By kumudra, Shweproperty.com
Updated at 13 August 2014
ဒဂုံအရှေ့ မြေကွက်တွေ ကုန်းတွင်းဆိပ်စီမံကိန်း ကြောင့် ဇူလိုင်လလယ်ဝန်းကျင်က ရက်ပိုင်းအတွင်း သိန်းရာဂဏန်းအထိ ဈေးအဆမတန်မြင့်တက်ခဲ့ပေမဲ့ သည်လထဲမှာတော့အဝယ်ပြန်အေးသွားတယ်တယ်လို့ သိရပါတယ်။
ဇာမဏီအကျိုးဆောင်မှ ဦးကျော်စွာက ' စီမံကိန်းလုပ်မယ် စကြားတုန်းကမြေဈေး တစ်ရက်တည်းနဲ့ကို မနက်နဲ့ည သိန်း၂၀ကျော်ဈေးမြင့်လာတာ၊ လမ်းမတန်းတွေမှာဆိုရင် သိန်း၁၀၀၀ နီးပါးထိကိုဈေးခေါ်လာကြတယ်၊ အခုက တင်ဒါခေါ်တဲ့ကိစ္စက ဘာမှမစသေးတော့ တက်ဈေးနဲ့ပဲ အဝယ်အေးသွားတယ် ' လို့ ပြောပါတယ်။
ဒဂုံအရှေ့ပိုင်းမှာစီမံကိန်းတွေ၊ စက်မှုဇုန်သစ်တွေ ဖော်ဆောင်မယ့် သတင်းတွေကြောင့် မြေကွက်ဈေးတွေ အဆမတန် ဈေးမြင့်လာပါတယ်။' အဆမတန်ဈေးတွေ ခေါ်နေကြတာပဲ၊ ဒါပေမဲ့ ဝယ်တဲ့သူမရှိဘူးဖြစ်နေတယ်၊ ရက်ပိုင်းပဲရှိသေးတယ်၊ အရောင်းအဝယ်ပြန်အေးသွားတာ၊ လက်ရှိဈေးကွက်ထဲမှာတော့ သိန်း၁၀၀ဝန်းကျင်အကွက်တွေပဲ အရောင်းအဝယ်ဖြစ်နေတယ် ' လို့ ဒဂုံသီးသန့် အကျိုးဆောင်မကေသီကပြောတယ်။
ဒဂုံအရှေ့၁၂၆၊၁၂၉၊၁၃၅ စတဲ့ရပ်ကွက်တွေရှိ အတွင်းကွက်တွေရဲ့ ဈေးနှုန်းက ပေ၄၀ x ပေ၆၀ အကျယ်ကို ကျပ်သိန်း၃၀၀ ဝန်းကျင်ရှိပြီး လမ်းမတန်းမြေကွက် တွေက ကျပ်သိန်း ၉၀၀ ကျော်ရှိတယ်လို့သိရပါတယ်။စီမံကိန်းမဖြစ်သေးတာနဲ့ ခေါ်ဈေးတွေ မြင့်ပြီး ဝယ်သူပြန်နည်းသွားတာလို့ အကျိုးဆောင်အချို့ ကသုံးသပ်ကြပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties