By Ra Wai, Shweproperty.com
Updated at 3 July 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်းသုံးမီတာ သုံးစွဲသူများအတွက် ဇွန်လတစ်လုံး လျှပ်စစ်သုံးစွဲခကို ယူနစ်၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုကြောင်း ဇူလိုင်လ၂ရက် ညပိုင်းက ကြေညာခဲ့သည်။
မူလက ဇွန်လ၁ရက်မှ ၁၅ရက်အထိ အိမ်သုံးမီတာသုံးစွဲခွင့်ကို ၇၅ယူနစ်သာ အခမဲ့သုံး စွဲခွင့်ပြုခြင်းဖြစ်ပြီး COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ရက်တိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည့်အတွက် ဇွန်လ၁၆ရက်မှဇွန်လ၃၀ရက်အထိ ၇၅ယူနစ်ထပ်မံအခမဲ့ သုံးစွဲခွင့် ပြု ခြင်းဖြစ်သည်။
၁၅၁ယူနစ်အထက်သုံးစွဲသူများအနေဖြင့် ယူနစ်၁၅၀အတွက် ကျပ်၁၁၅၅၀ကျပ်ကို အခမဲ့ရရှိမည်ဖြစ်သည်။ အခမဲ့သုံးစွဲခွင့်ပြုရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သံရုံးများမပါဝင်ကြောင်း သိရသည်။
Ref & Photo Credit: Mizzima Burmese
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties