By သီဟကိုကို, Shweproperty.com
Updated at 16 December 2013
မြန်မာနိုင်ငံရှိ အိမ်ခြံမြေအငှားဈေး နှုန်းများ မြင့်တက်နေသော်လည်း နိုင်ငံ ခြားသားများ၏ အိမ်ခြံမြေငှားရမ်းမှုမှာ မြင့်တက်နေသည်ဟု ဟောင်ကောင် အခြေစိုက် နိုင်ငံတကာအိမ်ခြံမြေအကျိုး ဆောင် ကုမ္ပဏီစဝီးလ်စ် (Svils) မှ တာ ဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများ၏ ရုံးခန်း ငှားရမ်းမှုမှာ ၈ဝ ရာခိုင်နှုန်း၊ (facilitated) အသင့်နေတိုက်ခန်းငှားရမ်းမှုမှာ ၅ဝ ရာ ခိုင်နှုန်း၊ အဆင့်မီတိုက်ခန်းနေရာငှားရမ်း မှုမှာ ၁ဝ ရာခိုင်နှုန်း၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အခန်းခနှုန်းထားများ ၇ဝ ရာခိုင် နှုန်းထိမြင့် တက်နေသည်ဟု ဒီဇင်ဘာလ ၁၆ ရက်က Park Royal ဟိုတယ်တွင် ကျင်းပသည့် ကုမ္ပဏီမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အခြေစိုက် စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ''သူတို့ သုံး သပ်တာဖြစ်နိုင်ပါတယ်။ ဒီနှစ်စမှ ငှား ရမ်းတာနည်းခဲ့ပေမယ့် ဆီးဂိမ်းရယ်၊ အာ ဆီယံဥက္ကဋ္ဌနေရာတွေကြောင့် ငှားရမ်း တာများလာပါတယ်'' ဟု ပြောသည်။
ကုမ္ပဏီကြီးများမှ နိုင်ငံခြားသား ပညာရှင်များအတွက် တစ်လလျှင် ဒေါ် လာတစ်သောင်းဝန်းကျင် ကွန်ဒိုများ၊ အ လယ်အလတ်ပိုင်း ပညာရှင်များအတွက် ဒေါ်လာ ၁၅ဝဝ မှ ၃ဝဝဝ ကြားတိုက်ခန်း များနှင့် နိုင်ငံတကာကျောင်းများမှ နိုင်ငံ ခြားသားကျောင်းဆရာ အချို့အတွက် မြန်မာငွေ သုံးသိန်းဝန်းကျင်တိုက်ခန်းများ ငှားလေ့ရှိသည်ဟု ၎င်းက ပြောသည်။
''အချို့ကုမ္ပဏီတွေကရန်ကုန်မှာ ရုံးခန်းခဈေးကြီးလို့ ဘန်ကောက်မှာရုံးထိုင် ပြီး ဒီမှာ ရုံးဝန်ထမ်းထားတာလည်း ရှိပါ တယ်'' ဟု ၎င်းကပြောသည်။
စဝီးလ်စ် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာဈေးကွက်သုတေသနအရလည်း ရန်ကုန်သည် ဟောင်ကောင်၊ ဂျာကာ တာ၊ ဘန်ကောက်၊ ဟိုချီမင်းစီးတီး၊ ဖနွမ်း ပင်၊ ဟနွိုင်း စသည့် ဒေသတွင်းနိုင်ငံ များရှိ မြို့ကြီးများထက် အိမ်ခြံမြေဈေးနှုန်း မြင့်မားလျက်ရှိသည်ဟု ဆိုသည်။
စဝီးလ်စ်ကုမ္ပဏီ၏ Deputy Managing Director က ''မြန်မာ နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ တခြား ဒေသတွင်းနိုင်ငံတွေထက် မြင့်တက်နေ တယ်၊ ဒီလိုမျိုး ဈေးမြင့်နေတာဟာ အမြဲ တမ်း ဖြစ်နေမှာတော့မဟုတ်ပါဘူး'' ဟု ကုမ္ပဏီရုံးခွဲဖွင့်ပွဲတွင် ပြောသည်။
ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက် နေသော စီးပွားရေးဆိုင်ရာအဆောက် အအုံများသည် ၂ဝ၁၅ ဝန်းကျင်တွင် ပြီးစီးမည်ဖြစ်ရာ လိုအပ်ချက်ကို အတိုင်း အတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည် ဟု ဦးရန်အောင်က ပြောသည်။
Troy Griffiths က ''လိုအပ်ချက်တွေ မြင့်မားနေလို့ ဈေးတွေကမြင့်နေတာပါ၊ ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းမှုတွေက ဆောင်ရွက်နေတဲ့ ကြားကာလမှာမို့ ဒီလို ဈေးတွေ မြင့်နေတယ်၊ လိုအပ်ချက်ကို ဖြည့်ပြီးတဲ့နောက် သုံး၊ လေးနှစ်ဆိုရင် တော့ ဈေးနှုန်းတွေတည်ငြိမ်လာမှာပါ'' ဟု ပြောသည်။
ရန်ကုန်မြို့ ရှိ နေရာအကွက်အကွင်း ကောင်းမွန်သည့် နိုင်ငံခြားသားများအ များဆုံး ရုံးခန်းဖွင့်လှစ်ရာ ကွန်ဒိုတိုက် ခန်းဈေးနှုန်းများသည် သိန်း ၂ဝ မှ သိန်း ၃ဝ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်း နှစ်ဆနီးပါးခန့် မြင့်တက်ခဲ့ကြောင်း အိမ် ခြံမြေလုပ်ငန်းများက ဆိုသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties