By 7daydaily, Shweproperty.com
Updated at 21 February 2017
ရန်ကုန်-ဒလတံတားစီမံကိန်းအတွက် မြေယာလျော် ကြေးကို ယခုလတွင် အပြီးသတ် ပေးအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သတင်းရရှိ သည်။
ရန်ကုန် - ဒလ မြစ်ကူး တံတားစီမံကိန်း တည်ဆောက်ရန် မလွတ်ကင်းသည့် နေရာများအ တွက် တတိယအသုတ် မြေယာ လျော်ကြေးကို ယခုလကုန်၌ အပြီးသတ်ပေးအပ်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး က ပြောသည်။
တံတားတည်ဆောက်မည့် ချဉ်းကပ်လမ်း လေးလမ်းသွားနေ ရာဖြစ်သော ဒလမြို့ ဗိုလ်မင်း ရောင်လမ်းမှ မလွတ်ကင်းသည့် နေရာများအား လျော်ကြေးထပ်မံ ပေးအပ်မည်ဖြစ်သည်။
ပထမအသုတ် လျော်ကြေး အနေဖြင့် ဇူလိုင်အတွင်း ကျပ် သိန်းတစ်သောင်းကျော် ပေးအပ် ခဲ့ပြီး ဒုတိယအသုတ် လျော်ကြေး ကို ၂၀၁၆ အောက်တိုဘာ၌ ပေး အပ်ထားကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာထားသည်။
ယခု နောက်ဆုံးအသုတ်ပေး အပ်မည့် လျော်ကြေးကို တွက် ချက်နေဆဲဖြစ်ကြောင်း သိရ သည်။
၂၀၁၆ မေလကစပြီး လျော် ကြေးများ ပေးအပ်ခဲ့ရာ အိမ်ထောင်စု ၆၀ ကျော်၊ သာသနာ့နယ်မြေ၊ ဈေးဆိုင်များအား လျော်ကြေးပေးအပ်ခဲ့သည်။
မြေယာလျော်ကြေးတွင် အ မြဲတမ်းသိမ်းယူမည့် မြေယာနှင့် စီမံကိန်းကာလအတွင်းသာ အသုံးပြုရန် သိမ်းယူသည့် မြေယာဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထား ကြောင်း သိရသည်။
တံတား စီမံကိန်းကြောင့် ဒလဘက်ကမ်းတွင် ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှု ရေးရာထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာကိုလည်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ငှားရမ်းပြီး စတင်လေ့လာမှုများ ပြုလုပ်နေ ပြီဖြစ်သည်။
တံတားအရှည် ၆,၁၄၄ ပေ တွင် လေးလမ်းသွား ကြိုးဆိုင်း တံတားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ်သန်းတည်ဆောက်မည့် အ ဆိုပါတံတားကို ကိုရီးယားနိုင်ငံ၏ ချေးငွေဖြင့် တည်ဆောက်ချိန် သုံး နှစ်မှ လေးနှစ်အတွင်း ဆောက် လုပ်ရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ခန့်မှန်းသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties