By စိုးစိုး(ဘားအံ), Shweproperty.com
Updated at 22 July 2012
၂ဝ၁၁ ခုနှစ် စက်တင်ဘာလ မှစတင်ကာ တည်ဆောက်အကောင် အထည်ဖော်လျက်ရှိသော ဘားအံ စက်မှုဇုန်၏မြေကွက်တစ်ကွက်ချင်း တန်ဖိုးများကို သက်ဆိုင်ရာမှရင်းနှီးမြုပ်နှံလုပ်ကိုင်မည့် စီးပွားရေးလုပ် ငန်းရှင်များအား ထုတ်ပြန်ကြေညာ မှုပြုထားကြောင်း သတင်းရရှိသည်။ဘားအံစက်မှုဇုန် ၁၊ ဇုန် ၂၊ ဇုန် ၃၊ ဇုန် ၄ ခွဲခြားထားပြီး ဇုန် ၁ တွင် ပထမတန်းမြေကွက်တစ်ဧက ကျပ် ၄၅ဝ သိန်း၊ ဒုတိယတန်းမြေ ကွက်တစ်ဧက ကျပ် ၄ဝဝ သိန်း၊ တတိယတန်းမြေကွက်တစ်ဧက ကျပ် ၃၇၅ သိန်း၊ ဇုန် ၂ တွင် ပထမ တန်းမြေကွက်တစ်ဧက ကျပ် ၃ဝဝ သိန်း၊ ဒုတိယတန်းမြေကွက်တစ်ဧက ကျပ် ၂၅ဝ သိန်း၊ တတိယတန်းမြေ ကွက်တစ်ဧကကျပ် ၂ဝဝ သိန်း၊ ဇုန် ၃ တွင် ပထမတန်းမြေကွက်တစ်ဧက ကျပ် ၂၅ဝ သိန်း၊ တတိယတန်း မြေကွက်တစ်ဧက ကျပ် ၂ဝဝ သိန်း၊ ဇုန် ၃ တွင် ပထမတန်းမြေကွက်တစ် ဧက ကျပ် ၂၅ဝ သိန်း၊ ဒုတိယတန်း မြေကွက်တစ်ဧကကျပ် ၂၂၅ သိန်း၊ တတိယတန်းမြေကွက်တစ်ဧကကျပ် ၂ဝဝ သိန်း၊ ဇုန် ၄ တွင် ပထမတန်း မြေကွက် (၈ဝဒ ထ ၈ဝဒ) ကျပ် ၄ဝ သိန်း၊ ဒုတိယတန်းမြေကွက်(၈ဝဒ ထ ၈ဝဒ) ကျပ် ၃၅ သိန်း၊ တတိယတန်း မြေကွက် (၈ဝဒ ထ ၈ဝဒ) ကျပ် ၃ဝသိန်း တို့ဖြစ်ကြောင်းသိရှိရပြီး လက်ရှိ မြေဧက ၁ဝဝဝ ခန့်ကျယ်ဝန်း၍ နောက်ထပ် မြေဧက ၁ဝဝဝ ခန့် ထပ်မံတိုးချဲ့သွားရန်ရှိကြောင်းသိ ရှိရသည်။
''မနှစ်က ထိုင်းနိုင်ငံအတွင်း ရက်ရှည်ရေကြီးမှုဖြစ်ပေါ်လာလို့ ထိုင်းစက်ရုံတွေ ရပ်ဆိုင်းမှုရှိခဲ့ပြီး နေရပ်ပြန်လာသူရွှေ့ပြောင်းအလုပ် သမားတွေအတွက် ဘားအံစက်မှု ဇုန်က အံဝင်ခွင်ကျဖြစ်လာမယ့် သဘောရှိပါတယ်။ ဒါဆိုရင် နိုင်ငံ တော်အတွက် လူသားအရင်းအမြစ် တွေရရှိလာပြီး ကုန်ထုတ်အရင်းအ မြစ်နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်'' ဟု ဒေသခံစီးပွားရေးသမားတစ်ဦး က ပြောကြားသည်။
အဆိုပါစက်မှုဇုန်မြေနေရာကုန် ကျမှုကို တာဝန်ခံတည်ဆောက်နေ သည့် သံလွင်ဧရာကုမ္ပဏီ (Developer) မှ လမ်း၊ မီး၊ ရေရရှိရေးလုပ် ငန်းကုန်ကျမှုကိုတွက်ချက်ကာ မြေ ကွက်တန်ဖိုးများအား ထိုက်သင့်ချို သာနှုန်းထားများဖြင့် တွက်ချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ စက်မှု ဇုန်အတွင်း စားသောက်ရေးလုပ်ငန်း၊ နေထိုင်ရေးလုပ်ငန်း၊ ဝတ်ဆင်ရေး လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေး ကိရိယာလုပ်ငန်း၊ စက်မှုလက်မှုသုံး ကိရိယာလုပ်ငန်း၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်း၊ အထွေထွေစက်မှုလုပ် ငန်း၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်း၊ ဝန် ဆောင်မှုလုပ်ငန်းများပါဝင်နေခြင်း ကြောင့် လိုအပ်သောလျှပ်စစ်လုံ လောက်မှုအတွက် ယခုအခါ လျှပ်စစ် သွယ်တန်းမှုအား ၆၆ KVA ဓာတ် အားလိုင်းမှ ဓာတ်အားခွဲရုံသို့ ၂ MDA ထရန်စဖော်မာရှိပြီဖြစ် ကြောင်း ဇုန် ၁၊ ၂၊ ၃၊ ၄ အတွက် လည်း ၂ဝ MDA ထရန်စဖော်မာ လိုင်းဖြန့်ဝေရန်စီစဉ်ထားရှိကြောင်း စက်မှုဇုန်အတွင်း အပြင်လမ်းများကို လည်း ကြံ့ခိုင်ကောင်းမွန်အဆင့်မီ သည့် နိုင်လွန်ကတ္တရာခင်းကျင်းမှု များလည်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties