By 7daydaily, Shweproperty.com
Updated at 19 August 2016
ပြည်ပဒေါ်လာငွေလဲ နှုန်း မြင့်တက်လာသဖြင့် ပြည် တွင်းအခေါက်ရွှေဈေးတန်ဖိုး ပြန် လည်မြင့်တက်လာပြီး ရွှေတစ် ကျပ်သားလျှင် ကျပ် ၈၅၄,၀၀၀ ခန့်ဖြင့် စံချိန်တင် ဈေးနှုန်းဖြစ် လာကြောင်း ပြည်တွင်းရွှေဈေး ကွက်အတွင်းမှ သတင်းရရှိ သည်။
ရွှေဈေးမြင့်တက်လာသော် လည်း ဝယ်ယူသူမရှိသလောက် နည်းပါးပြီး ပြန်လည်ရောင်းချသူ သာ မြင့်တက်လာကြောင်း ပြည် တွင်း ရွှေဈေးကွက်မှ သိရသည်။
‘‘ဒေါ်လာဈေးမြင့်တက်ပြီး ကမ္ဘာ့ရွှေဈေးကလည်း အမြင့်ပိုင်း မှာ ရှိနေလို့ပါ။ ဈေးကွက်က အ ကောင်းကြီးတော့ မဟုတ်ပါ။ ဒေါ် လာပြန်ကျ လာရင် ရွှေဈေးလည်း ပြန်ဆင်းလာမှာပါ’’ဟု မြန်မာ နိုင်ငံမှ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ဦးထုံရွှေဆိုင် ပိုင်ရှင် ဦးကျော်ဝင်းကပြောကြား သည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် သြဂုတ် ၁၇ ရက်တွင် တစ် ကျပ်သားလျှင် ကျပ် ၈၅၀,၀၀၀ အောက်တွင် တည်ငြိမ်နေသော် လည်း သြဂုတ် ၁၈ ရက်၌ ကျပ် ၈၅၀,၀၀၀ ကျော် ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။
‘‘ဒီနှုန်းက သမိုင်းစံချိန်တင် ဆိုပဲ။ ဘယ်သူမှ ဒီနှုန်းကို ဝယ်ချင် မှာမဟုတ်ဘူး။ ဒါကြောင့်ဝယ်လို အားနည်းနေတာ’’ဟု ရွှေအရောင်း အဝယ်သမား တစ်ဦးက ပြော ကြားသည်။
ယခုကဲ့သို့ ရွှေဈေးသမိုင်း တစ်လျှောက် အမြင့်ဆုံးနှုန်းအဖြစ် ဈေးမြင့်တက်ခဲ့သော်လည်း ဝယ် လိုအားတက်ခြင်းကြောင့် ဈေး မြင့်တက်ခြင်း မဟုတ်ကြောင်းနှင့် သာမန်ဈေးမြင့်တက်သည့် နှုန်း သာဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။ ထို့ကြောင့် ရွှေလုပ်ငန်းရှင် အသင်းက ဝင်ရောက် ထိန်းချုပ်ရန် မလိုသေး ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။
မန္တလေးမြို့တွင် အခေါက် ရွှေဈေးကွက်သည် တစ်ကျပ်သားလျှင် ကျပ် ၈၅၂,၈၀၀ မှ ၈၅၃,၅၀၀ အထိရှိပြီး အရောင်း အဝယ်အေးနေကြောင်း အောင် သမာဓိရွှေဆိုင် အထွေထွေမန် နေဂျာ ဦးမော်ကပြောသည်။
ပြည်တွင်းရွှေဈေးတက်ခြင်း မှာ ကမ္ဘာ့ရွှေဈေးတက်ခြင်း၊ မိုး လယ်ကာလ ရွှေကုန်ကြမ်းပစ္စည်း များ ဈေးကွက်အတွင်း မ၀ င် ရောက်ခြင်းနှင့် မြန်မာ့ ကျပ်ငွေ တန်ဖိုး မြင့်လာခြင်းတို့ကြောင့်ဖြစ် သည်ဟု ရန်ကုန်တိုင်း ရွှေလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးဝင်းမြင့်ကပြောကြားသည်။
၂၀၁၅ ၌ အခေါက်ရွှေဈေး နှုန်း ကျပ် ၈၀၀,၀၀၀ ဈေးအထိ မြင့်တက်ခဲ့ပြီးနောက် ၂၀၁၆ ဇူလိုင် ၁၂ ရက်တွင် ၈၅၀,၀၀၀ ကျပ်ကျော်ဖြင့် အမြင့်ဆုံး ပေါက်ဈေးဖြစ်ခဲ့သည်။
Ref & Photo Crdit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties