ငယ်စဉ်ကတော့ လူကြီးတွေ‌ပြောစကားအရ ဂမုန်းဟူသော အပင်သည် အစွမ်းသတ္တိ တစ်ခုခုရှိနေတာ အမှန်ပဲလို့တော့ တွေးခဲ့ဘူးပါတယ်။ အမြင့်တစ်နေရာမှာ သီးသန့်ထားတက်ကြတယ်။အသန့်ကြိုက်တယ်။ အမွှေးနံသာဖြန်းပေးရတယ်။ အမွှေးတိုင်ထွန်းပေးရတယ် စသဖြင့် မြင်ဘူး တွေ့ဘူးခဲ့ပါတယ်။ ထိုစဉ်ကစိတ်ထဲမှာတော့ ယင်းအပင်သည် အစောင့်အရှောက်အပင်ဟုလို့ပင်ထင်မှတ်ခဲ့ဘူးသည်။ 

မိန်းကလေးပင် ထို အပင်ကို မသန့်ရှင်းသော အရာဖြင့်ထိမိပါက ဘုန်းကံနိမ့်သွားတက်ဟူသော ပါးစပ်ရာဇဝင်လိုလို ၊ အယူအစွဲတစ်ခုလို သုံးနှုန်းခဲ့ကြပါသေးတယ်။ ဂမုန်းဟူသောကို ဆက်ရမည်ဆိုလျှင် ဂမုန်းဟူသောအမည်မှာ ဥရှိသောအပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည်ဖြစ်ပါတယ်။ အချို့မှာ တော့ မြေပြင်မှာပေါက်သည်။ အချို့ကတော့ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်ပြီး ပင်ဆင့်မျိုးမှာ ရုက္ခဗေဒ ပညာရပ်အားဖြင့် ပါရာဆိုက်များဖြစ်တယ်လို့မှတ်သားဖူးသည်။

သာမန်အားဖြင့်တော့ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်ပါတယ်။ မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍ ယူလို့မရတော့ပေ။ ဂမုန်းကိုတော့ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်းတို့မှာ ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ရှိတယ်လို့ ပြထားပေသည်။ ဂမုန်းအမျိုးပေါင်း ၁၀၉ မျိုးရှိတယ်လို့ ဆိုပါတယ်။ 

ယင်းဂမုန်းထဲမှာပင် စိုက်အပ်သော ဂမုန်း ၃၇ မျိုး ၊မစိုက်အပ်သော ဂမုန်း ၇မျိုး အိမ်မှာစိုက်ရင်လူခိုက်တတ်သည့်ဂမုန်းပင်(၃)မျိုး စသဖြင့်ရှိပါသေးတယ်။ရှေးခေတ်ကမြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊ရာထူးအာဏာတိုး တက်ဖို့၊ဧည့်ကောင်းဆောင်ကောင်းလာဖို့၊မီးကွင်းဖို့၊သူခိုးဓားပြအန္တရာယ်ကင်းဖို့ဆိုပြီးခြံဝန်းထဲမှာစိုက်ပျိုးခဲ့ကြပါတယ်။ 



ယနေ့ခေတ်မှာတော့အိမ်တွင်းအလှပင်လေးတွေအဖြစ်ပါစိုက်ပျိုးလာကြပါတယ်။ဒါဟာ ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှအိမ်တွင်းမှာလုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်းရှိနေ သေးတယ်ဆိုတာ မေ့ထားလို့မရပါဘူး။မြန်မာလူမျိုးတွေရဲ့ လက်သုံးစကားအရ ရှေးထုံးလည်း မပယ်နဲ့ဆိုတဲ့ စကားအတိုင်း ဂမုန်းစိုက်တော့မယ်ဆိုရင်တော့ လေ့လာထားတာ အကောင်းဆုံးပါပဲ။ မစိုက်အပ်သည့်အရာမှာ ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှတစ်ပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ဒန့်သလွန်သီးနဲ့အပင်ချင်းတူပါတယ်။


ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကိုစီးပွားလာဘ်လာဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေဒီအပင်ကိုကျော်ဖြတ်မိပါက အူကျခြင်းကိုဖြစ်စေတက်တယ်လို့တချို့ကလည်းပြောကြပါတယ်။ ထို့အပြင်ငါးရံ့၊ငါးကွင်းနှင့်ဆင်စွယ်တစ်ထောင့်ရောချက်ပါကဒူလာသွေးဝမ်းပျက်တယ်လို့လည်းပြောကြပါတယ်။ ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦးအကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်းပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ဂမုန်းပင်ပဲဖြစ်ပါတယ်။ ဂမုန်းစိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။

 ဆင်ဂမုန်းရဲ့အရွက်ဟာကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း မိသားစုထဲမှတစ်ယောက်ယောက်ကို ကျန်းမာရေး ခို့ယွင်း စေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ၉၀ရာခိုင်နှုန်းဟာ ကျန်းမာရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါသေးတယ်။ 

ဆင်ဂမုန်းဟာအိမ်တွင်းမှ စိုက်ပျိုးဖို့လုံးဝမသင့်တော်တဲ့ဂမုန်းပင်တွေထဲမှာတစ်ခုအပါအဝင်ပါပဲ။ကုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။

သုတေသနလုပ်သူတွေမှ ကုမုဒ်ကြာဂမုန်းကိုစိုက်ပျိုးလေ့လာခဲ့ရာမိသားစုတွင်းပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ကုမုဒ်ကြာဂမုန်းကိုနုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုသောကတွေငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်သင့်အိမ်တွင်းမှာကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုပေးခြင်ပါတယ်။

ယခု စီးပွားတိုးဂမုန်းလို့ရောင်းချနေကြသော အပင်များကို ရွက်လှပင် ၊ ပိန်းပင် စသဖြင့်သာ ပြောရောင်းလေ့ရှိကြပါတယ်။ ဂမုန်းပင်ဆို နတ်ကြီးတယ်ဆိုပြီးလူတွေကဝယ်ယူလေ့မရှိသလို လက်ဆောင်ရခဲ့သော် နေအိမ်တွင် ဖျားနာစီးပွားလျော့မှုရှိခဲ့သော် ထိုအပင်များကို ယိုးစွပ်ပြီးလွှင့်ပစ်တက်ကြသေးပါတယ်။ ဒါကတော့ မြန်မာလူမျိုးတွေရဲ့ အစွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့  သိပ္ပံဆန်ဆန်တွေးလို့တော့ မရနိုင်ပါဘူး။ 

ယုံကြည်ရာ ကိုးကြယ်ရာဆိုသလိုမိုးပါပဲ။စီးပွားဂမုန်းမျိုးကိုကား အမည်သစ်ဆန်းမှည့်ခေါ်စေမူ ထူးခြားပြသနာရှိနိုင်မည်မဟုတ်သော်လည်း လာဘ်လာဘအရာများအတွက် သက်ဆိုင်ရာဂါထာ မန္တာန်တို့ဖြင့် စိုက်ပျိုးနိုင်ပါတယ်။ဂမုန်း၂မျိုးကိုကား သက်ဆိုင်သော ဒေသန္တရအမည်အခေါ်များ အဥ ၊အပွင့်တို့အဆင်းရောင်တို့ဖြင့် သတ်မှတ်မှုများ ရှေးဆရာတို့အမည်နာမသတ်မှတ်မှုများကိုသာ မှတ်ယူသင့်ပါတယ်။

အကြောင်းရင်းကား ဂမုန်းမျိုးတို့သည် သဘာဝအားဖြင့်ဆေးဘက်ဝင်ခြင်း ၊ဂမ္ဘီရဆန်းကြယ်အစောင့်ရှောက်များရှိနိုင်ခြင်းတို့ကြောင့် သတ်မှတ်ချက်မှားခဲ့သော် ယတြာပြုခြင်း သက်ဆိုင်ရာ အစီရင်လုပ်ခြင်းတို့တွင်လွဲချော်နိုင်သောကြောင့် အစီရင်ပြုသူတို့ ပြုသလောက်အကျိုးမရခြင်းများကိုတွေ့ကြုံရမှာဖြစ်ပါတယ်။အထူးအားဖြင့် ပမုန်း ဂမုန်း တို့ လူနေထိုင်ရာအိမ်တို့တွင် စိုက်ပျိုးမူ သန့်ရှင်းစွာစိုက်ပျိုးသင့်ပါတယ်။

အဝတ်တန်းအောက် အိမ်သာနောက်ဖေးများတွင် စိုက်ပျိုးခြင်းကိုရှောင်ရမှာဖြစ်ပါတယ်။ဂမုန်းတပင်စိုက်ပျိုးပြီးလျှင်ရက်ပေါင်း၉၀အတွင်း ကောင်းကျိုးမရှိခဲ့သော်အကျိုးရရှိစေမည့် စိုက်ပျိုးနည်းစနစ်ပုံစံ လွဲမှားနေခြင်းကြောင့်သာဖြစ်ကောင်းပါတယ်လို့ယူဆနိုင်ပါတယ်။ နောက်တစ်ခုက ဂမုန်းနဲ့ ပတ်သက်ပြီး အိပ်စက်ခြင်းဆိုတာပါပဲ။ ရှုပ်ထွေးခြင်းဂမုန်းဟုပင် နာမည်တပ်ချင်သည်။ ဂမုန်းပင်ဟူသည် နေ့ ည မအိပ်စက်ပေ ။ဂမုန်းပင်တို့သက်တမ်းမည်မျှရှိသနည်းဟုဆိုခဲ့သော် နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်များကို သဘာဝလျောက်အရွက်ကျလိုက် ပြန်ပေါ်လာလိုက်နှင့်ပင် အနှစ်ပါသော သစ်တောများထဲတွင် သက်တမ်းပိုရှည်နိုင်သည်။ 




ဂမုန်းပင်အားလုံးတို့သည်လည်း သဘာဝဆေးဘက်ဝင်အပင်များဖြစ်ရုံမျှမက ဂမ္ဗီရနွယ်ဝင် အပင်မျိုးဖြစ်ကြောင်း ရှေးရှေးကသော အထက်လမ်းပညာများ အလယ်လတ်လမ်းစဉ် အောက်လမ်းပညာများတို့တွင် ဂမုန်းပင်နှင့်ဆိုင်သောပညာရပ်တို့ထည့်သွင်းပါဝင်ထားခြင်းကို ပညာရပ်ဆိုင်ရာလေ့လာသူများသိရှိပြီးဖြစ်နိုင်ပါတယ်။စီးပွားတိုးဂမုန်းပင်ရဲ့ မူလဇာတိနေရာကတော့မလေးရှားနိုင်ငံရဲ့ တောနက်များဖြစ်ပြီး သစ်ပင်ကြီးများရဲ့ အရိပ်အောက်မှာ နေရောင်ခြည် အနည်းငယ်သာ ရရှိတဲ့နေရာများမှာ ပေါက်ရောက်ခြင်း ရှိတယ်လို့ သိရှိရပါတယ်။ အလင်းရောင်အနည်းငယ်မျှသာ လိုအပ်ပြီး စိုထိုင်းမှု ကိုနှစ်သက်တဲ့ပင်ဖြစ်လို့ အိမ်ခန်းအတွင်းမှာ ရုံးခန်းအတွင်းမှာ အလှဆင်ပန်းပင်အဖြစ် စိုက်ပျိုးကြပါတယ်။

ဂရုတစိုက်ပြုစုပျိုးထောင်ဖို့မလိုတဲ့အပြင် ရေအများကြီးလောင်းပေးဖို့လည်း မလိုတဲ့အပင်မျိုးဖြစ်တဲ့အတွက် အပင်ချစ်သူရော ရုပ်ပြထားခြင်းအတွက်ရော အကြိုက်တွေ့စေပါတယ်။ သုတေသနပြုလုပ်ချက်များအရ စီးပွားတိုးဂမုန်းပင်ရဲ့ အရွက်များဟာ လေထုထဲမှာ ရှိနေတဲ့ အဆိပ်များကိုဖယ်ရှားပေးတယ် ဆိုတဲ့အတွက် အိမ်ခန်း ၊ ရုံးခန်းများမှာ နှစ်နှစ်သက်သက် စိုက်ပျိုးခြင်းခံရတဲ့ ဂမုန်းပင်ပဲဖြစ်ပါတယ်။မြန်မာလူမျိုးများကတော့ဒီဂမုန်းပင်တြေကို မိမိတို့ရဲ့ နေအိမ်မှာ ၊ ရုံးခန်းမှာ စိုက်ပျိုး ထားရှိခြင်းဖြင့် စီးပွားတိုးတက်စေတယ်။ 

လာဘ်လာဘ ပွင့်လန်းစေတယ်လို့ အယူရှိကြလို့စိုက်ပျိုးတဲ့အပြင် ကျွန်မတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိလေထုကို သန့်စင်စေတဲ့ အကျိုး ကျေးဇူးများတဲ့အတွက် နှစ်နှစ်သက်သက် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဂမုန်းအစွမ်း အံ့မခမ်းပင်ဖြစ်ပေးတော့သည်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်းနှင့် ဖုန်းရွှေနည်းအရ နေအိမ်အလှဆင်ခြင်း

ဧည့်ခန်းအားဖုန်းရွှေနည်းအရနေရာချခြင်း

 


Posted By : Sint Sint (ShweProperty.com)