By 7daydaily, Shweproperty.com
Updated at 8 July 2015
စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်မည့် ဒဂုံစီးတီး စီမံကိန်း ရပ်စဲကြောင်းဇူလိုင် ၇ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ ဒဂုံစီးတီး စီမံကိန်းကို ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives ကုမ္ပဏီလီမိတက်၊ Marga Landmark Development ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ရန်လေလံအောင်ထားပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ နစ်နာမှုမရှိစေရန် နိုင်ငံတော်အစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သတင်းရရှိသည်။ ဒဂုံစီးတီး စီမံကိန်းကို ၁၅ ရက်အတွင်းဖျက်သိမ်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူးတို့က ရွှေတိဂုံစေတီတော် ကာကွယ်ရေး အဖွဲ့အားကတိပေး ပြောကြားထားသည့်ရက်ပြည့်ပြီး နှစ်ရက်ကျော်တွင် သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties