By The Kumudra, Shweproperty.com
Updated at 8 June 2015
ဒလမြစ်ကူးတံတားစီမံကိန်းကြောင့် နယူး (New) ရန်ကုန်လို့ ပြောနေကြတဲ့ ဒလဘက်ရှိ မြေဈေးတွေကတော့ အရင်ကထက် (၃၀) ရာခိုင်နှုန်းလောက် တက်သွားပြီး ဝယ်သူများနေတယ်လို့ သိရပါတယ်။
တံတားစီမံကိန်းအတည်ပြုပြီးတဲ့ ကြေငြာချက်ထွက်တာနဲ့ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှုး စတဲ့ တောက်လျှောက်နေရာတွေမှာ လမ်းမတန်းတစ်လျှောက် စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီတွေ၊ အကျိုးဆောင်တွေ ဆင်းပြီး ဝယ်ကြတယ်လို့ သိရပါတယ်။
ပထဝီမြေအကျိုးဆောင်မှ ဦးအောင်ကျော်ဝင်းက "ဒလဘက်ခြမ်းမှာ မြေကွက် (၁၀၀) ဆို (၃၀) လောက်ပဲ ကျန်တော့တယ်၊ မြေကွက်တော်တော်များများက ဝယ်ပြီးသားတွေ ဖြစ်နေကြပြီ၊ အကျိုးဆောင်ကုမ္ပဏီကြီး တချို့တောင် ရုံးခန်းခွဲတွေဖွင့်ဖို့ ရှိတယ်၊ တံတား ပြီးသွားရင်ဒလက နယူးရန်ကုန်ပဲလေ၊ မြို့ထဲနဲ့လဲ နီးသွားပြီ၊ ဈေးနှုန်းကလဲ မြင့်လာနိုင်တယ်"လို့ ပြောပါတယ်။
တံတားတည်ဆောက်မယ့် ကမာကဆစ်ကျောက်တိုင် လမ်းမတန်းရှိ မြေကွက်တွေကတော့ အကွက်အလွတ်မရှိသလောက် အရောင်းအဝယ်ဖြစ်နေကြတယ်။ အတွင်းကွက်တွေရဲ့ ဈေးနှုန်းတောင် သိန်း (၂၀၀) ဝန်းကျင်ရှိပြီး နေရာကောင်းတဲ့မြေကွက်တွေရဲ့ ဈေးကတော့ သိန်း (၃၀၀၀) အထိခေါ်ဈေးရှိတယ်လို့ ပြောပါတယ်။
ကျောက်တံတားမြို့နယ်ရှိ ဦးဝင်းနိုင်က "လုပ်ငန်းရှင်တွေနဲ့ ဝယ်ရောင်းသမားတွေက အများဆုံး ဆင်းဝယ်ကြတယ်၊ တချို့ကျတော့လဲ အရင်လိုစီမံကိန်း ပြန်ရပ်သွားမလား စိုးရိမ်စိတ်လေးတော့ ရှိကြတာပေါ့၊ ဒါပေမယ့် အခုကတော့ သေချာသလောက်ဖြစ်နေတော့ တချို့တရုတ်ဝယ်လက်တွေဆို ကြိုက်ဈေးပေးပြီး နေရာကောင်းတွေ လိုက်ဝယ်နေတာ ရှိတယ်"လို့ ပြောပါတယ်။
မြေကွက်တွေက အရင်က သိန်း (၁၀၀) တန် အကွ့်တွေက သိန်း (၁၃၀) နဲ့ (၁၅၀) ဖြစ်သွားပြီး သိန်း (၁၀၀၀) အကွက်တွေက သိန်း (၁၄၀၀) ဝန်းကျင်ဈေးတက်သွားတာပါ။ တချို့(ပေ ၄၀ × ပေ ၆၀) ကိုပဲ လမ်းမတန်းနေရာ ကောင်းရင် သိန်း (၃၀၀၀) အထိရှိတယ်လို့ သိရပါတယ်။
တံတားစီမံကိန်း အတည်ပြုပြီးတာနဲ့ ဈေးက ပိုမြင့်လာကာ အရင်ကတည်းက ကြိုဝယ်ထားတဲ့ သူတွေကလည်း ဈေးထပ်တက်နိုင်ခြေရှိတာကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ပွဲ စည်ကားဦးမယ့် နေရာ ဖြစ်လာနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဒလဘက်က ရေအခက်အခဲရှိပေမယ့် မြို့ထဲနဲ့နီးပြီး သွားရလာရ လွယ်ကူတာရယ်၊ ဧရာဝတီတိုင်းနဲ့ ဆက်စပ်ထားတဲ့ လမ်းမကြီးတစ်လျှောက် ဖြစ်နေတာကြောင့် စီးပွားရေးသမား လုပ်ငန်းရှင် အများစု စိတ်ဝင်စားသည့် နေရာဖြစ်နေသည်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties