By Sint Sint, Shweproperty.com
Updated at 22 December 2020
နေအိမ်သေးသေးလေးထဲမှာ နေထိုင်ရသူတွေအဖို့တော့ တစ်ခါတလေမှာ စိတ်ညစ်စရာလေတွေတော့ အနည်းနဲ့အများရင်ဆိုင်ရတော့အမှန်ပါ။ ထိုအထဲတွင်တိုက်ခန်းငယ်လေးတွေလည်း ပါပါတယ်။အရာဝတ္ထု နေရာချခြင်း အသုံးအဆောင်ပစ္စည်းတွေ အစီအရီထားဖို့ မလုံလောက်ခြင်းများ အပြင် အဝတ်အစားများလှန်းခြင်း စတဲ့အရာတွေကို အခက်အခဲတော့ရှိပါတယ်။ နွေရယ် ဆောင်းရယ်က သင့်ကို စိတ်အနှောင့်အယှက်မပေးနိုင်သော်လည်း မိုးတွင်းကတော့ သင့်ကို စိတ်ညစ်ညူးနေမှာပါ။ အဝတ်တွေမခြောက်တဲ့ အခါ ရုံးသွား အလုပ်သွားသူတွေတော့ တကယ့်ကို ငိုချင်စဖွယ်ပါပဲ။ အိမ်သေးသေးမှာနေရတာကတစ်ကြောင်း အချိန်မီ အဝတ်ခြောက်ရေးက တစ်ကြောင်းပူပန်နေရပါတယ်။ အဲတော့ အိမ်တွင်းမှာပဲ ပြသနာကိုဖြေရှင်းရတော့တယ်။ အဲဒီမှာ ပြသနာအစပေါ်လာပြန်သေးတယ်။ ဘာများလဲ ။အဝတ်စိုတွေကို အိမ်တွင်းလှန်းတဲ့အခါ သင့်ကို ကျန်းမာရေးထိခိုက်နိုင်မယ့် အရာလေးတွေ ပဲဖြစ်ပါတယ်။ လျှော်ပြီးသားအဝတ်တွေကဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အိမ်ထဲမှာ အဝတ်မလှန်းဖို့ကို ပညာရှင်များက တိုက်တွန်းထားပါတယ်။ အိမ်ထဲမှာ အဝတ်မလှန်းဖို့ သတိပေးချက်တွေကို သတိမမူမိဘဲ အဝတ်လှန်းတဲ့အကျင့်ကြောင့် အဆုတ်ရောဂါဖြစ်ပွားမှုနှုန်းရာခိုင်နှုန်းများနေပါတယ်။ အခန်းထဲမှာ အဝတ်လှန်းခြင်းကြောင့် စိုထိုင်းထိုင်းဖြစ်ခြင်းက မှိုပေါက်ပွားစေပြီး ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။ Craig Mather က နာတာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပြီး မှိုပိုးကြောင့်ဖြစ်တဲ့ကူးစက်ပိုးဖြစ်တယ်လို့ ဆရာဝန်များက သတ်မှတ်ခဲ့ပါတယ်။အသက်ရှုလမ်းကြောင်းဆိုင်ရာပြောမယ်ဆိုလျှင် လူအများက အန္တရယ်မရှိဟု ထင်မှတ်ထားတက်ကြသည်။ သို့သော် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများသည် အလွန်ပင် အန္တရယ်များပြီး မည်သည်အသက်ရွယ်မဆို အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှရရှိသောအချက်အလက်များအရ ၂၀၁၂ ခုနှစ်တွင် အဆုတ်ကင်ဆာသည် ကမ္ဘာတစ်ဝှမ်း သေဆုံးရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တွေ့ရှိရပြီး အမျိုးသားများသည် အမျိုးသမီးများထက် အဖြစ်များသည်ကိုလည်း တွေ့ရှိရပါတယ်။အသက်ငယ်သူများတွင် အဖြစ်နည်းသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ အသက်၂၀ကျော်များလည်း အဆုတ်ကင်ဆာရောဂါဖြစ်နေသည်ကို တွေ့ရှိရသည်။ အဆုတ်ရောဂါသည် အစပိုင်းတွင် ရောဂါလက္ခဏာမပြတတ်သော်လည်း ရောဂါပိုးမွှားများ အခြားအင်္ဂါများသို့ ပျံ့နှံ့ပြီးမှ ရောဂါလက္ခဏာပြတတ်သည်။ဥပမာ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်အောက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝိတ်ကျလာခြင်း နှင့် ချွဲသလိပ်များစွာထွက်ခြင်း တို့ကိုဖြစ်စေသည်။ ထို့ကြောင့် ရောဂါလက္ခဏာပြချိန်တွင် ကုသရန် ခက်ခဲစေပြီး အသက်ဆုံးရှုံးခြင်း များလည်း များပြားလျက်ရှိနေပါတယ်။ရောဂါအစောပိုင်းအဆင့်အတွင်း အဆုတ်ကင်ဆာရှာဖွေတွေ့ရှိရန် အလွန်ပင် အရေးကြီးသည်။ ထိုမှသာ ရောဂါကြောင့် အသက်ဆုံးရှုံးမှုနှုန်းကို လျှော့ချနိုင်ရုံသာမက ရောဂါကုသမှုအောင်မြင်နိုင်မှာပါ။ ဒါကြောင့် ရေစိုအဝတ်များကနေ အမှုမဲ့ အမှတ်မဲ့တွေးလျှင် အငွေ့ပျံခြင်းသည် ဘာမျှ အရေး ပါ အရာရောက်လိမ့်မည်ဟု မထင်ရပေ။ သို့ရာတွင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ဤကမ္ဘာကြီးတွင် အထူးသဖြင့် ရေငွေ့ပျံ ခြင်းသာ မရှိဟု ဆိုပါက ကျွန်ုပ်နှင့်တကွ တိရစ္ဆာန်ရော သစ်ပင်တို့ပါ အသက်ရှင်နေနိုင်ကြရန် လမ်းရှိမည် မဟုတ်ပေ။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လေထုထဲ၌ လိုအပ်သော ရေငွေ့ အလုံအလောက်ရနေခြင်း၊ နေ့နှင့်ညဉ့် အပြောင်းအလဲ၊ ရာသီ ဥတု အပြောင်းအလဲတို့၌ အပူချိန် အတက်အကျ မျှတလျက် ရှိခြင်း၊ မိုးသားတိမ်လိပ်များတက်ကာ ကျွန်ုပ်တို့ မှီခို စားသောက်နေရသည့် အသီးအနှံပင်များအတွက် မိုးနှင့် ဆီးနှင်း တို့ ရွာသွန်းခြင်း အားလုံးတို့မှာ အမှန်စင်စစ် သမုဒ္ဒရာ အင်းအိုင် ချောင်းမြောင်းတို့မှ ရေငွေ့ပျံလျက်ရှိခြင်းကြောင့် သာလျှင် ဖြစ်ပေသည်။ ရေငွေ့ပျံခြင်းသည် လေထု၏ ရေငွေ့မည်ရွေ့မည်မျှကို လက်ခံနိုင်သည်ဟူသော အင်အားအပေါ်တွင် အမှီပြု၍ လေထု၏ ရေငွေ့ကို လက်ခံနိုင်သည့် အင်အားက အပူချိန်အပေါ်တွင် တစ်ဖန် အမှီပြုပြန်လေသည်။ ပင်လယ်ရေမြှုပ်သည် ရေကိုစုပ်ယူထားနိုင်သကဲ့သို့ လေ သည်လည်း ရေငွေ့ကို စုပ်ယူလက်ခံထားနိုင်သည့် သတ္တိ ရှိသည်။ ဤသို့ စုပ်ယူရာတွင် လေမှာ ပူ၍ ခြောက်သွေ့ လေလေ ရေငွေ့ကို လျင်မြန်စွာနှင့် အများ အပြား စုပ်ယူ နိုင်လေလေ ဖြစ်သည်။ စိုထိုင်းသောလေသည် ရေငွေ့ကို ခပ်ဖြည်းဖြည်းသာ စုပ်ယူနိုင်သည်။ သဲကန္တာရဒေသများတွင် အမှန်အားဖြင့် မိုးရွာသည့်အခါများ ရှိ၏။ သို့သော် အလွန်ပူပြီး ခြောက်သွေ့လျက်ရှိ သောလေက စုပ်ယူလိုက်သဖြင့် ရွာချလာ သော မိုးရေတို့မှာ မြေပေါ်သို့ မရောက်မီပင် တစက်မျှမကျန် အောင် အငွေ့ပျံပြီး ခန်းခြောက်သွားလေသည်။ ရေငွေ့ကို သစ်ပင်ဝါးပင်တို့မှလည်း ထုတ်ပေး၍ သစ်ပင် တစ်ပင်ရှိ အရွက်များမှ တစ်နေ့တည်းတွင် ရေဂါလံပေါင်း များစွာကိုပင် ရေငွေ့အဖြစ် ထုတ်ပေးနိုင်လေသည်။ စိုစွတ်သော ဒေသများတွင် အပင်များမှ ရေငွေ့ အမြောက်အမြား ထွက်နိုင် စေခြင်းငှါ ရေငွေ့ထွက်ရာ မျက်နှာပြင်ဖြစ်သော အရွက်များကို ကြီးအောင် သဘာဝက ဖန်တီပေးထားသည်။ သဲကန္တရကဲ့သို့ ပူပြင်းခြောက်သွေ့သော ဒေသများတွင် သစ်ရွက်များသည် သေးငယ်၍ နည်းပါးစွာ ရှိတတ်သည်။ ရှားစောင်းပင်များမှာ ဆိုလျှင် အပင်တွင်းရှိ ရေငွေ့များ မလွတ်မြောက် နိုင်ရလေ အောင် ထူထဲသော အကာများဖြင့်ပင် ဖုံးလွှမ်းထားပေသေး သည်။ အငွေ့ပျံခြင်း၏ အဓိက အကျိုးထူးတစ်ရပ်မှာ အပူချိန်ကို လျော့ကာ အေးစေသော သတ္တိပင် ဖြစ်သည်။အလွန်ခြောက် သွေ့သော ရာသီတွင် ကျွန်ုပ်တို့၏ အသားအရေသာမက နှာရောအာပါ ခြောက်သွေ့ပြီးလျှင် မိုးရာသီကဲ့သို့ စိုစွတ်သော ရာသီဥတုမျိုးတွင်မူ ကျွန်ုပ်တို့ကိုယ်မှ ထွက်သောချွေးမှာ လျင်မြန်စွာ ခြောက်လွယ်ခြင်း မရှိသည့်အတွက် စေးထိုင်း ထိုင်းနှင့် အနေရခက်တတ်ပုံကို သတိထားမိကြပေလိမ့်မည်။ သို့ရာတွင် ပူအိုက်သော နေ့တစ်နေ့တွင် ချွေးထွက်သော်လည်း ထိုထွက်သော ချွေးမှာ ခြောက်လွယ်ပါက အခါတိုင်း ထက် အနေရ သက်သာအောင် အေးသလိုလို ရှိတတ်လေသည်။ထိုသို့ ဖြစ်ခြင်းမှာ ကိုယ်မှထွက်သောချွေး လွယ်ကူစွာ အငွေ့ ပျံသည့်အတွက် ဖြစ်လေသည်။ တစ်ဖန် လေတိုက်နေမည် ဆိုပါက လေက ချွေးကို ပိုမို လျင်မြန်စွာ အငွေ့ပျံစေသည့် အတွက် ကျွန်ုပ်တို့ ကိုယ်ခန္ဓာသည် သာ၍ပင် အေးလာပေ သေးသည်။ ရေငွေ့ ကနေ အငွေ့ပျံရာတွင် အေးပြီး ကျန်ရစ်ခဲ့ခြင်းမှာ ပျံထွက်သွား သောအငွေ့က အပူကို သယ်ဆောင်သွားသောကြောင့် ဖြစ်၍ လျင်မြန်စွာ အငွေ့ပျံလေလေ ပို၍ အေးလေလေ ဖြစ်လေသည်။ကျွန်ုပ်တို့ လက်ကို ဓာတ်ဆီ၊ သို့မဟုတ် အရက်ပျံနှင့် ဆွတ် လိုက်သောအခါ ရုတ်တရက် အအေးဓာတ်ကို ခံစားရခြင်းမှာ ဓာတ်ဆီနှင့် အရပ်ပျံတို့ အငွေ့ပျံလွယ်သောကြောင့် ဖြစ်ပေ သည်။ အလွန်လျင်မြန်စွာ အငွေ့ပျံလွယ်သော အရည်ဖြစ်က ရေခဲလောက်အောင်အေးသော အအေးဓာတ်ကိုပင် ဖြစ်ပေါ်စေ နိုင်သည်။ ရေခဲစက်များ၌ ရေကိုခဲအောင် ပြုလုပ်ရာတွင် အမ်မိုးနီးယားရည်ကို အငွေ့ပျံစေခြင်းဖြင့် ရေမှ အပူကိုစုပ် ပြီး ခဲသွားအောင် ပြုလုပ်ယူလေသည်။ ဆရာဝန်များ ခွဲစိတ်ရာတွင် တစ်ခါတစ်ရံ အီသာဟုခေါ်သော အရည်တစ်မျိုးကို ထုံဆေး အဖြစ် အသုံးပြုတတ် လေသည်။ ဤသို့ပြုခြင်းမှာ အီသာဆွတ် လိမ်းသောနေရာတွင် အီသာ၏ လျင်မြန်စွာ အငွေ့ပျံမှုကြောင့် နာရမှန်း မသိလောက်အောင် ရုတ်တရက် ထုံသွားနိုင်သည့် အတွက် ဖြစ်လေသည်။။ ပညာရှင်တွေရဲ့အဆိုအရ အခန်းထဲမှာအဝတ်စိုများကိုလှန်းခြင်းကြောင့် ပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အဝတ်စိုတွေကြောင့် အခန်းတွင်း စိုထိုင်းမှုကို ၃၀%အထိတိုးစေပြီး မှိုပေါက်ပွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။ လျှော်ပြီးသားအဝတ်တစ်ဇလုံက ထွက်တဲ့ရေငွေ့က နှစ်လီတာကျော်လောက်ရှိပါတယ်။ဒီနှုန်းက မှိုတွေကို ပေါက်ပွားမှုမြန်စေပြီး ရောဂါဖြစ်ဖို့အလားအလာတွေကို ဖန်တီးပေးနိုင်ပါတယ်။လူအများစုရဲ့ခုခံအားစနစ်က ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိတတ်ပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ ချောင်းဆိုးရောဂါရှိသူတွေအတွက် ပိုဆိုးတဲ့အခြေအနေတွေဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အဝတ်များကို လျှော်တော့မည်ဆိုလျှင် မလျှော်ခင် အဝတ်များကို ရေနွေး၊ ဆား၊ ရှာလကာရည် (သို့) မုန့်ဖုတ်ဆိုဒါ(Breaking soda) တို့ဖြင့် နာရီဝက်ခန့်စိမ်ပါ။ နာရီဝက်ခန့်စိမ်ပြီးပါက အမွှေးဆီ၊ ဆပ်ပြာတို့ဖြင့် အဝတ်လျှော်စက် (သို့) လက်ဖြင့်လျှော်ပါ။ပြီးလျှင် ရေကို ပြောင်စင်အောင်ညှစ်ပါ။ အဝတ်စိုများကို အဝတ်ခြောက်စက်ဖြင့် တစ်အခါတည်း အခြောက်ခံပါ။ ဒါမှမဟုတ် နေပူသည့်နေရာမှာ လှန်းပါ။နေမထွက်လျှင်(သို့)အိမ်ထဲမှာလှန်းလျှင် တစ်ထည်နှင့် တစ်ထည်မထပ်အောင် အရမ်းကပ်မနေအောင် ချိတ်ဖြင့်သေချာလှန်းပါ။ အဝတ်များခြောက်သွားပြီဆိုလျှင် မီးပူတိုက်ပေးပါ။အထက်ပါအချက်လေးတွေနဲ့ အဝတ်များကို လျှော်ဖွတ်မည်ဆိုရင်တော့မိုးရာသီဖြစ်ပေမယ့် မှိုနံ့ကင်းစင်ပြီး မွှေးပျံ့သော အဝတ်များကို ဝတ်ဆင်နိုင်ပါမယ်။အထက်ပါအချက်တွေက မိတ်ဆွေအတွက်လွယ်ပေမဲ့ တကယ်ထိရောက်တဲ့အချက်လေးတွေဖြစ်မှာပါ။ခုခံအားစနစ်အားနည်းသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေ၊ ကင်ဆာရောဂါကုထုံး ခံယူနေသူတွေက မှိုပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောဂါကို ခံစားရဖို့ပိုလွယ်ပါတယ်။ ဒီရောဂါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ပျက်စီးပြီးသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်များက လျှော်ပြီးသားအဝတ်တွေကို အိမ်ခန်းတွင်းမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့အကြံပြုထားတာ ဖြစ်ပါတယ်။ အဝတ်စိုကနေ ဘက်တီးရီးယားတွေလည်း ပေါက်ဖွားစေနိုင်ပါသေးတယ်။ မှိုနံ့စွဲသမျိုး ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပါတယ်။ဘတ်တီးရီးယား (Bacteria) တွေကို လူမှာ ကူးစက်ရောဂါဖြစ်စေတဲ့ အဏုဇီဝပိုးမွှားတွေ အနေနဲ့ လူသိများကြပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပညာပေးမှုတွေမှာ ဒီပိုးမွှားသက်ရှိတွေအကြောင်းကို နာမည်တပ်ပြီး မိတ်ဆက် ပေးလေ့ရှိပါတယ်။Bacteria အားလုံးကို အဏုဇီဝလို့ ခေါ်ပေမယ့်၊ အဏုဇီဝတိုင်းက Bacteria တော့ မဟုတ်ပါဘူး။ ဆိုလိုတာက အဏုဇီဝ ဆိုတာ Bacteria ကို မြန်မာမှုပြုထားတဲ့ ဝေါဟာရ မဟုတ်တာပါ။ကျွန်တော်တို့အနေနဲ့ အရင်ဆုံး Bacteria ဆိုတဲ့ စကားလုံးကို ပြန်ပြီးနောက်ကြောင်းလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်တင်စကားလုံးဖြစ်တဲ့ Bacteria အတွက် မြန်မာမှုပြုထားတဲ့ ဝေါဟာရမရှိတာကြောင့်၊Bacteria ကို မြန်မာလို အသံဖလှယ်ပြီး ဘတ်တီးရီးယားလို့ ရေးသားကြပါတယ်။ သဘာဝလောကထဲမှာဆိုရင် သက်ရှိမျိုးနွယ်တွေက အစဉ်အမြဲပြောင်းလဲ ဖြစ်ပျက်လျက်ရှိပြီး၊ မျိုးနွယ်အဟောင်းကနေ နောက်ထပ် မျိုးနွယ်အသစ်တွေက အခက်အလက်တွေ သဖွယ် အဆင့်ဆင့် ထပ်ပြီးခွဲထွက်နေကြပါတယ်။အမေးရှိရင် အဖြေလည်းရှိပါတယ် . ရောဂါဖြစ်ရင် ဆေးလည်းရှိပါတယ်။ အထက်ကပြောခဲ့သော အရာတွေ ပြုလုပ်ခဲ့ရင် မိမိအတွက်ထိခိုက်စေနိုင်မယ့် အကြောင်းအရာလေးတွေလည်း ပါဝင်သလို ကာကွယ်ပြီး ပြုလုပ်ရမယ့် အကြောင်းလေးတွေလည်း လမ်းညွှန်ထားပါတယ်။ သင်တို့ ဉာဏ်ရှိသလို အသုံးချတက်နိုင်ပါစေ... Written By : Khine Zar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties