By Myanmar Builders Guide, Shweproperty.com
Updated at 26 December 2018
ဒလတံတား တည်ဆောက်ရေးစီမံကိန်းတွေကြောင့် ဒလအိမ်ခြံမြေဈေးကွက်မှာ ဈေးအတက်နဲ့ အရောင်းအဝယ် သွက်လာတယ်လို့သိရပါတယ်။
ဒလတံတားရဲ့ခြေဆင်းလမ်းမကြီးရဲ့ ရပ်ကွက်တွေ ဖြစ်တဲ့ ကျန်စစ်သားရပ်ကွက် တံပင်ရွှေထီးရပ်ကွက်တွေမှာဆိုရင် မူလဈေး ၂၅၀၊ ၃၀၀ ရှိတဲ့ ပေ(၂၀×၆၀)ပါမစ်ဈေးကွက်တွေက သိန်း ၃၅၀၊ သိန်း ၄၀၀၊ ၄၀၀ကျော်အထိ ဈေးတက်နေတယ်လို့သိရပါတယ်။
လက်ရှိဝယ်ယူသူတွေမှာဆိုရင် ဈေးကစားမယ့်သူတွေ ဝယ်ရောင်းသမားတွေ များပြီး နေထိုင်မယ့်သူတွေမှာဆိုရင်လည်း ဝယ်ယူမှုတွေ ရှိပါတယ်။ အမှန်တကယ်နေထိုင်ဖို့ဝယ်ယူသူတွေမှာဆိုရင် ရပ်ကွက်သန့်လေးတွေမှာ နေရာတွေကို ဝယ်ယူနေကြတာကိုလည်း တွေ့ရပါတယ်။
အရောင်းဈေးတွေမှာဆိုရင် ၁၀ရာခိုင်နှုန်းနီးပါးမြင့်တက်နေပြီးတော့ တံတားပန္နက်ရိုက်ပြီးမှ ရောင်းဖို့စောင့်ကြည့်နေတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ဒလတံတားစီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံလာကြကြောင်း သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties