By 7daydaily, Shweproperty.com
Updated at 11 July 2016
ရန်ကုန်-ဒလမြစ်ကူး တံတားစီမံကိန်း တည်ဆောက်ရန် မလွတ်ကင်းသည့်နေရာများအ တွက် ဒုတိယအသုတ် မြေယာ လျော်ကြေးအဖြစ် ယခုမိုးကာလ အကုန်တွင် ထပ်မံပေးအပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦး ခင်မောင်ဆွေကပြောသည်။
တံတားတည်ဆောက်မည့် ချဉ်းကပ်လမ်းလေးလမ်းသွားနေ ရာဖြစ်သော ဒလဘက်ခြမ်း ဗိုလ် မင်းရောင်လမ်းမှ မလွတ်ကင်း သည့်နေရာများ အတွက် လျော်ကြေး ထပ်မံပေးအပ်မည်ဖြစ် သည်။
ဒုတိယအသုတ်လျော်ကြေးတွင် မြေယာလျော်ကြေးအဖြစ် အိမ်ထောင်စု ၅၀ ထက်မနည်း လျော်ကြေးငွေများ ပေးအပ်ရန် ကျန်ရှိနေသေးကြောင်း ဦးခင် မောင်ဆွေကပြောသည်။
ပထမအသုတ်လျော်ကြေး တွင် ကျပ်သိန်းတစ်သောင်းကျော် ပေးအပ်ပြီးဖြစ်ကြောင်း ဦးခင်မောင်ဆွေကပြောသည်။
၂၀၁၆ မေလမှစပြီး လျော် ကြေးများပေးအပ်ခဲ့ရာ အိမ်ထောင် စု ၆၀ ကျော် သာသနာ့နယ်မြေ၊ ဈေးဆိုင်များကို လျော်ကြေးများ ပေးအပ်ခဲ့ကြောင်း ဦးခင်မောင် ဆွေက ပြောသည်။
မြေယာလျော်ကြေးတွင် အ မြဲတမ်းသိမ်းယူမည့် မြေယာနှင့်စီ မံကိန်းကာလအတွင်းသာ အသုံး ပြုရန် သိမ်းယူသည့် မြေယာဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထား ကြောင်း သိရသည်။
တံတားစီမံကိန်းကြောင့် ဒလဘက်ကမ်းတွင် ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှု ရေးရာ ထိခိုက်မှု ဆန်းစစ်ခြင်း အ စီရင်ခံစာကိုလည်း ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ငှားရမ်းပြီး စတင်လေ့လာမှုများ ပြုလုပ်နေ ပြီဖြစ်သည်။
တံတားအရှည် ၆၁၄၄ ပေ တွင် လေးလမ်းသွား ကြိုးဆိုင်းတံ တားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ် သန်းတည်ဆောက်မည့် အဆိုပါ တံတားကို ကိုရီးယားနိုင်ငံ၏ ချေး ငွေဖြင့် တည်ဆောက်ချိန်သုံးနှစ်မှ လေးနှစ်အတွင်း ကြာမြင့်နိုင် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ခန့်မှန်းထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties