By 7daydaily, Shweproperty.com
Updated at 27 September 2016
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ရက်ရွှေ့ကြောင်း ကြေ ညာချက်ထုတ်ပြန်ပြီး နောက်ရက် တွင် ပြင်ပဈေးကွက်၌ အမေရိ ကန်ဒေါ်လာ တန်ဖိုး ပြန်လည်မြင့် တက်လာကြောင်း သတင်းရရှိ သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပါက နိုင်ငံစီးပွားရေးအတွက် သိသာထင်ရှားသည့် အပြောင်းအ လဲဖြစ်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က မှန်းဆထား ကြပြီး စက်တင်ဘာ ၂၂ ရက်မှစ တင်ကာ ပြည်တွင်းမှ ပုဂ္ဂလိက ဘဏ်များက ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်ယူမှုရပ် လိုက်၍ ဒေါ်လာဈေးနှုန်းမှာ တစ် ဒေါ်လာလျှင် ၁,၂၆၀ ကျပ်မှ ၁,၂၄၃ ကျပ်သို့ ကျဆင်းခဲ့သည်။
တွေ့ဆုံပွဲ ရက်ရွှေ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက စက် တင်ဘာ ၂၅ ရက်တွင် ပြည်သူ များအား အသိပေးပြီးနောက်စက်တင် ဘာ ၂၆ ရက်၌ ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၆၃ ကျပ်သို့ ဈေးမြင့်တက်လာသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်းမြင့်တက် လာသကဲ့သို့ ဗဟိုဘဏ်မှ တရား ဝင်သတ်မှတ်သော ရည်ညွှန်းငွေ လဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁,၂၃၃ ကျပ်မှ ၁,၂၃၅ ကျပ်သို့ မြင့်တက်လာသည်။
ပြင်ပဈေးကွက်တွင် ကန် ဒေါ်လာဈေး မြင့်တက်လာမှုကို သတင်းအချက်အလက်များရယူ ရန် ပြီးခဲ့သည့် ရက်ပိုင်းက ဗဟို ဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ ဆွေးနွေးခဲ့ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှ စုံ စမ်းသိရသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ် များသည် ဗဟိုဘဏ်မှ အမေရိ ကန်ဒေါ်လာကို လိုသလောက်ဝယ် ယူမရသည့် အခြေအနေကြောင့် ဈေးတက်နေခြင်း ဖြစ်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ပြော သည်။ ကန်ဒေါ်လာတန်ဖိုး တက် ခြင်းသည် ပြည်တွင်း ပုဂ္ဂလိက ဘဏ်အချို့က အပ်ငွေများနေ ခြင်းကို ကုစားနိုင်ရန် ပြည်ပမှအ မေရိကန်ဒေါ်လာများ ဝယ်ယူခြင်း ကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။
ကိုယ်ကျိုးစီးပွားကို ဦးစား ပေးပြီး လက်တစ်ဆုပ်စာ လူတစ် စု အကျိုးစီးပွားအတွက် လုပ် ဆောင်ခဲ့သော ယခင်အစိုးရ၏ အစိုးရမူဝါဒနှင့် အခွင့်အရေးတန်း တူပေးမည့် လက်ရှိအစိုးရ၏ မူဝါ ဒအကြား စီးပွားရေးလုပ်ငန်းရှင် များသည် လုပ်ငန်းမလုပ်ကိုင်ဘဲ ငွေကြေးများကို ဘဏ်များ၌သာ အပ်နှံထားရှိပြီး အတိုးနှုန်းရယူနေ သဖြင့် ဘဏ်များတွင် အပ်ငွေများ ပြားနေကြောင်း ပုဂ္ဂလိကဘဏ် တစ်ခုမှ ထိပ်ပိုင်း တာဝန်ထမ်း ဆောင်နေသူ တစ်ဦးက ပြော ကြားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties