By Ra Wai, Shweproperty.com
Updated at 14 February 2022
အိမ်ရှင်မတော်တော်များများဟာ မီးဖိုချောင်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ဂရုစိုက်မှုတော့ ရှိကြပါတယ်။ ဒါပေမယ့် မိမိလုပ်ဆောင်တဲ့ နည်းလမ်းတွေက မှားနေတာတွေလည်း ရှိပါတယ်။ မီးဖိုချောင်ကောင်တာကို ဘတ်တီးရီးယား သန့်စင်ဆေးရည်တွေနဲ့ ပွတ်တိုက်သန့်ရှင်းတာမျိုးတွေ၊ အသားငါးကိုင်ရာမှာ ပိုးမွှားသန့်စင်အောင် ရေဆေးတာတွေ လုပ်ကြပါတယ်။ ဒါပေမယ့် မီးဖိုချောင်ကောင်တာကို သန့်ရှင်းပွတ်တိုက်တာကလည်း မီးဖိုချောင်ကို ဘတ်တီးရီးယားကင်းရှင်းအောင် ထားရာမှာ မထိရောက်ဘဲ အသားငါးတွေကို ရေနဲ့ဆေးတာကလည်း ဘက်တီးရီးယားတွေကို ပိုမိုပျံ့ပွားစေပါတယ်။ အိမ်တွေရဲ့ မီးဖိုချောင်တွေကို သုတေသနပြုခဲ့ရာ အိမ်တစ်အိမ်မှာ မီးဖိုချောင်ကောင်တာကို သန့်ရှင်းထားပေမယ့် စမ်းသပ်လိုက်တဲ့အခါမှာတော့ ကောင်တာပေါ်မှာ ဘက်တီးရီးယားတွေ ပြန်ပေါက်ပွားနေခဲ့ပါပြီ။ တကယ်တော့ မီးဖိုချောင်ကောင်တာမျက်နှာပြင်တွေကို ဘက်တီးရီးယား သန့်စင်ဆေးရည်နဲ့ ပွတ်တိုက်တာဟာ အချိန်ကုန် ငွေကုန်ရုံသက်သက် ဖြစ်နေခဲ့ပါတယ်။ NSF International ရဲ့ လေ့လာတွေ့ရှိချက်အရ အစားအစာနဲ့ အူလမ်းကြောင်းတို့မှာ တွေ့ရတတ်တဲ့ E. coli ဘက်တီးရီးယားတွေ အများဆုံးဖြစ်ပေါ်တဲ့ မီးဖိုချောင်ထဲက နေရာကတော့ ပန်းကန်ဆေးတဲ့ ရေမြှုပ်ပဲဖြစ်ပါတယ်။ ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေမှာ ဘက်တီးရီးယား (၇၅)ရာခိုင်နှုန်း တွယ်ကပ်နေပြီး အခြားနေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မီးဖိုချောင်ဘေစင်မှာ (၄၅)ရာခိုင်နှုန်း မီးဖိုချောင်ကောင်တာတွေမှာ (၃၂)ရာခိုင်နှုန်း စင်းနှီးတုံးတွေမှာ (၁၈)ရာခိုင်နှုန်း တို့ဖြစ်ပါတယ်။ သန့်စင်ခန်းတွေကို စမ်းသပ်ကြည့်ရာမှာတော့ ဘက်တီးရီးယားတွေက- သွားတိုက်တံထည့်တဲ့ ခွက်တွေမှာ (၂၇)ရာခိုင်နှုန်း တံခါးလက်ကိုင်တွေမှာ (၉)ရာခိုင်နှုန်းတို့ရှိတာ တွေ့ရပါတယ်။ အများအားဖြင့် E. coli ဘက်တီးရီးယားတွေက အန္တရာယ်သိပ်မကြီးပေမယ့် အူလမ်းကြောင်းကိုတော့ ဒုက္ခပေးတတ်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်စေပါတယ်။ အရီဇိုးနားတက္ကသိုလ်က အဏုဇီဝဗေဒပရော်ဖက်ဆာ ဒေါက်တာ Chuck Gerba ရဲ့ လေ့လာတွေ့ရှိချက်အရ အိမ်သာခွက်တွေမှာတောင် (၁)စတုရန်းလက်မမှာ ဘက်တီးရီးယား (၅၀)သာရှိပေမယ့် ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေမှာတော့ (၁)စတုရန်းလက်မမှာ ဘက်တီးရီးယား (၁၀)သန်းရှိပြီး ပန်းကန်ဆေးရေမြှုပ်က အိမ်သာထက်ပင် အဆ (၂)သိန်း ပိုညစ်ပတ်ကြောင်း သိရပါတယ်။ ဒါကြောင့် အိမ်ရှင်မအားလုံးပဲ မီးဖိုချောင်ထဲမှာ ဘယ်အရာက အညစ်ပတ်ဆုံးလဲဆိုတာ သိသွားကြပြီဆိုတော့ အတတ်နိုင်ဆုံး ပန်းကန်ဆေးရေမြှုပ်တွေကို ခြောက်သွေ့သန့်ရှင်းအောင် ထားပြီး ဘက်တီးရီးယားပြန့်ပွားခြင်းကို တားဆီးကာကွယ်ကြဖို့ အသိပေးတင်ပြလိုက်ရပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: Shwemom Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties