By 7daydaily, Shweproperty.com
Updated at 1 September 2015
ဆောက်လုပ်ရေး လုပ် ငန်းရှင်များ စုစည်း၍ လက်ရှိရင် ဆိုင်နေရသည့် အကျပ်အတည်း များကို အစိုးရ အဖွဲ့ထံ တင်ပြရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
‘‘ဘဏ်ကနေ ဝင်ထိန်းပေး တာမျိုး၊ တစ်ခုခုထောက်ကူပေး တာမျိုး လုပ်ဖို့ အစိုးရထံတင်ပြ တောင်းခံသွားမှာပါ’’ ဟု AKU ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။
ကန်ထရိုက် တိုက်ခန်းများ အရောင်းအဝယ် ရပ်နေခြင်း၊ ဘဏ်များက ချေးပေးသည့် ပမာ ဏနည်းပါးနေခြင်း၊ ဆောက်လုပ် ရေး လုပ်ငန်းအပေါ် ဝင်ရောက် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအပေါ် စိစစ်ခြင်း ပုံစံများအထိအစိုးရက ကူညီပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်တော် သမ္မတအကြံ ပေးတွေနဲ့ တွေ့တိုင်း ဒီကိစ္စကို ခဏခဏ ပြောပါတယ် တစ်ခုခု ဝင်လုပ်ပေးဖို့ပါ’’ ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးကဆိုသည်။
လက်ရှိတွင် ဆောက်လုပ် ရေးလုပ်ငန်းရှင်ကြီးအများစုသည် ကျပ်ဘီလီယံနှင့်ချီပြီး အကြွေးတင်နေမှုများပင် ရှိသည်ဟု ၎င်းက ဆိုထားသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန် တွင် ကွန်ဒိုများအလုံးအရင်းဖြင့် တည်ဆောက်ခြင်းမှာ ငွေချေးယူ ရန်ဗန်းပြလုပ်ကိုင်သည့် ဆောက် လုပ်ရေး လုပ်ငန်းရှင်အချို့ ပေါ် ထွက်လာပြီး အများစုက အခြား စီးပွားရေး လုပ်ငန်းများမှ ခေတ် ကောင်းသောကြောင့် ကူးပြောင်း လာသူများလည်း ရှိသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရသည် ဟု မြမြင့်မိုရ် ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။
‘‘ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်တဲ့ဈေးကွက် အခက်အခဲ တော့ စတွေ့နေပြီ’’ ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် တစ်ဦး က ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties