မ ကြာမီ ညှိနှိုင်းတာတွေ ပြီးစီးတော့ မှာပါ။ ကျွန်တော်တို့လည်း အတိ အကျမသိရသေးဘူး’’ဟု မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။လက်ရှိတိုက်ခန်းများ ဝယ် ယူထားသူများအတွက် အသေး စိတ်အစီအစဉ်တစ်ခုကို ကုမ္ပဏီ က ကြေညာမည်ဖြစ်ပြီး စိုးရိမ်နေ ကြသော ဝယ်ယူသူများနှင့်ပတ် သက်၍ ကုမ္ပဏီကိုယုံကြည်မှု ပြန် လည်ရရှိရန် အစိုးရဘက်ကကော် မတီတစ်ရပ် ပူးပေါင်းဖွဲ့စည်းပြီး ကူညီရန် အစီအစဉ်အချို့ရှိသည် ဟု သိရသည်။
ဒဂုံစီးတီးစီမံကိန်း အပါအ ဝင် ကုမ္ပဏီလေးခု၏ အထပ်မြင့် စီမံကိန်းများကို ရွှေတိဂုံစေတီတော်အနီးတွင် တည်ဆောက်မည် ဆိုခြင်းကြောင့် လေ့လာဆန်းစစ်မှုများ နှစ်လကြာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် ပထမပတ်က စီမံကိန်းများအားလုံး အပြီးသတ် ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သည်။
Ref : Wai Phyoe Aung
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties