By Chan Myae, Shweproperty.com
Updated at 31 May 2022
အပြင်မှ စွမ်းအင်များကိုကောင်းမွန်စွာရရှိရန် ကွန်ဒိုမီနီယံများ လဖုန်းရွှေနည်းအရစီစဉ်ခြင်းဖြင့် ကံကောင်းခြင်း နဲ့ လာဘ်လာဘတွေရရှိမှာဖြစ်ပါတယ်။ ကွန်ဒိုမီနီယံတွေရဲ့ Feng Shui ကိုစစ်ဆေးကြည့်လိုက်တဲ့အခါ အဓိက အချက်၂ချက် တွေ့ရပါတယ်။တစ်ခုက အိမ်ရာစီမံကိန်းရဲ့ landform ဆိုလိုတာက စွမ်းအင်ကို ကောင်းစွာ ရရှိနိုင်ပြီး အရည်အသွေးကောင်းမွန်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။ဒီရှာဖွေတွေ့ရှိချက်ကိုလမ်းမ၊မိုးပျံရထားလမ်း (သို့) စွမ်းအင်များများရနိုင်သော အများပြည်သူပိုင်ပန်းခြံ တွေမှာ စွမ်းအင်တွေ ပျံ့ကျဲနေတာတွေ ရှိသလို စုစည်းထားတာတွေကဦးတည်ရာ အမျိူးမျိူးကနေ ရနိုင်ပါတယ်။ကောင်းတဲ့feng shui ရွေးချယ်ခြင်းကိုတော့ မဝယ်ယူခင် feng shui ကျွမ်းကျင်သူများမှ အကဲဖြတ်စစ်ဆေးပေးရပါတယ်။ထိုနည်းဖြင့် ကောင်းမွန်တဲ့ feng shui ရရှိပြီး စီမံကိန်း အစမှာပင် နေရာရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း အခန်းအတွင်းကောင်းတဲ့ feng shui ရရှိဖို့ စီစဉ်တဲ့အခါ အခြားအချက်များစွာလည်း ရှိနေပါသေးတယ်။စီမံကိန်းတစ်ခုလုံးရဲ့ အရေးပါဆုံး feng shui အပိုင်း ဖြစ်ပါတယ်။စိတ်ကြိုက် ကွန်ဒိုမီနီယံ ရွေးချယ်ပြီးတဲ့ နောက်ပိုင်းမှာ ဒီအချက်တွေကိုတော့ အဆင်ပြေအောင် ညှိယူလို့ရပါတယ်။ကွန်ဒိုများ စီစဉ်ခြင်း အတွက်ကောင်းမွန်တဲ့ feng shui ရရှိဖို့ အောက်ပါ အခြေခံများ လိုအပ်ပါတယ်။ ၁။ နေရာအပို လျှောက်လမ်းပြင်သန့်ရှင်းပြီး လေကောင်းလေသန့်ရရှိရပါမယ်။ကွန်ဒိုတွေမှာရှိတဲ့ အခန်းတွေက တစ်ခါတစ်ရံ သေးတာကြောင့် အိမ်ခန်းတွေရဲ့ လျှောက်လမ်းကို ကျဉ်းမြောင်းအောင် ပြု လုပ်ထားကြပါတယ်။အဲ့ဒါကြောင့် အခန်းတိုင်းဟောခန်းတွင်ရှိသော စွမ်းအင်မှာ အကန့်သတ်ရှိပြီး အပြင်ဘက်နေရာ အပို တံခါးနားနှင့် နှိုင်းယှဉ်ကြည့်ပါက ကွာခြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ထိုနေရာက နေရောင်ခြည်နဲ့ လေစွမ်းအင် အမြောက်အမြားရရှိနိုင်တဲ့နေရာဖြစ်ပါတယ်။Feng Shui သဘောအရအပို လျှောက်လမ်းမသည် ကွန်ဒိုမီနီယံ အခန်းများအတွက် အဓိက တံခါးပေါက်ဖြစ်ပါတယ်။ ပုံမှန် အရွယ်အစား မသေးလွန်းမကြီးလွန်းသော အခန်း အတွက်ရှိနိုင်သည့် ကွန်ဒိုမီနီယံ နေရာလွတ်လမ်း။ ထို့ကြောင့် လေကောင်းလေသန့်ရရှိပြီးလျှောက်လမ်းနေရာလွတ်ကိုfengshuiကောင်းစွာရရှိတဲ့နေရာလို့သတ်မှတ်နိုင်ပါတယ်။ကွန်ဒိုမီနီယံ အခန်း၏ နေရာလွတ် သည် အိမ်များမှာတွေ့ရသော လသာဆောင်တံခါး (သို့) စွမ်းအင်စုထားသော အခန်းတံခါးနှင့်ဆင်တူပါတယ်။တကယ်လို့ နေရာလွတ်သည် သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းပါက feng shui ကောင်းရရှိဖို့ ပိုများပြီး လာဘ်လာဘ တိုးပွားစေနိုင်ပါတယ်။ထိုနည်းတူစွာ မသန့်ရှင်းတဲ့ နေရာလွတ်ဖြစ်ခဲ့ပါကစွမ်းအင်များကောင်းစွာမရရှိတော့ပဲ မကောင်းသော feng shui များသာရရှိစေပါလိမ့်မယ်။ Feng shui ကျွမ်းကျင်သူတွေ အသေးစိတ် တွက်ချက်ပေးမှုဖြင့် နေရာအလွတ်တံခါးက feng shui ကောင်းရနိုင် မရနိုင်ဆိုတာကို အိမ်ပိုင်ရှင်တွေ အနေနဲ့ သိနိုင်ပါတယ်။စမ်းရေကန်(သို့) ရေစီးကျနေေသော စမ်းချောင်းကန်များပြုလုပ်ထားခြင်းဖြင့်စွမ်းအင် ပိုမိုရရှိစေနိုင်ပါတယ်။ထိုသို့လုပ်ပေးခြင်းဖြင့် လာဘ်လာဘ ပိုတိုးပွားစေနိုင်ပါတယ်။ ၂။အတွင်းပိုင်း ပရိဘောဂများလေဝင်ပေါက်ထားပေးသင့်ပြီး လမ်းကြောင်းပိတ်ဆို့ထားခြင်းမရှိရ။ယနေ့ခေတ်တွင် မြေဈေးနှုန်းများမြင့်တက်လာမှုကြောင့် ကွန်ဒိုအခန်းများမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာပါတယ်။ လူအများဝယ်ယူနိုင်အောင် အခန်းများသေးအောင်ပြုလုပ်ရောင်းချလာပါတယ်။feng shui အယူအဆအရ အတွင်းပိုင်း စွမ်းအင်စီးဆင်းမှုကို အဓိကထားပါတယ်။တကယ်လို့ အိမ်ပိုင်ရှင်တွေက ကြီးမားပြီး လေးလံတဲ့ ပရိဘောဂတွေကို အသုံးပြုနေတာဆိုရင်တော့ သေးငယ်တဲ့အခန်းကို ပိုမိုသေးငယ်အောင်ပြုလုပ်လိုက်သလို ဖြစ်နေမှာဖြစ်တဲ့ အပြင် စွမ်းအင်ဝင်ရောက်ုခြင်းကိုပါ ပိတ်ပင်တားဆီးနေမှာ ဖြစ်ပါတယ်။ပရိဘောဂရွေးချယ်တဲ့အခါလည်း အခန်းအရွယ်အစားကိုကြည့်ပြီး လိုက်ဖက်တာကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။အခန်းသေးငယ်သည်ဆိုပါက ပရိဘောဂများ ကြီးမားမနေရပါ။ဒီဇိုင်းမှာ နေရာလွတ်များ လေဝင်ရောက်နိုင်အောင် ရှိနေသင့်ပါတယ်။ ကွန်ဒိုခန်းအတွင်းရှိ ပရိဘောဂများ အထားအသို သည် အခန်းသေးများအတွက် အရေးကြီးသောကြောင့် အခန်း သည်နေရာလွတ်ပါရပြီး ပရိဘောဂများလည်း သွားလမ်းပေါ်ရှိမနေရပါ။သို့ပေမယ့်လည်း အခန်းကျယ်ပါက မည်သည့် ပရိဘောဂကိုမဆို အသုံးပြုလို့ရပါတယ်။ လျှောက်လမ်းနေရာလွတ်ကို ပိတ်ပင်ကာကွယ်ထားတာ မဟုတ်သရွေ့ အခန်း၏ feng shui အပေါ် သက်ရောက်မှုရှိနိုင်မည်မဟုတ်ပါ။ ၃.သက်သောင့်သက်သာ အိပ်ပျော်ပြီး ကောင်းမွန်သော အနားယူခြင်းဖြစ်ဖို့ အတွက် အိပ်ယာကိုစီစဉ်နေရာချထားရပါတယ်။မြို့ပြကြီးများဖြစ်သော ဘန်ကောက်၊ချင်းမိုင်၊ဖူးခက်၊ခွန်ဘိုရီ စသော မြို့များရှိ ကွန်ဒိုများသည် အလုပ်ပြီးလျှင် အနားယူဖို့အကောင်းဆုံးသော နေရာပင်ဖြစ်ပါတယ်။ကွန်ဒိုများတွင် feng shui ရရှိဖို့ အိပ်ခန်း ကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း feng shui ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေက အချိန်တော်တော်များများကို အိပ်ခန်းမှာ နေလေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ အိပ်ယာမှာ feng shui များများရရှိနေတယ် ဆိုပါက အကျိူးကျေးဇူးများရရှိနိူင်လို့ ဖြစ်ပါတယ်။ အိပ်ခန်းသည် feng shui ကောင်းစွာရရှိတဲ့အတွက် အိပ်စက်နေစဉ် ပြင်ပ အနှောက်အယှက်များ မပြန့်ပွား နိုင်တော့ပေ။အိပ်ယာ ရဲ့ ခေါင်းရင်း ဘုတ်ပြားကို လေဝင်မှု မများသင့်ပါဘူး။ဘုတ်ပြားက ကြီးမားတဲ့ ပြတင်းပေါက် ဘေးမှာ ရှိနေတာ ဆိုရင်တော့ အိပ်နေတဲ့ အချိန်တွေမှာ လိုက်ကာထူထူ ကာထားသင့်ပါတယ်။သို့ပေမယ့် ဖြစ်တတ်တဲ့ အမှားတစ်ခုရှိတာက ခေါင်းရင်း ဘုတ်ပြားက ရေချိူးခန်း(သို့) ရေချိူးခန်း နံရံဘက်လှည့်နေတတ်ပါတယ်။ရေချိူးခန်း အသုံးပြုနေစဉ် အချိန်တွေမှာ စွမ်းအင် ရွေ့လျားတာတွေ ရှိနေတတ်ပါတယ် (သို့မဟုတ်) ဆူညံသံတွေကြောင့် အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ် ။အခြား အရေးမကြီးပေမယ့် သတိပြုသင့်တဲ့ အချက်ကတော့ ခြေရင်းမှာ မှန်တွေ ရှိမနေသင့်ပါဘူး။ ခေါင်းရင်းဘုတ်ပြား အပေါ် အဲကွန်းရှိနေခြင်း(သို့)တံခါး ပေါက်ဟာ အိပ်ယာ အလယ် (သို့) ခေါင်းရင်း ဘုတ်ပြား တည့်တည့် ရှိနေတာတွေ ရှောင်သင့်ပါတယ်။ထို့ပြင် ဦးခေါင်း (သို့) ကိုယ်ပေါ် နိမ့်ဆင်းနေတဲ့ မျက်နှာကျက် အနားတွေ ကိုလည်း ရှောင်ရှားရပါမယ်။ Feng shui အိပ်ခန်းကောင်းရဖို့အတွက် လိုအပ်တာတွေ ရှိတာနဲ့ပတ်သက်ပြီးထိုအရာတွေကိုတော့ အိမ်ပိုင်ရှင်တွေ နဲ့ ညှိနှိုင်းရပါတယ်။ ၄။ အလုပ်ခန်း(သို့) ဧည့်ခန်း ကို အပြင်ပိုင်း ခြုံငုံကြည့်လိုက်လျှင် စွမ်းအင်ကြိုဆိုသော ပုံစံ ဖြစ်နေရမည်။နောက်ထပ် အရေးကြီးတဲ့ Activity ကတော့ အားလပ်ချိန်မှာ အပန်းပြေစေဖို့ အနားယူခြင်း (သို့)အလုပ်အတွက် ဧည့်ခန်း အသုံးပြုခြင်း နဲ့ အနာဂတ် အကြောင်း တွေးတောခြင်းလုပ်လေ့ရှိတာကြောင့် အပြင်အဆင်က အရေးကြီးတာ ဖြစ်ပါတယ်။ ထို့ကြောင့် ပရိဘောဂများကို ကောင်းမွန်စွာ စီစဉ်ထားခြင်းမရှိပဲ နံရံတွေ ကာကွယ်ထားခြင်း အဝေးမှ ရှုခင်းမြင်အောင် ဖွင့်ထားခြင်းမရှိ ဆိုပါက ကောင်းမွန်တဲ့ feng shui မရနိုင်ပါဘူး။ထို့ ကြောင့် အပြင်ဘက် ရှုခင်း နှင့်် ဆက်သွယ်ရရှိနိုင်သော ရှုထောင့် ကို ဧည့်ခန်းနှင့် အလုပ်ခန်းမျ က်နှာချင်းဆိုင် ပြုလုပ်ထားရပါမယ်။ထို သို့ပြုလုပ်ခြင်းက အကောင်ဆုံးစွမ်းအင် စုတ်ယူခြင်းဖြစ်ပြီး feng shui သဘောတရားအရ မင်္ဂလာရှိခြင်းပင်ဖြစ်ပါတယ်။ဒါဟာ အတွေးအမြော်အမြင်တွေကို မြှင့်တင်ပေးနိုင်ပြီး ဥစ္စာပေါကြွယ်ဝစေဖို့ ယူဆောင်ပေးပါလိမ့်မယ်။ ဧည့်ခန်း၊ အလုပ်ခန်း အပြင်ဘက် ရှုခင်းများနှင့် ဆက်သွယ်မှု ရှိနေသင့်သော ရှုထောင့် ဒါတွေ ကတော့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပြီး ကွန်ဒိုအခန်းများစီစဉ်တဲ့အခါ မင်္ဂလာ feng shui ယူဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာ၊ကျန်းမာရေး နဲ့ ဆက်ဆံရေးများ အတွက် စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါသေးတယ်။အရောင်ရွေးချယ်မှု၊အလှဆင် အသုံးပြုပစ္စည်းတွေကလည်း ကံကောင်းခြင်းတွေ ကို ယူဆောင်ပေးနိုင်ပါသေးတယ်။ ပိုပြီး ပြည့်ပြည့်စုံစုံ သိလိုသည်ဆိုပါက ကျွမ်းကျင် ပြီး အတွေ့အကြုံရှိသော feng shui ကျွမ်းကျင်သူတွေ နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ သင့်အိမ်က အခန်းတွေကို ပိုတောက်ပသွားစေမယ့် အရောင် (၈)မျိုး သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး အိမ်မှာ ပရုတ်လုံး သုံးရင် ဒါလေးတော့ သိထားပါ အဲကွန်း မသုံးပဲ မိမိအိမ်ကို အပူဒဏ်သက်သာအောင် ပြုလုပ်နည်း(၄) မျိုး Credit By :scgbuildingmaterials Posted By :Chan Myae (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties