By The Modern, Shweproperty.com
Updated at 3 October 2016
ဒဂုံမြို့သစ်မြို့နယ် တချို့မှာမြို့သစ်တိုးချဲ့ဖို့ စီမံကိန်းလျာထားတာတွေ၊ စီးပွားရေးဇုန်စီမံကိန်း လျာထားတဲ့နေရာတွေ ရှိတာကြောင့် ဝယ်သူတွေဈေးမေး သူတွေဈေးကွက်ထဲပြန်ရှိလာတယ်လို့သိရပါတယ်။
မြေဈေးတွေကဈေးကျနေပေမဲ့အဝယ်နဲ့ဈေးမေးသူတွေရှိနေတာပါ။ တချို့နေရာတွေမှာတော့ဈေး အမြင့်မှာပဲရှိနေပေ မဲ့စီမံကိန်းလျာ ထားခံရ တဲ့နေရာ ဝန်းကျင်မှာတော့တန်ဖိုးနည်းအကွက်နေရာတွေအရောင်းအဝယ်ဖြစ်တယ်လို့ပြောပါတယ်။ ဒဂုံမြို့သစ်ရဲ့ ဖွံ့ဖြိုးပြီးသားနေ ရာတွေ မှာတော့ တချို့ရောင်းထွက်ချင်သူတွေ ကဈေးလျှော့ပြီး ခေါ်ဈေးပြောင်းလဲ ညှိုနှိုင်းဈေးနဲ့ရောင်းတာ တွေလည်းရှိတယ်လို့ အကျိုးဆောင် တချို့ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင်မကေသီက "အရင်ကမြေတစ်ကွက်ကိုသိန်း ၁၀၀ကျော်တန်တွေကိုသိန်း ၆၀ဝန်းကျင်ပဲရှိတယ်၊ စီမံကိန်းနေရာတွေ ဆိုတချို့သိန်း (၅၀)၊ သိန်း (၆၀) စွန်းလေးတွေပဲရှိတော့ တယ်၊ ဈေးကွက်ကိုပြော ရရင်ဝယ်ထားရဲတဲ့သူတွေ၊ ငွေပိုသူတွေကတော့ ဝယ်နေ တာပဲ၊ ငွေပြန်ပေါ်ချင်သူတွေကတော့ပြန်ထုတ်နေတာ၊ ဒီလပိုင်းတွေမှာဈေးမေး သူတွေနဲ့မြေကွက်ကိုပြန်ပြီး စိတ်ဝင်စား လာကြတယ်၊ ဈေးကွက်ပြန် လှုပ်လာတယ်ပြောရမှာပဲ" လို့ပြောပါတယ်။
ဝယ်သူအများစုကဈေးကွက်ပြန်ကောင်းလာရင်ဈေးပြန်တင်လို့ရနိုင်တဲ့နေရာတွေကိုစိတ်ဝင်စားကြတာများတယ်။ အရောင်းအဝယ်ပြန် ရှိလာတယ် ဆိုပေမဲ့ဈေးတန်းတွေကိုပိုင်ရှင်တွေကဈေးလျှော့လာတာတွေရှိတယ်လို့သိရပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က"ဈေးမေးတာတွေဈေး ကွက်ထဲပြန်ရှိလာတာ အခြေအနေပြန်ကောင်း လာတယ်လို့ပြောလို့ရတယ်၊ တောင်မြောက်လမ်းဆုံနားမှာပြုလုပ်မယ့် စီးပွားရေးဇုန်ခွဲပြုလုပ်မယ်ဆို တဲ့သတင်းကိုတော့ စိတ်ဝင်စားကြတယ်၊ အဲဒီနေရာက စည်ပြီးသား နေရာဆိုတော့ အနီးအနားနေရာတွေမှာ ဈေးမေးတာတွေရှိတယ်၊ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေကတော့ အခြေအနေတွေစောင့်ကြည့်ပြီး လှုပ်ရှားနေကြတာပဲ" လို့ပြောပါတယ် ။
Ref : The Modern
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties