By The Modern, Shweproperty.com
Updated at 24 July 2015
ဒေါ်လာဈေးနှုန်းဂယက်က အိမ်ခြံမြေကိုတိုက်ရိုက် မသက်ဆိုင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လှည့်လာပြီးဈေးကွက်ပြန်လှုပ်ခတ်လာနိုင်တယ်လို. အိမ်ခြံမြေကျွမ်းကျင်သူတချို.က ပြောပါတယ်။
သည်ရက်ပိုင်းမှာဗဟိုဘဏ်ကရည်ညွှန်းနှုန်းကို ပြင်ပပေါက်ဈေးနဲ. ပြန်ညှိလာတာကြောင့် ဈေးကွက်ထဲမှာငွေလဲနှုန်းတွေ ပိုမြင့်လာတယ်။ ဇွန်လဆန်းကစပြီးဒေါ်လာဈေးနဲ. ရွှေဈေးအပြောင်းအလဲတွေကြောင့် ရင်းနှီးမြှုပ်နှံသူတချို.က အိမ်ခြံမြေဘက်ကို ပြန်လှည့်လာတာတွေရှိတယ်လို. ဆိုပါတယ်။
ဝါရင့် အကျိုးဆောင် ဦးမောင်မောင်က ‘ဒီမှာစီးပွားရေးအရရင်းနှီးမြှုပ်နှံမယ်ဆိုရင် အရင်ကကား၊ ရွှေ၊ ဒေါ်လာနဲ. အိမ်ခြံမြေကဈေးကစားလို. အကောင်းဆုံးပဲ၊ ခုကျတော့ ဒေါ်လာ၊ ရွှေနဲ. အိမ်ခြံမြေဖြစ်နေတာ၊ အခုလဲဒေါ်လာဈေးကြောင့် အိမ်ခြံမြေအကွက်ကြီးတွေပါ ပြန်လှုပ်လာတယ်’ လို.ပြောပါတယ်။
ဒေါ်လာနဲ. ရွှေကနေရလာတဲ့ အမြတ်ငွေတွေ အိမ်ခြံမြေဘက်ကို ပြန်ဆင်းလာရင် အိမ်ခြံမြေဈေးကွက် ပြန်လှုပ်ခတ်လာနိုင်တယ်လို.ဆိုပါတယ်။
ဆိပ်ကမ်းသာလမ်းရှိအကျိုးဆောင် ဦးအောင်ကျော်က ‘ဒေါ်လာဈေး၊ စပြီးတက်ကတည်းက အိမ်ခြံမြေဈေးကွက်ထဲမှာ စပြီးလှုပ်လာတာမသိကြတာ၊ ဒီပုံစံအတိုင်းသာဆိုရင် ဈေးကွက်က ပြန်ကောင်းလာမယ့် အခြေအနေရှိပါတယ်’ လို.ပြောပါတယ်။ ဒေါ်လာဈေးတက်တာကြောင့် တခြားအလုပ်အကိုင်တွေနဲ. သွင်းကုန်ထုတ်ကုန်သမားတွေအပေါ် သက်ရောက်မှုရှိတဲ့အတွက် အိမ်ခြံမြေဘက်ပြန်ပြီး ရင်းနှီးမြှုပ်နှံလာနိုင်တဲ့ သဘောရှိပါတယ်။ ဇွန်လပိုင်းကစပြီးအဝယ်တွေနဲ. ဈေးစုံစမ်းတဲ့သူတွေ ပြန်ရှိလာတယ်လို. သိရတယ်။ တချို.ကျပ်သိန်းပေါင်းသောင်းဂဏန်းတွေပါ အဝယ်တွေရှိလာတာ ကဈေးကွက်ပြန်ဖြစ်လာနိုင်ခြေ ရှိတာကိုသိသာစေတယ်လို. အကျိုးဆောင်တချို.က သုံးသပ်ကြပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties