By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 12 March 2020
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က မြေဧက (၁၁၀၀) ကျော်မှာ Smart District အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီတစ်ခုက စီမံကိန်းအဆိုပြုလွှာရေးဆွဲ တင်ပြလာတဲ့အတွက် အဆိုပါကုမ္ပဏီကို ပြန်လည် ယှဉ်ပြိုင်ဖို့ စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာ (Swiss Challenge) ဖိတ်ခေါ်ထားပါတယ်။
ဧရာဝဏ်- ရတနာနှင်းဆီအိမ်ရာစီမံကိန်းနဲ့ ဆက်စပ်လျက်ရှိနေတဲ့ ဧရာဝဏ်လမ်း၊ ရွှေလီလမ်းနှင့် ရတနာလမ်း အနီးရှိ မြေဧရိယာ (၁၁၀၀)ဧကခန့်ပေါ်တွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းနဲ့ လူမှုရေးအဆောက်အဦးများ တည်ဆောက်အကောင်အထည်ဖော်မယ့် စီမံကိန်းကို Smart District အဖြစ် ဆောင်ရွက်ခွင့်ပြုဖို့ အဆိုတင်သွင်းထားတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက Swiss Challenge ယှဉ်ပြိုင်တင်သွင်းဖို့ အခြားကုမ္ပဏီတွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ Swiss Challenge ဆိုသည်မှာ စီမံကိန်းတစ်ခု ကို ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်နဲ့ ဒီဇိုင်းကို ပျမ်းမျှတွက်ချက်ပြီး တင်သွင်းထားတဲ့ ပုံစံကို အခြားကုမ္ပဏီတွေက အဆိုပါ ဒီဇိုင်းပုံစံပေါ်အခြေခံထားတဲ့ ကုန်ကျစရိတ်ကို ပြန်လည်ယှဉ်ပြိုင်ပြီး ဈေးနှုန်းအဆိုပြုရခြင်း ဖြစ်ပါတယ်။
ဧရာဝဏ် - ရတနာအိမ်ရာ စီမံကိန်းကို ၂၀၁၃ တွင်စတင်တည်ဆောက်ခဲ့ပြီး တိုက်အ လုံးရေ (၄၉) လုံးတည်ဆောက်ဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : kumudranews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties