By The Kumudra, Shweproperty.com
Updated at 6 July 2016
သည်ရက်ပိုင်းမှာ ဒေါ်လာဈေးက ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၁၀ ကျပ်ခန့်ဈေးကျနေပြီး ဗဟိုဘဏ်ဈေးကတော့ ငါးကျပ်ခန့်ဈေးကျနေတယ်လို့ ငွေကြေးဈေးကွက်အတွင်းကသိရပါတယ်။
၂၀၁၆ ခုနှစ်အစပိုင်းမှာ တစ်ဒေါ်လာကိုကျပ် ၁၃၀၀ ကျော်မှာ ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ပထမအပက်မှာပဲ ကျပ် ၁၂၉၀ ကျော် ကိုပြန်ဆင်းခဲ့တယ်။ ဧပြီလပထမပတ်မှာ ကျပ်၁၂၀၀ ကျော်ကနေ ကျပ် ၁၁၈၀ ဝန်းကျင်ကို ဆင်းခဲ့တယ်။၁၁၅၇ ကျပ်အထိ ဈေးဆင်းခဲ့ပြီး မေလ ၂၅ ရက်မှာ ကျပ် ၁၂၀၀ ကိုပြန်ရောက်တယ်။နောက်ပိုင်းမှာ ဈေးဆင်းခဲ့ပြီး ဇွန်လအထိကို ကျပ်၁၁၈၀ ကျော်ရှိနေခဲ့တာပါ။
နိုင်ငံခြားငွေကြေးရောင်းဝယ်သူတစ်ဦးက ဗဟိုဘဏ်ဈေးရော ပြင်ပပေါက်ဈေးပါ ဈေးကျနေတာ၊ အရောင်းအဝယ် မကောင်းဘူး၊ ကမ္ဘာ့ရွှေဈေးဆက် တက်နေမယ်ဆိုရင် ဒေါ်လာဈေးကကျနေအုံးမှာပဲလို့ ပြောပါတယ်။ ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းက သည်တပက်ဈေးအဖွင့်မှာ တစ်ဒေါ်လာကို ၁၁၈၄ ကျပ်ဖြစ်ပြီး ဈေးအပိက်မှာကတော့ ၁၁၇၉ ကျပ်ဖြစ်ပါတယ်။ပြင်ပဒေါ်လာဈေးကတော့ ဈေးအဖွင့်မှာ ၁၁၈၂ ကျပ်ရှိခဲ့ပြီး ဈေးအပိက်မှာ ၁၁၇၃ ကျပ်ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (EU)ကနေ ဗြိတိန်နုတ်ထွက်ပြီး ရက်ပိုင်းတွေမှာ တစ်ဒေါ်လာကို ၁၁၈၃ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး သည်ရက်ပိုင်းတွေမှာ ဈေးပိုကျနေ တာဖြစ်တယ်။
ကမ္ဘာ့ရွှေဈေးကို ဆက်တက်နိုင်ချေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေကခန့်မှန်းထားတာကြောင့် ဒေါ်လာဈေးကတော့ ဈေးဆက်ဆင်းမဲ့ ဘက်ကိုသာနေတယ်။တနင်္လာ ဈေးကွက်အဖွင့်ဈေးကို စောင့်ကြည့် ရဦးမယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ချို့ကပြောပါတယ်။
သည်တစ်ပက် ဇူလိုင်လအစ ဈေးကွက်မှာတော့ ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းက တစ်ဒေါ်လာကို ၁၁၇၉ ကျပ်ရှိပြီး ပြင်ပဒေါ်လာဈေးကွက်မှာတော့ ၁၁၇၃ ကျပ်နဲ့ အရောင်းဈေးဖြစ်နေပါတယ်။အဝယ်ဈေးကတော့ ၁၁၆၉ ကျပ်ဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : ygn.con
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties