By Ra Wai, Shweproperty.com
Updated at 16 December 2021
အိမ် ခြံ မြေ အရောင်းအ၀ယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအ၀ယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ စျေးကွက်အခြေအနေ ပေါ်မူတည်ပြီးတော့ ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ၀ယ်ယူသူအနေနဲ့ စရန်ငွေချထားသင့်တယ်လို့ သိရပါတယ်။ စရန်ငွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။ စရန်ငွေပေးခြေရာမှာ ၀ယ်သူအနေနဲ့ သတိပြုရမယ့် အချက်မှာ အရောင်းအ၀ယ် ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်စျေးပိုပြီး စျေးကောင်းပေးသူ၊ စျေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ နှစ်ဆကိုလျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါတယ်။ ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မ၀ယ်ဖြစ်တော့တဲ့၀ယ်သူကို လူမှုရေးငဲ့တဲ့ အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အဲ့သည့် အရောင်းအ၀ယ်လည်းမဖြစ်၊ တခြား၀ယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်း ဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။ အလားတူ တချ့ိုရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေ ပြန်အမ်းဖို့ မြေကိစ္စတွေ ရှင်းလင်းဖို့စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိ အခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။ ၀ယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအ၀ယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ ဖြစ်စေ၊ ထပ်မံ ဖြည့်စွက်စရာရှိလို့ ဖြစ်စေ ထပ်မံဆွေးနွေးဖို့ ရှိလာရင် စရန်ငွေပေးထားပြီး ဖြစ်တာကြောင့် ၀ယ်သူအနေနဲ့ အားနည်းချက် ရှိနေမှာဖြစ်ပါတယ်။ အိမ်ခြံမြေ ၀ယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြာတစ်ခုမှာ မြေအကျယ်အ၀န်း စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အဓိကအကျဆုံးစရန်စာချုပ် ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ Credit By: ဥပဒေရေးရာ Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties