By Duwun, Shweproperty.com
Updated at 20 September 2016
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ဒန်နီရယ်လ်နဲ့ သူမရဲ့ခင်ပွန်း ဂျိုးတို့ဟာ အားလပ်ချိန်မှာ ခွေးတွေကို ထိန်းကျောင်းပေးရင်း တစ်နှစ်ကို ဒေါ်လာ ၁၈၀၀ ကျော် ဝင်ငွေရရှိခဲ့ပြီး အဲဒီငွေတွေနဲ့ အခန်း ၅ ခန်းပါ အိမ်တစ်လုံးကိုတောင် ဝယ်လိုက်ပါပြီ။
သူတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ ခွေးထိန်းပေးတဲ့ အေဂျင်စီတစ်ခုကို တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ဖောက်သည် ၅၀ ကျော်တောင် ရှိနေပါပြီ။
အခုဆိုရင် ခွေးထိန်းမပေးရတဲ့နေ့ဆိုတာ သူတို့အတွက် မရှိသလောက်ဖြစ်ပြီး သူတို့ကိုယ်ပိုင် ခွေး ၂ ကောင်အပါအဝင် တစ်ကြိမ်ကို ခွေး ၆ ကောင်လောက်အထိ ကြည့်ရှုစောင့်ရှောက်ပေးရကာ တစ်လကို ဒေါ်လာ ၂၀၀၀ လောက် ဝင်နေပါပြီ။
အဲဒီအလုပ်ကြောင့်ပဲ သူတို့ရဲ့အိပ်မက်ဖြစ်တဲ့ အိပ်ခန်း ၅ ခန်းပါ အိမ်ကြီးတစ်လုံးကို လွန်ခဲ့တဲ့ ၅ လက ဝယ်ယူနိုင်လိုက်တာ ဖြစ်ပါတယ်။
"ကျွန်မတို့ ဝါသနာပါတဲ့ ခွေးထိန်းအလုပ်က ကျွန်မတို့ လိုချင်နေတဲ့ အိမ်မျိုးကို ရအောင်လုပ်ပေးတာ ယုံတောင် မယုံနိုင်ပါဘူး" လို့ ဒန်နီရယ်လ်က ဆိုပါတယ်။
သူတို့ရဲ့ခွေးလေးတွေကို နှစ်ပတ်လောက် ကြည့်ပေးဖို့ လူရှာရင်းနဲ့ ခွေးထိန်းအလုပ်ကို စတင်ဖို့ စိတ်ကူးရတာ ဖြစ်ပါတယ်။
Posted By : Myat Minn
Photo Credit : Metro
Ref : Duwun
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties