By 7daydaily, Shweproperty.com
Updated at 1 June 2015
ရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်ရန် မေလ၂၈ ရက်တွင် လွှတ်တော်ကအတည်ပြုပြီးနောက် ဒလမြို့ပေါ်ရှိမြေကွက်အများစုကို လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေဝယ်ရောင်းသမားများက ဝယ်ယူထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မြေကွက်များ ဝယ်ယူလိုပါ က လုပ်ငန်းရှင်နှင့်အိမ်ခြံမြေပွဲ စားများထံမှတစ်ဆင့် ပြန်လည် ဝယ်ယူမှသာ ရရှိနိုင်တော့မည် ဖြစ်ကြောင်း ဒလမြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှသိရသည်။
‘‘အဓိကက မြေကွက်အလွတ်တွေကိုလုပ်ငန်းရှင်တွေကဝယ်ထားလိုက်ကြပြီ။သူတို့ကလည်း ဈေးတွေထပ်တက်လာဦးမလားဆိုတာကို
စောင့်ကြည့်ပြီး ကိုင်ထားကြတယ်။တကယ်နေ နေတဲ့သူတွေပဲ ကျန်တော့တယ်’’ ဟု အိမ်ခြံမြေပွဲစား ကိုထွန်းကျော် ကပြောကြားသည်။ လက်ရှိတွင် တံတားတည် ဆောက်မည့် ကမာကဆစ်ကျောက်တိုင်လမ်းမဘေးရှိ မြေကွက်အားလုံးနီးပါး အရောင်းအဝယ်ဖြစ် သွားပြီဖြစ်သည်။
ထို့အပြင်ချောင်ကျသည့် မြေကွက်များလည်းတံတားဆောက်မည်ဟု ဆိုက တည်းက အရောင်းအဝယ် ဖြစ်လာကြောင်း ဒလမြို့မှ ကိုထွန်းလှကပြောကြားသည်။
‘‘မြေဝယ်မယ့် သူတွေက ပိတ်ရက်တွေမှာအလာများတယ်။ အရင်တုန်းကလို ပွဲစားတွေနဲ့ မလာတော့ဘူး။ အိမ်ရှင်ဆီ တိုက်ရိုက်လာဝယ်တယ်။ ပွဲစားတွေကြောင့် မြေဈေးတွေ အခုလို မတရားတက်သွားတော့ အခုလို တိုက်ရိုက်ဝယ်တာ လုပ်ကြတာ ပါ’’ ဟု ၎င်းက ဆက်လက်ပြော သည်။
ဒလမြို့တွင် ပေ(၅၀) ပတ် လည်မြေကွက်များမှာ ကျပ်သိန်း ၁,၀၀၀ ကျော်ထိရှိပြီး အချို့နေ ရာများ၌ ကျပ်သိန်း ၃,၀၀၀ အ ထိ ဈေးပေါက်သည်။
ချောင်ကျ သည့်နေရာ၌ ကျပ်သိန်း ၂၀၀ ခန့် ဈေးပေါက်နေကြောင်း ဒလမြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှ သိရ သည်။
တံတားတည်ဆောက်မည့် လမ်းမကြီးနောက်တွင်ရှိသည့် မြေကွက်အများစုမှာလည်းဈေး တက်လာကြပြီး လမ်းမကြီးဘေးမှ မြေဈေးနှင့် ထက်ဝက်ခန့်သာကွာသည်ဟုအိမ်ခြံမြေပွဲစားများကပြောကြားသည်။
‘‘လုပ်ငန်းရှင်တွေက သူတို့ လုပ်ငန်းတွေရင်းနှီးမြှုပ်နှံဖို့ ကြို ဝယ်ထားတာများတယ်။ ဒါပေမဲ့ တချို့က မြေဈေးကစားဖို့ ဝယ်ထားတာရှိတယ်။ မြေဝယ်တာ နိုင်ငံခြားသားတွေလည်းပါတယ်။
အထူးသဖြင့် တရုတ်တွေက သူ တို့ကြိုက်တဲ့အကွက်ဆိုရင် ကြိုက် ကြေးပေးတယ်’’ ဟု ဒလမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးကျော် ကဆိုသည်။ ရန်ကုန်ဒလမြစ်ကူးတံတားကို တောင်ကိုရီးယားနိုင်ငံမှချေးငွေရယူပြီး အမေရိကန်ဒေါ်လာ ၁၆၈ သန်း အကုန်အကျခံကာ ငါးနှစ်အတွင်း တည်ဆောက်ရန် လွှတ်တော်က မေလ ၂၈ ရက်၌အ တည်ပြုပေးခဲ့သည်။
အဆိုပါတံ တားကို ကိုရီးယား-မြန်မာ ချစ် ကြည်ရေးအဖြစ် ၂၀၁၃ ကတည်း က တည်ဆောက်မည်ဟု ဆိုခဲ့ သော်လည်း ကိုရီးယားနိုင်ငံက ချေးငွေအလုံအလောက်မချထားနိုင်ခြင်းနှင့်ဒလရှိ မြေဈေးများတစ်ရှိန်ထိုးမြင့်တက်သွားခြင်းတို့ ကြောင့် ၂၀၁၄ နှစ်လယ်ခန့်တွင် စီမံကိန်းရပ်ဆိုင်းခဲ့သည်။
မေလ ၂၂ ရက်က လွှတ် တော်သို့အစိုးရက အထက်ပါတံ တားစီမံကိန်းပြန်လည်စတင်ရန် တင်ပြခဲ့ပြီး လွှတ်တော်ကအတည် မပြုမီကတည်းက အိမ်ခြံမြေ ပွဲစားများနှင့် လုပ်ငန်းရှင်များကဒလမြို့သို့ အများအပြားလာရောက်ခဲ့ခြင်းဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties