By Mizzima, Shweproperty.com
Updated at 24 September 2014
ဒဂုံစီးတီးဝမ်း (Dagon City 1) စီမံကိန်းကို ၁၀ ထပ် မှ ၁၂ ထပ်အထိ အထပ်မြင့် တည်ဆောက်သွားမည် ဖြစ်သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)မှ သတ်မှတ်အမြင့်ပေထက် ကျော်လွန်တည် ဆောက်မည် မဟုတ်ဟု အဆိုပါကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ Mr. Eliott Suen က မီဒီယာများကို ပြောသည်။
တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ စိတ္တသုခလမ်းအတွင်းနေထိုင်သူ ဦးသိန်းဇံက “ရွှေတိဂုံစေတီက မြန်မာတွေရဲ့ အလေးအမြတ်အထားရဆုံး ဘုရားဖြစ်လို့ အဆောက်အအုံတွေကြောင့် ကွယ်သွားတာ မျိုးကိုတော့ မဖြစ်စေချင်ဘူး” ဟု ယင်း၏အမြင်အား မဇ္ဈိမကိုပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အထပ်မြင့်အဆောက် အအုံခွင့်ပြုချက်တွင်မူ ရွှေတိဂုံ စေတီတော်၏ ကန့်သတ်ဧရိယာအတွင်း တည်ဆောက်မည့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများသည် ရွှေတိဂုံစေတီကြမ်းပြင်(ရင်ပြင်) ဖြစ်သော ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀ အထက် ကျော်လွန်တည်ဆောက်ခွင့်မပြုဟု ထုတ်ပြန်ထားသည်။
ထို့အတူ ရွှေတိဂုံစေတီတော်၏ ကန့်သတ်ဧရိယာအတွင်း မပါဝင်သည့် အထပ်မြင့်များကိုလည်း ရွှေတိဂုံ စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင်အထက် အ မြင့်ပေ ၄၁၇ )ပေအထက် မကျော်လွန်ရန် ထုတ်ပြန်ထားသည်။
ရွှေတိဂုံစေတီ၏အောက်ခြေ ရင်ပြင်မှ ငှက်ပျောဖူးအောက် ခါးစည်းအထိ ဉာဏ်တော်အမြင့် ၄၁၇ ပေရှိ ကာ စိန်ဖူးတော်အထိ အမြင့်ပေသည် ၅၁၆ ပေ ရှိခြင်းဖြစ်သည်။
ရွှေတိဂုံစေတီ၏ ကန့်သတ်ဧရိယာကိုမူ စေတီ၏မြောက်ဘက်တွင် ရှင်စောပုလမ်းနှင့် ဓမ္မစေတီလမ်း၊ အရှေ့ဘက်တွင် အလံပြဘုရားလမ်း၊ တိရစ္ဆာန် ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊ နတ်မောက်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံ ဘုရားလမ်းဆုံမှ ယောမင်းကြီးဦးဘိုး လှိုင်လမ်းနှင့် အနောက်ဘက်တွင် ဗဟိုလမ်းအတွင်းရှိ ဧရိယာများကို သတ်မှတ်ထားခြင်း ဖြစ်သည်။
စီမံကိန်းကို လေးနှစ်မှ ခြောက်နှစ်အတွင်း အပြီးသတ်တည်ဆောက်ရန် လျာထားသည်ဟု စက်တင်ဘာ ၂၃ ရက်တွင်ပြုလုပ်သော မီဒီယာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
Dagon City 1 စီမံကန်းကိုမူ အထပ်အမြင့် ၁၂ ထပ်တည်ဆောက်မည် ဆိုပါ ကွန်ဒိုတိုက်ခန်းအထပ် တစ်ထပ်၏ အမြင့်ပေခန့်မှန်း ၁၂ ပေနှုန်းဖြင့် တွက်ချက်လျှင် အမြင့်ပေ ၁၄၄ ပေရှိ မည်ဖြစ်ပြီး အမိုးနေရာများ ပါဝင်မည်ဆိုပါက အမြင့်ပေ ၁၅၀ ဝန်းကျင်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက်နိုင်သည်။
စီမံကိန်းကို ဆောင်ရွက်မည့် Marga Land- mark ကုမ္ပဏီကို ပြည်တွင်းလုပ်ငန်းရှင်ပိုင် ကုမ္ပဏီဖြစ်သော သုခရတနာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဟောင်ကောင်နှင့် UK ရင်းနှီးမြှုပ်နှံသူများ ပါဝင်သော စင်ကာပူ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Marga တို့က ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties