By The Myanmar Times, Shweproperty.com
Updated at 6 September 2017
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အပေါင် ပစ္စည်းမလိုဘဲ ချေးငွေပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက အာမခံပေးရန် လိုအပ်ကြောင်း ဘဏ် လုပ်ငန်းရှင်များက ပြောသည်။
''အသေးစား ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချေးငွေပေးမယ်ဆိုရင် တိုင်းဒေသကြီးအစိုးရက အာမခံ ပေးရမယ်။ အာမခံမရဘဲ ချေးငွေပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ချေးငွေရခဲ့မယ်ဆိုရင် တိုင်းဒေသကြီး အစိုးရတွေ၊ တာဝန်ရှိတဲ့ အာဏာပိုင်တွေနဲ့ည§ိပြီးတော့ ချေးငွေပေးသွားမှာပါ။ အခုထိတော့ ချေးငွေရမယ်လို့ တရားဝင် အကြောင်းကြားတာလည်း မရှိသေးတော့ ကြိုတင်ဆောင်ရွက်နေတာတွေလည်း မရှိပါဘူး''ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဥက္ကဠ ဦးဝင်းဇော်က ယခုလ ၅ ရက်တွင် ပြောသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် ဈေးကွက်ကျဆင်းမှုကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေသော လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် အပြီးသတ်ရန် ခက်ခဲနေသည့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများအနက် အလားအလာကောင်းသော လုပ်ငန်းများကို နှစ်ဆင့်ခံချေးငွေများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားသည်ဟု သြဂုတ်လကုန်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘ@ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြား ထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ချေးငွေထောက်ပံ့ပေးနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ငွေကြေး မလည်ပတ်နိုင်သော အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို အပေါင်ခံပစ္စည်းဖြင့် ငွေချေးပေးခဲ့ဖူးကြောင်း ဦးဝင်းဇော်က ပြောသည်။
''အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တစ်ခါမှ ချေးငွေမပေးဖူးသေးဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အကြီးစားဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ငွေကြေးမလည်ပတ်နိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ၃ဝ ဘီလျံ ချေးဖူးပါတယ်''ဟု ၎င်းက ပြောသည်။
စီမံကိန်းတစ်ခုအနေဖြင့် အသေးစားလုပ်ငန်းရှင်များကို ချေးငွေပေးမည်ဆိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ပေးမည်ဖြစ်သည်ဟုလည်း ဦးဝင်းဇော်က ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် ဘဏ်များနှင့်ချိတ်ဆက်ပြီး ချေးငွေရယူရန် အခက်အခဲများရှိနေကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
''ဘဏ်တွေက ချေးငွေတောင်းရင် ဆောက်လုပ်ရေး၊ သတ္တု၊ သစ်တော၊ ကျောက်မျက်၊ စွမ်းအင်နဲ့ ပတ်သက် တာတွေကို ချေးငွေများများ ပေးလေ့မရှိကြဘူး။ ဘဏ်မှာ အာမခံပစ္စည်းမပေးဘဲ လုပ်ငန်းပေါ်ကြည့်ပြီး ချေးငွေပေးဖို့ ဥပဒေလိုတယ်လို့ ပြောတယ်။ အပေါင်ပစ္စည်းပေးမှ ချေးငွေပေးမယ်လို့ ဘဏ်တွေဘက်က ပြန်ပြောတယ်''ဟု အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
ဘဏ်ချေးငွေရယူရန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကို အပေါင်ပစ္စည်းအဖြစ် ထားမရသည့်အတွက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အခက်အခဲရှိသည်ဟုလည်း ၎င်းက ပြောသည်။
''ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေရဖို့ ကြိုးစားနေတယ်။ သူတို့က အပေါင်ပစ္စည်းပေးမှ ချေးငွေပေးမယ် ပြောတယ်။ အပေါင်ပစ္စည်းရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ချေးငွေပြန်ရနိုင်တယ်။ အပေါင်က သိန်း တစ်သောင်းခွဲပေးမယ်ဆိုရင် သိန်း၃,ဝဝဝ လောက်ပဲ ချေးငွေပြန်ရနိုင်တယ်။ အပေါင်ပေးဖို့ဆိုလည်း မြေကွက်တွေပဲ ထားလို့ရတယ်။ တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို အပေါင်မထားနိုင်တော့ အခက်တွေ့ရတယ်။ တန်ဖိုးမြင့်ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေကို အပေါင်ပစ္စည်းအနေနဲ့ ထားနိုင်ဖို့ တိုက်ခန်းအိမ်ရာဥပဒေ လိုအပ်တယ်''ဟု ဦးရန်အောင်က ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ချေးငွေများ ရယူရန်ခက်ခဲနေပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်အပါအဝင် အခြားပုဂ္ဂလိကဘဏ်များမှ ချေးငွေရယူရန်လည်း မလွယ်ကူကြောင်း မြတ်မင်း ဆောက်လုပ်ငန်းရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။
''အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ဆောက်လုပ်ရေးလုပ်ငန်းတွေ ဈေးကွက်ကျဆင်းနေတာ၊ လုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်တာတွေက အရင်းအနှီးနည်းနေလို့ ချေးငွေမရလို့ပါပဲ။ ချေးငွေဆိုင်ရာဥပဒေတွေ အမြန်ပြဠာန်းဖို့ လိုနေပါတယ်။ တချို့ဘဏ်တွေက ပြောတယ်၊ သူတို့မှာ ပိုက်ဆံရှိတယ်၊ ချေးပေးချင်ပေမဲ့ ဥပဒေမရှိလို့ ချေးငွေမပေးနိုင်ဘူး''ဟု ၎င်းက ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties