By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 5 September 2019
တောင်ကိုးရီးယားသမ္မတခရီးစဉ်အတွင်းမှာ ကိုးရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်းရဲ့ ဒလမြို့သစ် စီမံကိန်း၊ မြေဧက (၅၀၀) ကျော်စက်မှုဇုန်စီမံကိန်ုးအပါအဝင် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ငါးခု လက်မှတ်ရေးထိုးခဲ့ပါတယ်။
“တည်ဆောက်မယ့် မြို့သစ်စီမံကိန်းလေးဟာ Smart City လေးတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မြို့ဟောင်းဧရိယာကြီးကို မြစ်ရဲ့ရှေ့ဘက်ခြမ်းမှာ ထားခဲ့ပြီး၊ ရန်ကုန်မြစ်ရဲ့အနောက်ဘက်ခြမ်းမှာ တကယ့် Smart City လေးတစ်ခု ပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်။ ရန်ကုန်မြစ်ရဲ့အနောက်ဘက်ခြမ်းဟာ အခွင့်အလမ်းတွေ များစွာရှိတာကြောင့် ဒီနေရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုးရီးယား-မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လိုပါတယ်။” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ကိုရီးယားသမ္မတ မွန်ဂျေအင်ဟာ Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ကိုးရီးယား-မြန်မာစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စီးပွားရေးဆိုင်ရာနားလည်မှုစာချွန်လွှာတွေကို ကိုးရီးယားအစိုးရနဲ့ မြန်မာအစိုးရကြား - လုပ်ငန်းရှင်များကြား ရေးထိုးခဲ့ပါတယ်။
“ဒီမြို့သစ်စီမံကိန်းကနေ ကျွန်တော်တို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ရှေ့ဆက်ဖွံ့ဖြိုးရေးကဏ္ဍတွေကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်သလို ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ စာချွန် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော့အနေနဲ့ များစွာဝမ်းမြောက်မိပါတယ်။”
ကိုးရီးယားနိုင်ငံ၏ မြန်မာနိုင်ငံတွင်ပထမဦးဆုံး စက်မှုဇုန်စီမံကိန်းဖြစ်တဲ့ ကိုးရီးယား-မြန်မာစက်မှုဇုန် စီမံကိန်း (KMIC)ကို လက်မှတ်ရေးထိုးတဲ့ အထိမ်းအမှတ်ကျင်းပခဲ့ပါတယ်။ အဆိုပါစီမံကိန်းကို အပိုင်း(၂)ပိုင်းပါဝင်ပြီး ပထမပိုင်းကိုု ၂၀၁၉မှာစတင်ပြီး ၂၀၂၂တွင် အပြီးသတ်တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းကို ၂၀၂၀ တွင်စတင်မှာဖြစ်ပြီး ၂၀၂၃ မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ကိုးရီးယားအစိုးရပိုင်း Land and Housing ကော်ပိုးရေးရှင်း (LH)နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
‘‘ကိုရီးယား - မြန်မာနိုင်ငံဟာ အခြေခံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအပြင် ပမာဏကြီးမားတဲ့ နိုင်ငံတော်မြေယာလုပ်ငန်းပါ ပူးပေါင်းလုပ်ကိုင်တဲ့ မိတ်ဖက်ဖြစ်သွားပါပြီ’’လို့ ကိုရီးယား နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး မစ္စ Kim Hyun Mee က ပြောကြားခဲ့ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Frontiermyanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties