By ထိုက်ထိုက်, Shweproperty.com
Updated at 17 July 2013
ရန်ကုန်မြို့ မြို့တွင်းခြောက်မြို့နယ်ရှိ မြေကွက်ကျယ် ကြီးများ အဝယ်လိုက်လာပြီး တစ်ပေပတ်လည်လျှင် ကျပ်ခုနစ်သိန်းမှ ရှစ် သိန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားသည် ဟု အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။
အဆင့်မြင့်ကွန်ဒိုများ ဆောက်လုပ်ရန် အချက်အခြာကျသည့်နေရာများရှိ မြေကွက် ကျယ်ကြီးများကို လိုက်လံဝယ်ယူနေခြင်းဖြစ် သည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင် အေးက ပြောသည်။
''ပြည်ပရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် ဝင်ရောက်လာသည့်အတွက် အဆင့်မြင့်ရုံးခန်း နေရာများ လိုအပ်လာခြင်းနှင့် လူနေတိုက် ခန်း လိုအပ်ချက်မြင့်မားလာခြင်းတို့ကြောင့် လုပ်ငန်းရှင်များက ကွန်ဒိုဆောက်လုပ်နိုင်သည့် မြေကွက်ကျယ်ကြီးများကို လိုက်လံဝယ်ယူ နေခြင်းဖြစ်သည်''ဟု ဦးခင်မောင်အေးက ပြောသည်။
''နိုင်ငံခြားသားလာရင် ရုံးခန်းမရှိဘူး။ နေစရာအဆင့်မြင့်တိုက်ခန်းတွေမရှိလို့ ရင်းနှီး မြှုပ်နှံသူတွေက လိုက်ဝယ်နေတာပါ''ဟု ဦးခင် မောင်အေးက ပြောသည်။
''မြို့တွင်းခြောက်မြို့နယ်ရှိ လတ်တလော မြေဈေးနှုန်းများမှာ တစ်ပေပတ်လည်ကို ကျပ် ခုနစ်သိန်းဝန်းကျင်ရှိပြီး လမ်းမတန်းမြေကွက် များ အရောင်းအဝယ်ပိုဖြစ်သည်''ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခင်က မြို့တွင်းခြောက်မြို့နယ်တွင် တစ်ပေပတ်လည်လျှင် ကျပ်ငါးသိန်းမှ ခြောက် သိန်းဝန်းကျင်သာရှိရာမှ ကျပ်ခုနစ်သိန်းမှ ကျပ်ရှစ်သိန်းသို့ မြင့်တက်သွားခြင်းဖြစ်သည်။ လတ်တလော မြေကွက်ပေါက်ဈေးအရ အတန် အသင့်ကျယ်ဝန်းသော ကွန်ဒိုတစ်ခုဆောက် လုပ်ရန် ပေ ၁ဝဝ ပတ်လည်ကျယ်ဝန်းသော မြေကွက်တစ်ကွက် ဝယ်ယူမည်ဆိုပါက ကျပ် သိန်းပေါင်း ၇ဝဝဝဝ မှ ၈ဝဝဝဝ၊ အမေရိကန် ဒေါ်လာ ခြောက်သန်းခွဲနှင့် ခုနစ်သန်းခွဲကြား ကျသင့်မည်ဖြစ်သည်။
''ပြီးခဲ့သောရက်ပိုင်းအတွင်းက မြို့တွင်း ခြောက်မြို့နယ်မှ မြေကွက် လေး၊ ငါးခုခန့် ပြပေးရပြီး နှစ်ခုအရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်က ဖုန်းဖြင့် မေးမြန်းရုံသာရှိခဲ့သည်''ဟု ဦးခင်မောင်အေးက ပြောသည်။
''အထူးကိုယ်စားလှယ်လွှဲစာနဲ့ ရောင်း ဝယ်ခွင့်ကို သုံးနှစ်တိုးပေးလိုက်လို့ ဝယ်ရောင်း သမားတွေအတွက် အခွင့်အလမ်းပိုရသွားလို့ Downtown တို့၊ မြို့စွန်တို့မှာ အရောင်းအ ဝယ်တွေ ပြန်ဖြစ်တာလဲပါ, ပါတယ်''ဟု ဦးခင် မောင်အေးက ပြောသည်။ ယခင်က Special Power ခေါ် အထူး ကိုယ်စားလှယ်ဖြင့် ရောင်းဝယ်ခွင့်ကို တစ်နှစ် သတ်မှတ်ထားရာမှ ဇွန် ၁၃ရက်မှစ၍ သုံးနှစ် သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ''အိမ်ခြံမြေဈေးကွက်က အချိုး ညီညီဖြစ်ထွန်းတာမဟုတ်ဘဲ ကွက်ပြီးဖြစ်ထွန်း နေတယ်''ဟု သုံးသပ်ပြောသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှာ ဈေးကွက် ကြီးတစ်ခုလုံး အချိုးညီညီဖြင့် ကောင်းမွန်ခြင်း မရှိဘဲ ဈေးကွက်ရှိသည့်နေရာများတွင်သာ ကွက်ပြီး အရောင်းအဝယ်ဖြစ်နေသည်ဟု ဦးသန်းဦးက ပြောသည်။
ရန်ကုန်မြို့တွင် နိုင်ငံခြားကုမ္ပဏီကြီးများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ရုံးခန်းဖွင့် လှစ်နိုင်ရန် သင့်တော်သည့်အဆောက်အအုံ အနည်းငယ်သာရှိပြီး ရုံးခန်းအများစုမှာ ဆာ ကူရာတာဝါနှင့် ဆူးလေစီးပွားရေးစင်တာတို့ တွင်သာ ဖွင့်လှစ်ထားကြသည်။
ရုံးခန်းငှားရမ်းခများမှာလည်း တစ်လ လျှင် အမေရိကန်ဒေါ်လာ ၂ဝဝဝ မှ ၅ဝဝဝ ကြားရှိသည်ဟု ရုံးခန်းဖွင့်လှစ်လုပ်ကိုင်နေသူ များထံမှ သိရသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties