By Kumudra, Shweproperty.com
Updated at 6 December 2017
ရန်ကုန်-ဒလတံတားစီမံကိန်းကိုလာမယ့်နှစ်တည်ဆောက်မှာ ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ဒလမြေကွက်တွေ ဈေးနှုန်းတွေမပြောင်းလဲသေးသလိုအ ဝယ်နဲ့ လူစိတ်ဝင်စားမှုလည်းနည်းပါးနေသေးတယ်လို့ အကျိုးဆောင် တချို့ဆီကသိရပါတယ်။အဝယ်တွေစိတ်မဝင်စားဘူးဆိုတာက ဒလမြေဈေးတွေက အရင် ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကတည်းက တံတားထိုးမယ်ဆိုတဲ့ အသံတွေကြောင့် ဈေးကခုန်တက်ထားတယ်၊ အများစုက အခုအချိန်မှာ ဈေးအမြင့်ပိုင်းတွေနဲ့ဝယ်ထားကြတဲ့ မြေရှင်တွေများတယ်၊ ဒီတော့ အခုအချိန်ဒလစီမံကိန်းစမယ်ဆိုရင်လဲ အရင်ကဈေးဖြစ်ထားတဲ့ပေါက်ဈေးတွေနဲ့ကျတော့ အခုအချိန် ဈေးကွက်အနေအထားနဲ့ ဘယ်သူမှမဝယ်ကြတော့ဘူး၊ ဈေးကအရမ်းမြင့်နေပြီလို့ ဒလအိမ်ခြံမြေအကျိုးဆောင် ဒေါ်မြမြဝင်းက ပြောပါတယ်။
ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းအစီအစဉ်က ၂၀၁၃ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ရန်ကုန်- ဒလ မြစ်ကူးတံတားတည်ဆောက်မယ့် အသံတွေကြောင့် ဒလအိမ်ခြံမြေဈေးနှုန်းတွေက အလျင်အမြန် မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း တံတားစီမံကိန်းနဲ့ပတ်သက်ပြီးတည် ဆောက်ရက်အပြောင်းအလဲတွေကြောင့် အများစုက အမြင့်ဈေးတွေကို ထက်ဝက်ဈေးတွေနဲ့ ပြန်ရောင်းတာတွေဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်ငြိမ်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတံတားတည်ဆောက်ရေး စီမံကိန်းအတွက် တံတားဧရိယာနဲ့ မလွတ်ကင်းတဲ့ မြေနေရာနဲ့အဆောက်အအုံတွေကိုလျော်ကြေးပေးရှင်းလင်းထားပြီးဖြစ်သလို တံတား တည်ဆောက်မယ့် ကိုရီးယားကုမ္မဏီတွေကိုလည်း စတင်တင်ဒါခေါ်သွားမှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်ကုန်ပိုင်းစတင်နိုင်ဖို့ မျှော်မှန်းထားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာတည်ဆောက်ပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။
ဒလမြို့နယ်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်အေးနေပေမဲ့ ဈေးနှုန်းအများစုမှာလျော့ကျသွားခြင်းမရှိဘဲ နေရာအချက်အချာကျမှုအပေါ်မူတည်ပြီး မြင့်မားတဲ့ဈေးတွေပေါ်ပေါက်က် နေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိ ဒလမြေဈေးကွက်ရဲ့ ဈေးနှုန်းတွေကတော့ အနည်းဆုံးသိန်းရာချီဈေးနှုန်းတွေကနေ သိန်းထောင်ချီအထိ မြေနေရာနဲ့ လူဝင်စိတ်စားမှုပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေလည်း မတူညီဘူးလို့ အကျိုးဆောင်တချို့ဆီကသိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties