By Sint Sint, Shweproperty.com
Updated at 28 January 2021
အိုးပိုင်အိမ်ပိုင်မရှိသေးသောမိသားစုဝင်များအတွက် များစွာအထောက်အကူရမည်....... ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်( တောင်ပိုင်း)၊စံပြစိုက်ပျိုးရေး အထူးဇုန်နေရာရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အခန်းပေါင်း တစ်သောင်းကျော်ဖြင့် တည်ဆောက်သွားမည် ဟုသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒဂုံမြို့သစ်( တောင်ပိုင်း) ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်ကို D-Wave မှဇန်နဝါရီ၂၇ရက်ကမေးမြန်းခဲ့သည်။ “သိရသလောက်တော့ တစ်နှစ်အတွင်းအပြီးဆောက်မယ်လို့သိရပါတယ်၊ ကျန်တဲ့အခန်းတွေထွက်လာရင်ဆက်လက်ဆောင်ရွက်မယ့်ကိစ္စကို အိုးအိမ်ဦးစီးဌာနကကဆက်လက်ဆောင်ရွက်သွားမှာပါ”ဟုဦးအေးနိုင်ကပြောသည်။ ထို့ပြင်ပြည်သူ့အငှားအိမ်ရာစီမံကိန်းပြီးလျှင် ပြည်သူ့များအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး အိုးပိုင်အိမ်ပိုင်မရှိသေးသောမိသားစုဝင်များ၊အငှားနေပြည်သူများ၊အစိုးရပိုင်နေရာများတွင်ကျူးကျော်နေရသူများအတွက် များစွာအထောက်အကူပြုမည်ဟုဦးအေးနိုင်ကပြောသည်။ “ပြည်သူတွေအတွက်အထောက်အကူအများကြီးရမှာပါ။တချို့မြို့နယ်တွေမှာ အိုးပိုင်အိမ်ပိုင်မရှိသေးတဲ့သူတွေ အစိုးရပိုင်နေရာတွေမှာ ကျူးကျော်နေရသူတွေ ဝင်ငွေနည်းဝန်ထမ်းတွေ အတွက်လည်းနေထိုင်ရေးအဆင်ပြေသွားမှာပါ”ဟု ဦးအေးနိုင်ကပြောသည်။ အဆိုပါစီမံကိန်းတည်ဆောက်ရာတွင် ရန်ကုန်မြို့၌ အခန်းပေါင်း(၆၃၀၀)၊ နေပြည်တော်တွင်အခန်းပေါင်း(၇၀၀) နှင့် မန္တလေးတွင်းအခန်းပေါင်း(၃၀၀၀) အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်ဟုသိရသည်။ နောက်ဆုံးရ သတင်းများ မြို့ကြီး ၃ မြို့နယ်တွင် အငှားအိမ်ရာ အခန်းပေါင်း ၁သောင်းကျော် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ အိမ်ခြံမြေဆိုင်ရာ SERVICE COUNTER ပါဝင်သည့် မန်းလေးစည်ပင်သာယာ အဆောက်အအုံသစ် မကြာမီ ဖွင့်လှစ်မည် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်းဆောင်ရွက်နေ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးထားသော နိုင်ငံ့ဝန်ထမ်းအိမ်ရာ မကြာခင်တွင် စတင်ဖွင့်လှစ်မည် Credit : Nutritionalmenu Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties