By Aye Mon, Shwe Lay (MD), Shweproperty.com
Updated at 1 September 2015
သည်ရက်ပိုင်း ဘဏ်ကောလာဟလနဲ့ ဆက်စပ်ပြီး မြို့တဠင်း တိုက်ခန်းအချို့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။
တိုက်ခန်းအရောင်းအဝယ် အေးနေခဲ့တာ တစ်နှစ်ဝန်းကျင် ရှိခဲ့ပါပြီ။ သည်ရက်ပိုင်းထဲမှာ အဝယ်က အရင်ကလို မဟုတ်ပေမယ့် အရောင်းအဝယ် ပြန်ဖြစ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
စမ်းချောင်းက အကျိုးဆောင် အမျိုးသမီးတစ်ဦးက " ပြီးခဲ့တဲ့ အပတ်က တိုက်ခန်းအဝယ် ပြန်လိုက်လာတယ်၊ အဝယ်ပြန်လိုက်လာတာက ဘဏ်ကောလာဟလ ကြောင့်ထုတ်ထားတဲ့ ပိုက်ဆံနဲ့ ဝယ်ကြတာရှိတယ်၊ အခုဝယ်ကြတဲ့အထဲမှာ သိန်း (၁၀၀၀) ကျော်တန်၊ သိန်း (၅၀၀) ဝန်းကျင်တန် အခန်းတွေ ရောင်းရတယ်"လို့ ပြောပါတယ်။
အဝယ်ရှိတယ်ဆိုပေမယ့် သိန်း (၁၀၀၀) ဝန်းကျင်နဲ့ သိန်း (၁၀၀၀) အောက် အခန်းတွေလောက်ပဲ ဖြစ်ပါတယ်။ သည်ရက်ပိုင်းအတွင်း (၁၀) ခန်းအရောင်းတင်ရင် (၄) ခန်းလောက်ပဲ အရောင်းထွက်တယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
အကျိုးဆောင်မဝေက "အရောင်းအဝယ် က အရမ်းတော့ မလိုက်ဘူး၊ နည်းနည်းတော့ အရောင်းဖြစ်တယ်၊ ဘဏ်ကိစ္စကြောင့် ဟုတ်မဟုတ်တော့မသိဘူး၊ ဈေးတန်တဲ့ အခန်းတွေတော့ ဝယ်ကြတယ်၊ နေဖို့အတွက် ဝယ်သူတွေလောက်ပဲ အရောင်းအဝယ်ရှိခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ အပိုဝယ်တဲ့သူတွေပါ အဝယ်ရှိလာတယ်"လို့ ပြောပါတယ်။
Ref : Aye Mon, Shwe Lay (MD)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties