By DVB, Shweproperty.com
Updated at 21 June 2016
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ ပလပ်စတစ်ကောက်သမားအဖိုးအိုတဦး သေဆုံး ပြီးတဲ့နောက် သူ့မှာ ဘတ်ငွေ ၁ သန်းကျော်အပြင် မြေ ၂ ကွက်ပါ ပိုင်ဆိုင်တဲ့ အထောက်အထား တွေ့ရှိကြောင်း sanook.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆမွတ်ပရကန်မြို့ ထိုက်ဘန့်ရပ်ကွက် အဆိုကာရမ်ဘုန်းကြီးကျောင်း အနောက်ဘက်မှာ ဇွန်လ ၁၉ ရက်နေ့က အပုပ်နံ့တွေ ထွက်နေကြောင်း ပြည်သူတို့က တိုင်ကြားတဲ့အတွက် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အနံ့အသက်ထွက်ရာ အိမ်ဟောင်းတလုံးကို ဝင်ရောက် စစ်ဆေးရာမှာ အိမ်သာထဲ သေဆုံးနေတဲ့ အသက် ၈၄ နှစ်ရွယ်ရှိ နိုင်းအုန်းအတ်ရာ့ချ်ဝုန်း အမည်ရှိ အဖိုးအိုရဲ့အလောင်းကို တွေ့ခဲ့တာလို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
အဖိုးအိုဟာ သူမသေခင်က ဘဏ်စာအုပ်နဲ့ တခြားအရေးကြီး စာရွက်စာတမ်းတွေကို အဆိုကာရမ်ဘုန်းကြီးကျောင်း ဆရာတော်ဆီ သိမ်းဆည်းထားခဲ့ပြီး တာဝန်ရှိသူမှာ စစ်ဆေး ကြည့်ရှုရာမှာ ဘဏ်စာအုပ်ထဲမှာ ငွေပေါင်းဘတ် ၁ သန်း ၃ သိန်း ၄ သောင်း စုဆောင်း ထားတာတွေ့ရှိသလို ချင်းမိုင်မှာလည်း အကျယ် ၂ ဧကရှိ မြေ ၂ ကွက် ပိုင်ဆိုင်ကြောင်း မြေဂရံအထောက်အထားပါတွေ့ရတယ်လို့ ဆိုပါတယ်။
အဖိုးအိုဟာ ယခင်ကလည်း တံတားဆောက်ဖို့နဲ့ ဘုန်းကြီးကျောင်းဆွမ်းဆန်အတွက် ဘတ် ၇ သန်းကျော် လှူဒါန်းခဲ့တယ်လို့ ဆိုကာ ရမ်ကျောင်းတိုက်ရှိ သံဃာတစ်ပါးက မိန့်ပါတယ်။
အဖိုးအိုမှာ ယခင်က အစိုးရဌာနတစ်ခုက ယာဉ်မောင်းဝန်ထမ်းဖြစ်ခဲ့ပြီး ယခုလက်ရှိနေအိမ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်က လာရောက် ငှားရမ်းနေထိုင်ကြောင်း၊ တဦးတည်းနေထိုင်ကာ နေ့စဉ် ပလပ်စတစ်နဲ့ ဗူးခွံတွေလိုက်လံကောက်ယူရောင်းချတဲ့အလုပ်ကိုလုပ်ကြောင်း၊ မတွေ့ရတာ တစ်ပတ်ကျော်ကြာတဲ့အတွက် ရဲကိုအကြောင်းကြားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောပါတယ်။
တာဝန်ရှိသူတွေက အဖိုးအို သေဆုံးရပုံနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးသွားမှာဖြစ်သလို သက်ဆိုင်ရာဆွေ မျိုးတွေ ကိုလည်း လာရောက်ဆက်သွယ်ဖို့ ကြေညာထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Ref : DVB
Photo Credit : DVB
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties