By ဇေယျာလင်း, Shweproperty.com
Updated at 25 November 2012
မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်များ လှုပ်ခတ်ခဲ့သော်လည်း ရန်ကုန်မြို့တော်၏ တိုက်ခန်း၊ ကွန်ဒို ဈေးကွက်အား ထိခိုက်မှုမရှိဘဲ အရောင်းထက် ငှားရမ်းမှုများ ပိုမိုများ ပြားလာနေကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ကွန်ဒိုတိုက်ခန်းများ၊ လုံးချင်းအိမ်များအား နိုင်ငံခြား သားများက အများဆုံး ငှားရမ်းလာ ကြကြောင်း သိရသည်။ ''မန္တလေး၊ စစ်ကိုင်းဘက်မှာ ငလျင်လှုပ်ခဲ့ပေမယ့် ရန်ကုန်တိုက်ခန်း ဈေးကွက်ကတော့ ပုံမှန်ပါပဲ။ အခု ဆို အရောင်းထက် အငှားပိုသွက် တယ်။ အရင်က တစ်လကို ၁၅ သိန်း၊ ၁၈ သိန်းလောက် ငှားတဲ့အိမ်တွေ အခု သိန်း ၃ဝ၊ ၃၅ သိန်းလောက် ဖြစ်သွားတယ်။ နိုင်ငံခြား ကုမ္ပဏီက အရာရှိတွေ ငှားတာ များပါတယ်။ သူတို့နဲ့ပါလာတဲ့ ရုံးဝန်ထမ်းတွေက စုပြီးတော့ ကွန်ဒိုတွေမှာ ငှားနေကြ တာများပါတယ်''ဟု မဟာမြေ အိမ်ခြံ မြေ အကျိုးဆောင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့မှ ကုမ္ပဏီ အဆင့်မြင့် အရာရှိကြီး များက အများဆုံး ငှားရမ်းနေထိုင်ကြ ခြင်းဖြစ်ကြောင်း သိရသည်။ သာမန် တိုက်ခန်းများထက် ကွန်ဒိုမီနီယမ်များ၊ Resident အ များ အား ငှားရမ်းလိုသူ အထူးများပြား ကာ ငှားရမ်းမည့်အိမ်ပိုင်ရှင်များ နည်း ပါးလာခြင်းတို့ကြောင့်ငှားရမ်းခ နှုန်း ထားများ မြင့်တက်လာရခြင်း ဖြစ် ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
''ဗဟန်း၊ ကမာရွတ်၊ လှိုင်မြို့ နယ်တွေမှာ လုံးချင်းအိမ်တွေ အငှား လိုက်တယ်၊ ၁ sqft ကို ကျပ် ၆,ဝဝဝ ကနေ ၁ဝ,ဝဝဝ လောက်ထိ အငှား ဈေးကွက် ရှိပါတယ်'' ဟု ၎င်းက ပြောသည်။ သိန်းသောင်းချီတန်ဖိုးရှိသော မြေကွက်များ၊ ကွန်ဒိုမီနီယမ်များမှာ အရောင်းအဝယ်အေးပြီး သိန်း ၃,ဝဝဝ မှ သိန်း ၅,ဝဝဝ ကြားရှိ မြေကွက်၊ ကွန်ဒိုများမှာ အရောင်းအဝယ်ဖြစ် ကာ အရောင်းထက် အငှားသွက် လျက်ရှိကြောင်း သိရသည်။
''အရောင်းအဝယ်ကတော့ အေး တယ်လို့ပြောလို့ မရပါဘူး။ သိန်း ထောင်ဂဏန်းလောက်ရှိတဲ့ ကွန်ဒို တွေ၊ မြေကွက်တွေကတော့ အရောင်း အဝယ်ရှိနေပါတယ်''ဟု ၎င်းက ပြော သည်။ သာမန်တိုက်ခန်းများနှင့် မြေညီ ထပ် တိုက်ခန်းများမှာ ဆိုင်ဖွင့်ရန်နှင့် နေထိုင်ရန်အတွက် ငှားရမ်းသူ များ ပြားကြောင်း သိရသည်။
''တိုက်ခန်းထက်စာရင် ကွန်ဒို ကို ပိုကြိုက်ကြတယ်။ ကွန်ဒိုက နည်း ပြီး ငှားမယ့်သူက များတယ်။ မြို့ထဲ ဝန်းကျင်၊ ယောက်လမ်း၊ ဗိုလ်ရာညွန့် လမ်း၊ ချမ်းသာပလာဇာတို့က တိုက် ခန်းတွေလည်း အငှားဖြစ်ပါတယ်'' ဟု ရွှေမင်းသား အိမ်ခြံမြေအကျိုး ဆောင်မှ ကိုနိုင်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း မြို့နယ်များ တွင်သာမက ရှစ်မိုင်၊ ကိုးမိုင်ရှိ တိုက် ခန်းများ၊ ကွန်ဒိုမီနီယမ်များ၊ လုံးချင်း အိမ်များ လူကြိုက်များကာ အငှား သွက်ကြောင်း သိရသည်။
''အထက်ပိုင်းမှာ ငလျင်လှုပ်ခဲ့ ပေမယ့် ရန်ကုန် အိမ်ခြံမြေဈေးကွက် ကတော့ ပုံမှန်အတိုင်းပါပဲ။ ဒီနေ့ ငှားမယ်ဆိုတဲ့ကွန်ဒိုက မနက်ဖြန်ဆို ရင် အငှားဖြစ်တာပဲ။ အခုနောက်ပိုင်း ကွန်ဒိုကနည်းပြီး အငှားများနေတယ်။ ငလျင်လှုပ်တာနဲ့တော့ တိုက်ခန်း၊ ကွန်ဒို ဈေးကွက်ကို ထိခိုက်မှု မရှိပါ ဘူး။ တိုက်ခန်းတွေလည်း ငှားရပါ တယ်''ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များရှိ သာမန် တိုက်ခန်းများမှာ အခန်း အကျယ်အဝန်းပေါ်တွင် မူတည်ကာ အနည်းဆုံး ကျပ်လေးသိန်းခန့်ဖြင့် ငှားရမ်းနေရကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေး ကွက်မှာ နိုင်ငံခြားသားများ ငှားရမ်း နေထိုင်မှု များပြားလာခြင်း၊ ကွန်ဒို မီနီယမ်များ၊ Resident အ များမှာ ဈေးကွက် လိုအပ်ချက်အရ များစွာ နည်းပါးနေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ တိုက်ခန်း၊ အိမ်ရာများ၏ လိုအပ်ချက်များပြား လာခြင်းတို့ကြောင့် အိမ်ခြံမြေဈေး ကွက်တွင် ဈေးနှုန်းများ ထပ်မံမြင့် တက်လာနိုင်ပြီး ၂ဝ၁၃ ခုနှစ်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ အိမ်ခြံမြေဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများထံမှ သိရသည်။
ဝါကျွတ်ကာလဖြစ်ပြီး အိမ်ခြံ မြေဈေးကွက်ကောင်းသည့်အချိန် ဖြစ်နေခြင်းကြောင့်လည်း ကွန်ဒို၊ တိုက်ခန်းများ အငှားဈေးကွက် သွက် နေပြီး အရောင်းအဝယ်ဖြစ်မှုမှာမူ ယခင်နှစ်များထက် လျော့နည်းနေ ကြောင်း ဈေးကွက်အတွင်းမှ သိရှိ ရသည်။
Source : The Trade Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties