စားဝတ်နေရေး ဟုဆိုရာတွင် အစာအာဟာရသည်လည်း လူသားတို့ အသက်ရှည်နေနိုင်ရေးအတွက် အရေးကြီးလှသလို နေရေးထိုင်ရေးအတွက် နေအိမ်ကောင်းကောင်း တစ်လုံး တည်ဆောက်ရရှိရေးသည်လည်း အလွန်ရေးကြီးပေသည်။ လှဲလှောင်းစရာ သင့်လျော်သည့် ကိုယ်ပိုင်အိမ်လေးတစ်လုံးမှ မပိုင်ဆိုင်ထားဘူးဆို နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတာ အဓိပ္ပာယ်မဲ့နေရပေမည်။
 
ထို့ကြောင့်လည်း ဝေဒင်္ဂ တို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာရွတ်ဆို မှတ်သားပြီး ယခုကဲ့လမ်းညွှန်နိုင်အောင် ဗိသုကာကျမ်းများအဖြစ် မှတ်တမ်းတင်ထားရှိခဲ့ခြင်းဖြစ်ပေမည်။

အသက်တွက်ပြီးမှ အိမ်ဆောက်ပါ

အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါသည်။ ဒီအချက်ကို ကာရံလင်္ကာနဲ့ ညွှန်းထားပုံမှာ -

“အိမ်သစ်ဆောက်လိုများလူဗိုလ်၊ သက်ကိုရှစ်ခုစား”

တစ်ခုကြွင်းမူသူဌေးယူ၊ နှစ်မူသူကြွယ်သား။
လေးခုကြွင်းငြားရွှေလှေခါး၊ ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊အိမ်သစ်မဆောက်အပ်တဲ့။

မိမိရဲ့ အသက်တည် (၈)နဲ့ စားလိုက်သော် -

၁ ကြွင်းသော် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂ ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့၊
၄ ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅ ကြွင်းရင်လည်း ထိုထက်ပိုကောင်းပါတယ်။

၃၊ ၆၊၇နဲ့ သုညကြွင်းသော် ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ဟု ဆိုခြင်းဖြစ်ပါသည်။
ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များခြင်း၊ စီးပွားကျခြင်း၊ ရောဂါဘယပွားခြင်း စတာတွေဖြစ်နိုင်သည်ဟုဆိုသည်။



အိမ်သစ်ဆောက်မယ့် မြေနေရာရွေးနည်း

အိမ်သစ်ဆောက်သင့်တဲ့ အချိန်အခါကောင်းဖြစ်က အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင် ဆောက်မယ့်မြေလည်း သေချာရွေးချယ်ရပေမည်။ စနစ်တကျရွေးချယ်မှ အိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အပေါင်း ကင်းဝေးနိုင်ပါမည်၊ မြေရွေးနည်း လင်္ကာကတော့ -

“အဆင်းဖြူငြားမြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ အဆင်းနီလွင်မြေဘုရင်၊ မင်းလျှင်ဖြစ်တတ်ပါ”
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။အဆင်းဝါဘိမြေပကတိ၊ သုခိအဝေရာ။အဆင်းပြာလျှံ၊ ကေသပံ၊နိုင်ငံတည်ထောင်ရာ။ မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ဆောက်ထားဇရပ်သာ။မြေဒါသမှာဥယျာဉ်သာ၊လယ်မှာလုပ်လေပါ၊ မြေပကတိကိုရဟန်းဆို၊နေလို့ကောင်းလေစွ။

လင်္ကာရဲ့ဆိုလိုရင်းမှာ မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထားသင့်တယ်ဆိုသည့် သဘောသက်ရောက်ပါသည်။သေသေချာချာပြောရရင် အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်သည်။ ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမည်။

မြေအဆင်းနီရင် ထိုမြေကိုမြေဘုရင်လို့ သတ်မှတ်ပြီး အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီးအကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမည်ဟု ဆိုသည်။

အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်ပြီး ထိုမြေပေါ်တွင် အိမ်မဆောက်သင့်ပေ။ ဘေးရန်များတတ်ပါသည်။ ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါသည်။

အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါသည်။ မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ်လည်း သတ်မှတ်ပါသည်။ ထိုမြေသည် အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးဖြစ်သည်။

မိမိအတွက် အကျိုးလည်းထူး၊ မိသားစုဝင်တိုင်းအတွက်လည်း အကျိုးရှိစေမယ့် အိမ်ရာမျိုးကို ရွေးချယ်ဆောက်ခြင်းဖြင့် ကိုယ့်ရဲ့ ကံကြမ္မာကောင်းတွေကို ကိုယ်တိုင်ဖန်တီးယူနိုင်စေရန် ရည်ရွယ်ကောက်နုတ်အပ်ပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ

အိမ်၊ တိုက်ခန်းတွေမှာ အတိတ်နိမိတ်ကောင်းအောင်၊လာဘ်လာဘတွေ ရွှင်လမ်းအောင် ဖုန်းရွှေ လိုအပ်သလား
 
အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း
 
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်

Credit By : Aye Sandar (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)