By 7daydaily, Shweproperty.com
Updated at 29 May 2015
ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၁၃၀ကျော် ချေးယူမည့်အစီအစဉ်ကို မေလ ၂၈ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ကြောင်းသတင်းရရှိသည်။
စတင်တည်ဆောက်မည့် အချိန်မှ ပြီးဆုံးမည့်အချိန်ထိ ငါးနှစ်ကြာမြင့်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းချေးယူခွင့်ကို ပြည် ထောင်စုလွှတ်တော်က အတည် ပြုပေးခဲ့ခြင်းဖြစ်သည်။
တံတားတည်ဆောက်ရန် ငွေချေးယူရာတွင် အတိုးနှုန်းတစ် နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ် ရမည့်ကာလ ၂၅ နှစ်နှင့် ဝန်ဆောင်စရိတ် ၀ ဒသမ ၁ ရာခိုင်နှုန်းကို ပေးဆောင်သွားရမည်ဖြစ်သည်။
အဆိုပါတံတား တည် ဆောက်ရန်အတွက် ကိုရီးယား နိုင်ငံမှ ချေးငွေချေးယူမည့်ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်လေး ဦးတို့က ဆွေးနွေးမှုများပြုလုပ်ခဲ့ ပြီး စီမံကိန်းဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်အကြံပြုချက် များကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြခဲ့သည်။
တံတားစီမံကိန်းအတွက် ဆောင်ရွက်ရာတွင် လိုအပ်သော ပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာ ဖြင့်ရရှိရေး၊ မြန်မာနိုင်ငံမှ တတ် သိပညာရှင်နှင့် လုပ်သားများ လည်း အလုပ်အကိုင်ရရှိရေး စီမံ ကိန်းကာလကိုအချိန်ငါးနှစ်ယူပြီး တည်ဆောက်ခြင်းကို လျှော့ပေါ့ ရန်နှင့် မြစ်ကြောင်း၏ရေလမ်း ကြောင်းကို မထိခိုက်စေရေးတို့ အတွက် အထူးဂရုစိုက်ဆောင် ရွက်ရန် လွှတ်တော်ကိုယ်စား လှယ် များက ဆွေးနွေးခဲ့ကြသည်။
တံတားတည်ဆောက်မည့် မြစ်ကြောင်းသည် နိုင်ငံ၏ရေ ကြောင်းပို့ဆောင်ရေးတွင် များစွာ အရေးပါသည့်အတွက် မြစ် ကြောင်းကိုမထိခိုက်စေရန်နှင့် ဒလမြို့နယ်သည် ရေရှားပါး၍ ရေဖြန့်ဖြူးထောက်ပံ့နိုင် ရေးအ တွက် တံတားတွင်ရေပိုက် လိုင်းများသွယ်တန်းနိုင်ရေး ထည့်သွင်းရေးဆွဲရန်ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော် မတီဥက္ကဋ္ဌဦးသိန်းဆွေက ဆွေး နွေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုများနှင့်ပတ် သက်၍ တံတားတည်ဆောက်ရေး စီမံကိန်းရန်ပုံငွေသည် အမေရိ ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ကိုရီးယားချေးငွေမှာ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းတို့ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစိုးတင့်က လွှတ်တော် ကိုပြန်လည်ရှင်းလင်းတင်ပြခဲ့ သည်။
ထို့ပြင် တံတားတည် ဆောက်ရေးစီမံကိန်းကာလဖြစ် သော ငါးနှစ်ကာလကို ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ပြီး အချိန်တို အတွင်းပြီးစီးနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကာ ဒလမြို့ကိုရေဖြန့်ဖြူး နိုင်ရေးအတွက် ရေပိုက်လိုင်းများ ထည့်သွင်းနိုင်ရန် တံတားပုံစံကို ရေးဆွဲမည်ဖြစ်ကြောင်း စီမံကိန်း တွင် မြန်မာနိုင်ငံမှ ပညာရှင်များနှင့် လုပ်သားများလည်းပါဝင် လုပ် ကိုင်နိုင်ရေးအတွက် ဆွေးနွေးထား ကြောင်း ဒုဝန်ကြီးကပြောသည်။
ရန်ကုန်-ဒလ မြစ်ကူး တံတားတည်ဆောက်ရာတွင် ရေလမ်းကြောင်းကင်းလွတ် အကျယ်သည် ၈၂၃ ပေ (၂၅၁ မီတာ) ဖြစ်သည်ဟု ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties