By ဖြိုးစန္ဒာ, Shweproperty.com
Updated at 10 July 2013
ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မယ့်စံမံကိန်းကြောင့် အိမ်ခြံမြေနဲ့ လယ်မြေဈေးတွေ တက်လာပေမဲ့ အိမ်ခြံမြေငှားရမ်းခတွေတော့ လက်ရှိမှာ ပြောင်းလဲခြင်းမရှိသေးဘူးလို့ သိရပါတယ်။
“လက်ရှိဈေးထက်ကို တက်မလာသေးဘူး၊ ငှားတယ်ဆိုတာလဲ သိပ်မရှိဘူး၊ အဓိက ကတော့ ဒီမှာက အရောင်းအဝယ်ဖြစ်နေတော့ ဘယ်သူမှလဲ မငှားကြဘူး၊ အိမ်ခြံမြေ ပိုင်ဆိုင်ထားတဲ့သူမှန်သမျှ ငှားဖို့ စိတ်မဝင်စားကြဘူး” လို့ ဒလမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် မချိုက ပြောပါတယ်။
ဒလမြို့နယ်မှာ အိမ်ခြံမြေငှားရမ်းဈေးတွေ အပြောင်းအလဲ မရှိပေမယ့် အိမ်ခြံမြေအရောင်းအဝယ်ကတော့ ဈေးကောင်းရနေပါတယ်။ ဒါကြောင့် တချို့ငှားမယ်ဆိုရင် နေရာမရှိတာမျိုး ဖြစ်နေသလို တချို့ကလည်း ယခင်ငှားထားတဲ့သူတွေ မဆင်းမှာစိုးရိမ်တာကြောင့် ပိုင်ရှင်တွေအနေနဲ့ ဆက်လက်ငှားရမ်းဖို့ စိတ်ဝင်စားမှု နည်းလာတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ ငှားရမ်းမှုထက် အရောင်းအဝယ်ကို ပိုပြီးစိတ်ဝင်စားနေကြပါတယ်။ တချို့ငှားရမ်းထားတဲ့ နေရာတွေကို ဖယ်ခိုင်းထားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ဒလ-တွံတေးလမ်းမတန်းရော၊ အတွင်းလမ်းပါ ငှားရမ်းခ ပြောင်းလဲတာမရှိဘူး၊ နဂိုဈေးနှုန်းအတိုင်းပဲ ရှိနေတယ်၊ နောက်ပိုင်းတော့ တက်လာမယ် မလာဘူးဆိုတာတော့ ပြောလို့မရဘူး” လို့ ဒလမြို့နယ်မှာ အိမ်ခြံမြေအကျိုးဆောင် မချိုက ပြောပါတယ်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties