By Eleven Media Group, Shweproperty.com
Updated at 18 May 2016
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်းကျပ် ၁၁၇၀ ကျော်ဖြင့် ဈေးငြိမ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
မေ ၁၀ ရက် နောက်ပိုင်းတွင် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်း မေလ တတိယပတ် ၁၇ ရက်အထိ တစ်ဒေါ်လာလျှင် အမြင့်ဆုံးလဲနှုန်း ၁၁၇၄ ကျပ်ဝန်းကျင်မှ အနိမ့်ဆုံး ၁၁၇၁ ကျပ် ဝန်းကျင်ကြားတွင် တစ်ပတ်ကျော်အကြာ ဈေးတည်ငြိမ်နေခြင်းဖြစ်ပြီး အရောင်းအဝယ် အခြေအနေသည် ပုံမှန်အောက် နည်းပါးနေခြင်း ဖြစ်သည်။
“၁၀ ရက်နေ့ကစပြီး ဒေါ်လာလဲနှုန်း က ၁၁၇၀ ကျော်မှာပဲ ရှိနေတယ်။ အတက် အကျ မများဘူး။ ဈေးငြိမ်နေတယ်လို့ ပြောလို့ရတယ်။ အခု ဈေးကွက်ထဲမှာလည်း အရောင်းအဝယ် အေးနေတယ်”ဟု နိုင်ငံခြားငွေကြေးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ဒုတိယပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀ ကျော် ဝန်းကျင်ရှိခဲ့ပြီး မေ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၃ ကျပ်၊ မေ ၁၁ ရက်နှင့် ၁၂ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၇၁ ကျပ် ဝန်းကျင်မှ မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၃ ကျပ် ဝန်းကျင်တွင် ရှိခဲ့သည်။
မေ ပထမပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၆၇ ကျပ်ဝန်းကျင်မှ မေ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၇၂ ကျပ် ဝန်းကျင်သို့ တစ်ရက်အတွင်း ငါး ကျပ် ဝန်းကျင် မြင့်တက်ခဲ့ပြီးနောက် မေ ၄ ရက်နှင့် ၅ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀ ဝန်းကျင်မှ မေ ၆ ရက်နှင့် ၉ ရက်များ တွင် တစ်ဒေါ်လာလျှင် ၁၁၆၉ ကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့သည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties