By The Modern, Shweproperty.com
Updated at 7 September 2015
စီးပွားရေး ဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်လာတာကြောင့် အိမ်ခြံမြေဈေးကွက်ရဲ့ အခန်းတန်ဖိုးတွေ အရင်ကထက်မြင့်တက်လာတယ်လို့ သိရပါတယ်။
ဆောက်လုပ်မှု ကုန်ကျစရိတ်က တိုက်ခန်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်တက်လာတယ်၊ ဒါပေမဲ့ ကိုယ့်ဘက်က ရောင်းရတဲ့ နေရာမှာတော့ အမြတ်ကိုလျှော့ပြီး တစ်ရာခိုင်နှုန်းလောက်ပဲ ဈေးတင်ရောင်းရတယ်"လို့ တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဌ ဦးကိုကိုထွေးက ပြောပါတယ်။
သည်လိုကုန်ကျစရိတ် တက်လာတာဟာ အဆင့်မြင့်အိမ်ရာတွေထက် ပုံမှန်တိုက်ခန်းတွေကို ရိုက်ခတ်မှုရှိပြီး အစိုးရ လက်ရှိတည်ဆောက်နေတဲ့ အဆောက်အအုံတွေပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆောက်လုပ် အကောင်အထည်ဖော်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအများစုမှာ ပြည်ပက ဝင်ရောက်တဲ့ အရေအတွက်များတာကြောင့် အခုလို ဆောက်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ သည်လို စီးပွားရေးဈေးကွက် တစ်ခုလုံး ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် အလုပ်သမားဈေးကွက်မှာလည်း လုပ်အားခတွေ တိုးမြှင့်ပေးလာ ရပါတယ်။
ဒါ့အပြင် ဈေးကွက်အေးနေချိန်မှာ အလုပ်သမား ပျောက်မသွားဖို့လည်း ပုံမှန်လခစားတွေလို တင်ဒါစီမံကိန်းတွေ ယူပြီး အလုပ်သမားထားရတာတွေလည်း ရှိပါတယ်။
"တချို့စီမံကိန်းတွေက ၁၀၀ ရာခိုင်နှုန်းအမြတ်ရဖို့ထက် ၃၀ ရာခိုင်နှုန်းလောက် အမြတ်ကျန်ဖို့ ချိန်ပြီး ဆောက်လုပ်ရတယ်၊ ဒေါ်လာဈေး အတက်အကျတွေကြောင့်လည်း မထင်မှတ်ထားဘဲ အရှုံးပေါ်သွားတဲ့ စီမံကိန်းတွေလည်းရှိတယ်"လို့ အထူးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties