By ကုမုဒြာ, Shweproperty.com
Updated at 5 June 2013
မြို့တော်စည်ပင်မှ ဗိုလ်မင်းရောင်၊ ဧရာဝဏ်နှင့် မင်းရဲကျော်စွာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ တည်ဆောက်ရန်အတွက် တင်ဒါရွေးချယ်မှု စတင်လျက်ရှိကြောင်း “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)”မှ သတင်းရရှိသည်။
အဆိုပါ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများမှ တင်ဒါလျှောက်ထားမှုအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခေါ်ယူခဲ့ကြောင်း၊ တင်ဒါလျှောက်ထားသော ကုမ္ပဏီစုစုပေါင်း နှစ်ဆယ်ကျော်မှ လျှောက်လွှာ အရေအတွက် နှစ်ရာကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
“အစတုန်းက တင်ဒါခေါ်တာက အိမ်ရာစီမံကိန်းလေးခုအတွက် ခေါ်တာပါ၊ တည်ဆောက်ရေး ကုမ္ပဏီရွေးပြီးတာက ဗိုလ်ဗထူးတစ်ခုပဲရှိသေးတယ်၊ ကျန်တဲ့ စီမံကိန်း သုံးခုအတွက်ကတော့ အခုမှ စရွေးရမှာ”ဟု ‘ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထပ်မံတည်ဆောက်မည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများတွင် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဧရာဝဏ် စီမံကိန်းကို ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မင်းရဲကျော်စွာစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။
ယင်းစီမံကိန်းများ တည်ဆောက်ရာ၌ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း လူနေတိုက်ခန်း ၆၄၈ ခန်း၊ ဧရာဝဏ် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း အိမ်ခန်း လေးထောင်ကျော် တည်ဆောက်ရန် လျာထားကြောင်းသိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းများအား ၂၀၁၅ ခုနှစ်အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref :myanmarproperty
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties