By ပြည်သိမ်း, Shweproperty.com
Updated at 17 May 2012
စံပြစက်မှုလယ်ယာတည်ထောင်ရန် သိမ်းယူခဲ့သည့် အရှေ့ဒဂုံရှိဝန်ထမ်းစံပြမြေကွက်များမှာ အရောင်းအဝယ်ကောင်းပြီး ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။အဆိုပါမြေကွက်များကို စီမံကိန်းအတွက်သိမ်းယူပြီးနောက် ရန်ကုန်တိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ကျပ်ငွေ ၁၂,၀၀၀ ပြန်လည်ထုတ်ပေးမည်ဟု ကြေငြာခဲ့သည်။ သို့သော် ယင်းကာလ၌ပင် ပြင်ပဈေးကွက်တွင် မြေကွက်တစ်ကွက်လျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုများရှိခဲ့သည်။ ယင်းကာလမတိုင်မီက အဆိုပါမြေကွက်များသည် တစ်ကွက်ကို ကျပ် ၁၀ သိန်းဝန်းကျင်ရှိသည်။“မသိမ်းတော့ဘူးလို့ သတင်းတွေထွက်ပြီးနောက် အရောင်းအဝယ်ပြန်လိုက်လာတယ်။ အရင်ကထက်လည်း ဈေးပိုရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မဟာမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဒေါ်သန်းသန်းမြ က ဆိုသည်။ ဧပြီလကုန်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်းကြီးချုပ်က အရှေ့ဒဂုံရှိသိမ်းယူးထားသော မြေကွက်ပေါင်း(၈၀၇၉)ကွက်ကို အထောက်အထား ခိုင်ခိုင်လုံလုံပြနိုင်ပါက ပိုင်ရှင်ထံ ပြန်လည်ပေးအပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ယင်းနောက် အဆိုပါမြေကွက်များမှာ ဝယ်လိုအားများလာပြီး ဈေးနှုန်းများလည်း တက်လာသည်။ ထို့အပြင် သန်လျင်၊ ကျောက်တန်း၊ သီလဝါစက်မှုဇုန်အနီး မြေကွက်များမှာ အရောင်းအဝယ်လုပ်ရန်အတွက် မေးမြန်းစုံစမ်းမှုများရှိလာကြောင်း မဏ္ဍိုင်အကျိုးဆောင်မှ ဦးသန်းဦးက ဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံသို့ သွားရောက်စဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေဆုံပြီး သီလဝါစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲသည်။ယခုရက်ပိုင်း မြို့တွင်းသာမန်အိမ်ခြံမြေဈေးကွက်မှာမူ အရောင်းအဝယ်မှာ အနည်းငယ်အေးနေပြီး သိန်း ၃,၀၀၀ အောက် ခြံမြေအချို့သာ အရောင်းအဝယ်ဖြစ်နေကြာင်း ယူနတီအိမ်ခြံမြေအကျိုးဆောင်မှ ကိုဇော်ဇော်ကဆိုသည်။“အငှားတွေကတော့ သင်္ကြန်မတိုင်မိကကလိုကောင်းနေတုန်းပဲ” ဟု ကိုဇော်ဇော်ကရှင်းပြသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ပြည်ပမှ ရင်နှီးမြှုပ်နှံလိုသည့် စီပွားရေးလုပ်ငန်းရှင်များသည် ကိုယ်စားလှယ်များလွှတ်၍ ပြည်တွင်းအခြေအနေများကို စုံးစမ်းကြသည်။ ယင်းတို့သည် လုံးချင်းအိမ်များ၊ ကွန်ဒိုများငှားပြီးနေထိုင်၍ လေ့လာမှုများရှိသည်။ သို့သော် ပမာဏမများကြောင်း သိရသည်။အငှားများမှာ လုံးချင်းအိမ် သိန်းသုံးဆယ်မှ ဆယ်သိန်းကြား၊ ကွန်ဒိုများ ၈ သိန်းမှ ၁၅ သိန်းကြား ငှားရမ်းမှုများရှိကြောင်း သိရသည်။Source: 7 Day News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties