By Khine Zar, Shweproperty.com
Updated at 5 January 2021
ကိုဗစ်ကာလကြီးမှာ ပုံမှန်လှုပ်ရှားလုပ်ကိုင်နေတဲ့ လုပ်ငန်းများလိုလို နှောင့်နှေးကြန့်ကြာသွားသော်လည်း အိမ်ခြံမြေစျေးကွက်ကတော့ အေးစက်သွားခြင်းတော့ မရှိခဲ့ပါဘူး။ လက်ငင်းဝယ်ယူမှုများထက် ဘဏ်ချေးငွေနဲ့ ငွေပေးချေမှုပုံစံနဲ့ အရောင်းအဝယ်ပိုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းကဆိုပါတယ်။ ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင်းမှာပင် ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းလေးမြို့နယ်တွင် လုံးချင်းအိမ်ရာ၊ မြေကွက်များ အရောင်းအဝယ်သွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ နေရာတိုင်းလိုလိုမှာတော့ တိုက်ခန်းတွေလည်း အများအပြားရှိနေပြီး လက်ရှိကိုဗစ်ရောဂါကြောင့် တိုက်ခန်းနေ တစ်ယောက်ယောက်ယောက်ကများ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ရင် တိုက်လော့ဒေါင်းကျမှာကို စိုးရိမ်မှုများလာကြပါတယ်။ ထို့အတွက်ကြောင့် မြို့စွန်ရှိ ရပ်ကွက်များမှ မြေကွက်များကို တဖန်လှည့်လာကြတာလည်း ဖြစ်တယ်လို့ အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူများက ယူဆထားကြပါတယ်။ ဒါကြောင့်လက်ရှိမှာ ကွန်ဒိုများ တိုက်ခန်းစျေးကွက်များလည်း ငြိမ်သက်နေတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင်း ဈေးနှုန်းအားဖြင့် သင့်တင့်ပြီး သွားရေးလာရေး လွယ်ကူသည့် မြောက်ဒဂုံ၊တောင်ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ကိုဗစ်ကာလအတွင်း အိမ်ခြံမြေဝယ်လိုအားဆက်လက် မြင့်တက်လျက်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် ဘဏ်တိုးများ လျော့ကျနေချိန် ရွှေဈေး ၊ ဒေါ်လာဈေး၊ ကားဈေးမြင့်တက်လာမှုကြောင့် ငွေပိုငွေလျှံရှိသူများအနေဖြင့် အိမ်ခြံမြေဈေးကွက်ဘက်မှာ ရင်းနှီးမြှုပ်နှံလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှကဆိုပါတယ်။ ပုံမှန်အားဖြင်ဆိုရင် လည်ပတ်နေတဲ့ အိမ်ခြံမြေဈေးကွက်အတွင်းအရောင်းအဝယ်မရှိသလောက် ကျဆင်းခဲ့ပြီးဖြစ်သည်။ သို့သောလည်း ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေနှင့် အရစ်ကျရောင်းဝယ်ကြသော တိုက်ခန်းများအရောင်းအဝယ်ရှိနေခဲ့ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းချူပ်ဥက္ကဌ ဦးခင်မောင်သန်းက ပြောကြားထားပြီးဖြစ်ပါတယ်။ ငွေအကြေစနစ်ဖြင့်ရောင်းဝယ်ကြသော အရောင်းအဝယ်များမှာလည်း ပုံမှန်ဈေးနူန်းများထက် ကျဆင်းနေပြီး ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာရောင်းဝယ်နေကြကြောင်း၊ အချိူ့အိမ်ခြံမြေများမှာ ခေါ်ဈေးထက် ထက်ဝက်ခန့်ထိ ဈေးစစ်ဝယ်ယူမှုများရှိနေကြောင်းလည်း ထပ်မံသိရပါတယ်။ အရောင်းအဝယ်ဖြစ်သော အိမ်ခြံမြေများတွင်လည်း စာချုပ်ချူပ်ဆိုခြင်း၊ ငွေချေလုပ်ငန်းစဉ်များတွင် အချိန်ကြန့်ကြာမှုများနှင့် ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းစဉ်များတွင် ကြန့်ကြာခြင်းများကြောင့် အခက်အခဲများဖြစ်ပေါ်နေသေးတယ်လို့လည်း သိရပါတယ်။ နောက်ဆုံးရ သတင်းများ အလုပ်အကိုင် ၄၅၀၀နီးပါး အလုပ်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ကို MICခွင့်ပြု မန္တလေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ YANGON AMATA SMART AND ECO CITY စီမံကိန်း ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် Photo Credit : kingdomofnews Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties